မြန်မာသတင်းများ  ဇူလိုင် ၁၈၊ ၂၀၁၂

အာဇာနည်နေ့ အခမ်းအနားတွေ ပိတ်ပင်ခံနေရ

မြန်မာနိုင်ငံတ၀ှမ်းမှာ ဇူလိုင်လ ၁၉ ရက်နေ့ ကျင်းပမယ့် ၆၅ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ချီတက်အလေးပြု လွမ်းသူ့ပန်းခွေချမယ့် အစီအစဉ်တွေကို အာဏာပိုင်တွေက တားဆီး ပိတ်ပင်နေတယ်လို့ သတင်းရရှိပါတယ်။

ကမ္ဘာ့အကျိုးဆောင်နိုင်ငံသားဆု လက်ခံဖို့ ဒေါ်စု နယူးယောက် လာမည်
 
ဒေါ်အောင်ဆန်းစုကြည်ဟာ နယူးယောက်အခြေစိုက် Altlantic Council ကချီးမြှင့်တဲ့ Global Citizenship Award ကမ္ဘာ့အကျိုးဆောင် နိုင်ငံသားဆုကို လက်ခံယူဖို့ အမေရိကန်ပြည်ထောင်စုကို လာမယ့် စက်တင်ဘာ လမှာ လာရောက်ဖို့ရှိနေပါတယ်။ ကမ္ဘာ့အကျိုးဆောင်နိုင်ငံသားဆုဟာ မိမိရဲ့ဒေသ လူ့အသိုင်းအ၀ိုင်းကိုသာ မက နိုင်ငံတကာက လူအဖွဲ့အစည်းအတွက်ပါ ထူးထူးချွန်ချွန်ဆောင်ရွက်သူတွေကိုပေးတာမို့၊ ဒီဆု ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကွက်တိကိုက်ညီမှုရှိတယ်လို့ ဒီဆုပေးတဲ့ Altlantic Council ရဲ့ ဥက္ကဋ္ဌဖြစ် သူက ပြောပါတယ်။ အခု တတိယအကြိမ်ပေးအပ်တဲ့ Altanlic Council ရဲ့ Global Citizenship Awards မှာ အမျိုးသမီး နှစ်ဦး ပါဝင်ပါတယ်။ တဦးက မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပြီး နောက်တဦးကတော့ ဂျပန် လူမျိုး ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Sadako Ogata ဖြစ်ပါတယ်။ ဒီနှစ်မှာ လေးဦး ချီးမြှင့်ခံ ရတဲ့အထဲ ကျန်နှစ်ဦးကတော့ နိုဗယ်ဆုရှင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်ဂျားနဲ့ အမေရိကန်ဂီတပညာရှင်လည်းဖြစ်၊ လူသားချင်းစာနာကူညီမှုလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ဆောင်ရွက်နေသူလည်းဖြစ်တဲ့ Quincy Jones ဖြစ်ပါတယ်။ ဒီဆုဟာ Atlantic Council ရဲ့ မျှော်မှန်းထားချက်တွေအတွက် ဖန်တီးထားတဲ့ အမြင့်ဆုံးဆုဖြစ်တယ်လို့ ဒီအဖွဲ့ရဲ့ဥက္ကဋ္ဌလည်းဖြစ် (CEO) အကြီးအကဲလည်းဖြစ်သူ Frederick Kempe က ပြောပါတယ်။အရင်တုန်းကတော့ ဒီဆုကို ရရှိဖူးသူတွေထဲမှာတော့ IMF နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ စီမံခန့်ခွဲမှု ဆိုင်ရာညွန်ကြားရေးမှူး ခရစ်စတင်း လာဂါ့ဒ်၊ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်ကယ်ရီ၊ လုပ်ကြံခံခဲ့ရ တဲ့ လစ်ဘနွန်ဝန်ကြီးချုပ်ဟောင်း Rafik Hariri တို့ ရရှိခဲ့ဖူးပါတယ်။ ဆု ချီးမြှင့်ခံရသူတွေဟာ ကမ္ဘာ့လူ သားတွေအတွက် အားကျ ဂုဏ်ယူစရာ အောင်မြင်မှုရသူတွေဖြစ်တယ်လို့ Kempe က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို