ဟီလာရီ ကလင်တန် ခရီးစဉ် သတင်းယူခွင့် တင်းကြပ်စွာကန့်သတ်ထား

ဟီလာရီ ကလင်တန် ခရီးစဉ် သတင်းယူခွင့် တင်းကြပ်စွာကန့်သတ်ထား မိုးမခ အထောက်တော်၊ ရန်ကုန်နိုဝင်ဘာ၂၇၊၂၀၁၁လာမည့်အင်္ဂါနေ့တွင်မြန်မာနိုင်ငံသို့လာရောက်မည့်အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဟီလာရီ ကလင်တန်၏ ခရီးစဉ်အတွင်းလိုက်ပါသတင်းယူမည့်ပြည်တွင်းသတင်းထောက်များ အရေအတွက် ကန့်သတ်ထားသည့်ပြင်ကိုယ်ရေးရာဇ၀င်နှင့် ဓါတ်ပုံလေးပုံကိုလည်း ယနေ့ညနေ နောက်ဆုံးထား၍စာပေစိစစ်ရေးသို့ တင်ပြရမည်ဟု ပြည်တွင်းသတင်းထောက်များကပြောသည်

ဒေါ်အောင်ဆန်းစုကြည်၏ ဗီနိုင်းပုံနှင့် တီရှပ်များ ၀ယ်ယူနှုန်း နှစ်ဆမြင့်တက်

နိုင်ငံတော်သမ္မတအသစ် ပြောင်းလဲပြီးနောက်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဗီနိုင်းပုံများ နှင့်တီရှပ်များကို အထက်ဗမာပြည် အောက်ဗမာပြည်ရှိ ပြည်သူအချို့သည် အန်အယ်လ်ဒီအဖွဲ့ချုပ်ရုံးသို့ လာရောက်ဝယ်ယူနှုန်းမှာ နှစ်ဆခန့်မြင့်တက်လာကြောင်း သိရှိရသည်။

အာဏာရှင်ဟောင်း ဦးသန်းရွှေ “အမှန်တကယ် အနားယူပါပြီ”

ဦးသန်းရွှေသည် အုပ်ချုပ်ရေးရာထူးတွင် မရှိတော့ကြောင်း မြန်မာ ထိပ်တန်း ခေါင်းဆောင်တဦးက သောကြာနေ့တွင်ပြောလိုက်သည်။
“ဗိုလ်ချုပ်မှူးကြီးက အမှန်တကယ် အနားယူပါပြီ” ဟု အောက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက နေပြည်တော်ရှိ လွှတ်တော်အစည်းအဝေး နောက်ဆုံးနေ့တွင် သတင်းထောက်များကို ပြောသည်။

မြန်မာ့အရေး အမေရိကန်နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ နည်းလမ်း NLD ဆွေးနွေးမည်

မြန်မာနိုင်ငံကို လာရောက်မယ့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ ဒီဇင်ဘာလ ၂ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ သွားရောက် တွေ့ဆုံမယ်လို့ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက အတည်ပြု ပြောကြားပါတယ်။

နိုင်ငံရေးအကျဉ်းသား ကိုဒီငြိမ်းလင်း လွတ်ငြိမ်းချမ်းသာခွင့် မမျှော်လင့်

မုံရွာထောင်မှာ ထောင်ဒဏ် ၁၅ နှစ် ချမှတ် ထိန်းသိမ်းခံထားရတဲ့ ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ၂ဝဝ၇ မျိုးဆက်ခေါင်းဆောင် ကိုဒီငြိမ်းလင်းက အစိုးရအနေနဲ့ သူ့ကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ပြီး လွတ်ငြိမ်းချမ်းသာ ခွင့်နဲ့ လွှတ်ပေးမယ်ဆိုတဲ့ မျှော်လင့်ချက် မရှိကြောင်း မိခင်ဖြစ်သူကို ပြောပြပါတယ်။

မြန်မာနဲ့ ပူးပေါင်းပြီး ရေနံတူးဖော်ရေး ဘင်္ဂလားဒေ့ရှ် ဆန္ဒပြင်းပြ

ဘင်္ဂလားဒေ့ရှ နိုင်ငံဟာ မြန်မာနဲ့ ပူးပေါင်းပြီး ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ဖို့ ဆန္ဒပြင်းပြနေ သလို မြန်မာ့ သဘာဝဓာတ်ငွေ့ကို လည်း ဝယ်ယူဖို့ စိတ်အား ထက်သန်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဖာရပ်ခန်း (Faruk Khan) က ပြောဆိုလိုက်ပါတယ်။

ဂျပန် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို ရှေ့လကုန် သွားဖို့ စဉ်းစား

ဂျပန် နိုင်ငံခြားရေးဝန်ကြီး ကိုအိချိရို ဂန်ဘ (Koichiro Genba) က မြန်မာနိုင်ငံကို ဒီဇင်ဘာ လကုန်ပိုင်းလောက် မှာ သွားရောက်လည်ပတ်ပြီး သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် ထပ်မံတွေ့ဆုံဖို့ ဦးစိန်လှဦး တိုက်တွန်း

နိုင်ငံရေး အကျဉ်းသားဟောင်းနဲ့ အင်န်အယ်လ်ဒီ ခေါင်းဆောင်ဟောင်း စာရေးဆရာ ဦးစိန်လှဦးက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဆောင်ရွက်ချက် တွေကို ကြိုဆိုလိုက်ပြီး သူ လက်ရှိ ပါဝင်နေတဲ့ NDF ပါတီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်း ဆောင်ရွက်လိုကြောင်း ပြောကြားလိုက်ပါတယ်။

တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးခင်ဇော်ကို ရာထူးက ဖယ်ရှား

မြန်မာစစ်အစိုးရ လက်ထက် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး) တဦး ဖြစ်ခဲ့သူ ဒု-ဗိုလ်ချုပ်ကြီးဟောင်းခင်ဇော် ဟာ ၂ဝ၁ဝ ရွေးကောက်ပွဲ နောက်ပိုင်း တနင်္သာရီ တိုင်းဒေသ ဝန်ကြီးချုပ် ဦးခင်ဇော် ဖြစ်လာခဲ့ပြီး အာဏာ အလွဲသုံးစားလုပ်မှု၊ လာဘ်စားမှုတွေနဲ့ ရာထူးက ဖယ်ရှားခံလိုက်ရပြီလို့ သိရပါတယ်။

HIV ကူးစက်ခံ မိဘမဲ့ ကလေးတွေအတွက် ပျော်ပွဲရွှင်ပွဲ ကျင်းပ

HIV ကူးစက်ခံ မိဘမဲ့ ကလေးတွေကို ပြုစု စောင့်ရှောက်ပေးနေတဲ့ ‘သုခရိပ်မြုံ’ နဲ့ ‘World Vision’ တို့ ပူးပေါင်းပြီး ကလေးသူငယ်များ အခွင့်အရေး ကာကွယ်ရေးစာချုပ် ချုပ်ဆိုတဲ့ အထိမ်းအမှတ်နေ့ အဖြစ် ကန်တော်ကြီး ဗိုလ်ချုပ်ကြေးရုပ်ကျွန်းမှာ ကလေးများအတွက် ပျော်ပွဲရွှင်ပွဲ  ကျင်းပပါတယ်။

ပါတီဝင်သစ် လက်ခံဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြင်ဆင်

အသစ် ပြန်လည်ဖွဲ့စည်းမယ့် NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ပါတီဝင် စုစည်းရေးအတွက် အဖွဲ့ဝင်သစ် ပုံစံနဲ့တကွ လက်ခံဖို့ NLD ဖွဲ့စည်းတည်ထောင်သူတွေ ပြင်ဆင်နေပြီလို့ သိရပါတယ်။

KNU နဲ့ အစိုးရ အပစ်ရပ်မယ့်သတင်း မမှန်သေး

KNU ကရင်အမျိုးသား အစည်းအရုံးဟာ အစိုးရနဲ့ ဆွေးနွေးမှုမှာ သဘောတူညီမှုတွေ ရလို့ မကြာခင် အပစ်ရပ်တော့မလို သတင်းတွေ ထွက်ပေါ်နေတာ မဟုတ်မမှန်ကြောင်း KNU ဌာနချုပ်က နိုဝင်ဘာ ၂၄ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန် ငြင်းဆိုလိုက်ပါတယ်။

ကချင်ပြည်နယ် စစ်ပြေးဒုက္ခသည် နာရေးကူညီမှုအသင်း ကူမယ်

ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည် တွေအတွက် ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာဟောင်း ဦးကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) က ကျပ်ငွေ သိန်း ၂ဝဝ သွားရောက် ကူညီမယ်လို့ သတင်း ရပါတယ်။