လွတ်မြောက်မှု၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးအတွက် နိုင်ငံတကာရဲ့ စံပြုပုဂ္ဂိုလ်တဦး အဖြစ် ဆုချီးမြှင့်ခဲ့သလို ဒီနှစ်မှာ ဆုချီးမြင့်ခံရသူ နောက်ထပ် အမျိုးသမီးတဦးဖြစ်တဲ့ ကုလ ဒုက္ခသည်များဆိုင် ရာ အကြီးအကဲဟောင်း အိုဂါဒါကိုတော့ ကမ္ဘာမှာ ဒုက္ခတွေ အကြုံတွေ့ရဆုံး လူသားတွေအတွက် ရပ်တည်ပြော ဆိုမှု၊ လူ့အခွင့်အရေးအတွက် ရပ်တည်ကာကွယ်မှုတွေအတွက် အသိအမှတ်ပြု ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ ဒီ ဆုဟာ မိမိလူမှုအသိုင်းအ၀ိုင်းအတွက်သာမက ကမ္ဘာ့မိသားစု အသိုင်းအ၀ိုင်းအတွက်ပါ ရပ်တည် ဆောင်ရွက်ခဲ့ သူတွေကို ချီးမြင့်တဲ့ဆုဖြစ်တယ်လို့ Kempe က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ပြည်ထောင်စုကို လာရောက်စဉ် မြို့တော် ၀ါရှင်တန် ဒီစီကိုလည်း လာ ရောက်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ပြည်ထောင်စုမှာ အမြင့်ဆုံး ဆုတဆုဖြစ်တဲ့ Congressional Gold Medal ဆုကိုလည်း ၂၀၀၈ ခုနှစ်မှာ ချီးမြှင့်ခံခဲ့ရတာပါ။ အခုလာမယ့် စက်တင်ဘာ ခရီးစဉ်အတွင်း ၀ါရှင်တန်ဒီစီကိုလာပြီး ဒီဆု လာရောက် လက်ခံယူဖို့ရှိမယ်လို့ ကွန်ဂရက် တာဝန် ရှိသူတွေက ပြောဆိုတယ်လို့ AFP သတင်းမှာ ရေးသားပါတယ်။ အမေရိကန်နိုင်ငံခြားရေး ဌာနကလည်း ဒေါ် အောင်ဆန်းစုကြည်လာရောက်မယ့် ခရီးစဉ်ကို ကြိုဆိုပြီး တကယ်လို့ သူ ရောက်လာခဲ့မယ် ဆိုရင် နှစ်နိုင်ငံ အပြန်အလှန် ဆွေးနွေးမှုတွေ ရှိမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောပါတယ်။ ဒါ့အပြင် ကုလ သမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာပြည်ရောက်စဉ်ကလည်း ဒေါ်အောင်ဆန်းစုကြည် ကို ဖိတ်ကြားခဲ့တာ ရှိတော့ အမေရိကန်လာရောက်စဉ် ကုလသမဂ္ဂကိုလည်း ဒေါ်အောင်ဆန်းစုကြည် လာရောက်မယ်လို့ မျှော်လင့် တဲ့အကြောင်း ကုလ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရသူ တဦးကပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ပြီးခဲ့တဲ့နှစ်ဆုရှင် IMF အကြီးအကဲ ခရစ်စတင်း လာဂါ့ဒ်က ချီးမြှင့်ပေးမှာ ဖြစ် ပါတယ်။ လာမယ့် စက်တင်ဘာလ ၂၁ ရက်နေ့၊ နယူးယောက်မှာလုပ်မယ့် အဲဒီ ဆုချီးမြှင့်ပွဲကိုတော့ ကမ္ဘာ့ခေါင်းဆောင်တွေ သံတမန်တွေအတော်များများ တက်ရောက်ဖွယ်ရှိတယ်လို့ သိရပါတယ်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် အထက်လွှတ်တော်အမတ် Mitch McConnell တို့သည် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများနှင့် ပတ်သက်၍ ဇူလိုင် လ ၁၆ ရက်နေ့တွင် ဖုန်းဖြင့်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