ဝန်ကြီးကလင်တန်သို့ တိုင်းရင်းသားမဟာမိတ် အိတ်ဖွင့်ပေးစာ

မြန်မာနိုင်ငံက ပြောင်းလဲမှုတွေဟာ တိုင်းရင်းသားပြည်သူတွေ လက်ခံနိုင်လာက်တဲ့ အခြေအနေကို မရောက်သေးဘူးလို့ တိုင်းရင်းသားအဖွဲ့တွေက ဆိုပါတယ်။

တိုင်းရင်းသားရေးရာဝန်ကြီးများ လုပ်ပိုင်ခွင့် အခြေခံဥပဒေခုံရုံး ကြားနာမည်

တိုင်းရင်းသားရေးရာဝန်ကြီးတွေရဲ့ လုပ်ပိုင်ခွင့်ပြင်ဆင်ပြဌာန်းပေးဖို့ တင်ပြထားတဲ့ကိစ္စ နေပြည်တော်က အခြေခံဥပဒေခုံရုံးမှာ ကြားနာဖို့ရှိပါတယ်။

ကချင်စစ်ပြေးဒုက္ခ စာပေ အနုပညာသမားများ စာနာ

ကချင်ပြည်နယ်တွင်းက စစ်ပြေးဒုက္ခသည် ကလေးငယ်တွေကို ကူညီအားပေးနိုင်မယ့် လှုပ်ရှားမှုတစ်ခုကို မန္တလေးမြို့မှာ စတင်လုပ်ဆောင်နေကြပါတယ်။




ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် အကျဉ်းသားများရှိနေပါက ၎င်းတို့ကို ဆူပူမှု၊ အုံကြွမှု  အတွက်မပါဘဲ နိုင်ငံရေးကြောင့်ဆိုပါက အထူးကိစ္စတစ်ရပ် အနေဖြင့် စဉ်းစားပေးနိုင်ကြောင်း  ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက နိုဝင်ဘာလ ၂၅ ရက်နေ့က ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။


တရားဥပဒေ စိုးမိုးရေးကို စိန်ခေါ်နေသည့် မင်းမဲ့စရိုက်ဆန်ဆန် လူသိထင်ရှား မှုခင်းဖြစ်စဉ်များ ရန်ကုန်မြို့တွင် ဖြစ်ပေါ်လျက်ရှိပြီး အများပြည်သူ အာရုံစိုက်နေသည့် ယင်းကဲ့သို့သော မှုခင်းဖြစ်စဉ်များနှင့် ပတ်သက်၍ ဖြစ်ပေါ် တိုးတက်မှုများ နှင့် အများပြည်သူ သိသင့်သိထိုက်သည်များကို မီဒီယာများမှ တစ်ဆင့် ထုတ်ပြန် အသိပေးသင့်ကြောင်း ရန်ကုန်မြို့ခံများက သုံးသပ်ပြော ကြားကြသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက် နေ့က ရန်ကုန်မြို့လယ် ပန်းဘဲတန်း မြို့နယ်တွင် စတင်ခဲ့ပြီး ပုဇွန်တောင် မြို့နယ်တွင် ဖြစ်ပွားခဲ့သော မှုခင်း ဖြစ်စဉ်တစ်ခုနှင့် နိုဝင်ဘာလ ၁၇ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့သော မှုခင်းဖြစ်စဉ် တို့မှာ ရန်ကုန်မြို့ခံများ အကြားတွင် အာရုံစိုက်ခြင်းခံရသော မှုခင်းဖြစ်စဉ်များ ဖြစ်သည်။





ပုဂ္ဂလိက ကျန်းမာရေး ၀န်ဆောင်မှု အရည်အသွေး အားနည်းမှုကြောင့် အများပြည်သူ ထိခိုက်နစ်နာစေသော ဖြစ်ရပ်များဖြစ်ပေါ်နေပြီး ပုဂ္ဂလိက ကျန်းမာရေးဝန်ဆောင်မှု အရည်အသွေးကို ယခုထက်မြှင့်တင်ရန် လိုအပ်နေသည်ဟု ပြည်သူများနှင့် ကျန်းမာရေး အသိုင်းအ၀ိုင်းက သုံးသပ်မှုများရှိ နေပါသည်။

Lwin Pwin

0 comments:

Post a Comment