 
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် အမေရိကန် စီးပွားကုန်သွယ်ရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ ဒုတိယ၀န်ကြီး Mr.Robert Hormats တို့ ဇူလိုင်လ ၁၄ရက်နေ့တွင် တွေ့ဆုံခဲ့ကြပြီး မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့အရေးယူမှုများ လုံးဝသက်တမ်းမတိုးရန် တိုက်တွန်းခဲ့ကြောင်း ဇွန်လ ၁၆ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

သမ္မတနဲ့ နိုင်ငံရေးဆယ်ပါတီ တွေ့ဆုံမည်

ဒီမိုကရေစီ မိတ်ဆွေပါတီများ ဆယ်ပါတီအဖွဲ့နဲ့ သမ္မတဦးသိန်းစိန်တို့ဟာ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံကြဖို့ ရှိနေပါတယ်။သမ္မတနဲ့ အတိုက်အခံနိုင်ငံရေးပါတီတွေ ပထမဆုံးအကြိမ်တွေ့ဆုံကြမယ့် ဒီတွေ့ဆုံမှုမှာ စီးပွားရေး၊ နိုင်ငံရေး နဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စရပ်တွေကို တင်ပြသွားမယ်လို့ တွေ့ဆုံမယ့်အထဲမှာ ပါဝင်တဲ့ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေက ပြောပြပါတယ်။
ဒီတွေ့ဆုံပွဲကိုတက်ရောက်မယ့် ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးပါတီကတော့ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေအတွက် အကြံပြု တင်ပြဖို့ စီစဉ်ထားသလို စီးပွားရေးနဲ့ ဆက်စပ်နေတဲ့ အလုပ်သမား၊ လယ်သမား ပြဿနာတွေကိုလည်း ကဏ္ဍအလိုက် တင်ပြကြမှာဖြစ်တယ်လို့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ က အထွေထွေ အတွင်းရေးမှူး ဦးမျိုးညွန့်က ပြောပါတယ်။ဒီမိုကရေစီမိတ်ဆွေ ပါတီများ ဆယ်ပါတီအဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင် ခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေဖြစ်ပြီး ဒီအဖွဲ့မှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အမျိုးသား ဒီမိုရေစီအဖွဲ့ချုပ် ပါတီတော့ မပါဝင်ပါဘူး။

တိုင်းနှင့်ပြည်နယ် အစိုးရများ လုပ်ပိုင်ခွင့် တိုးပေးရေးအဆို တင်သွင်းထား

တိုင်းနှင့်ပြည်နယ် အစိုးရအဖွဲ့တို့၏ လုပ်ပိုင်ခွင့်များ တိုးပေးရေး အဆိုကို ပြည်ထောင်စု လွှတ်တော်သို့ ဇူလိုင်လ ၁၃ ရက်နေ့က တင်သွင်းထားကြောင်း တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ပူးပေါင်းကော်မတီ အတွင်းရေးမှူးများက ဆိုသည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်တဲ့အခါ ဒါကို ထည့်သွင်းစဉ်းစားနိုင်ဖို့အတွက် ပြည်ထောင်စု လွှတ်တော်က မှတ်တမ်း တင် ထားရှိဖို့အဆို ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဇယား-၁ ကနေ ဇယား-၂ ကို ရွှေ့ဆိုင်းပေးဖို့ပါ။ သဘော ကတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို အခုထက်ပိုပြီး လုပ်ပိုင်ခွင့်တွေ တိုးပေးဖို့ပေါ့” ဟု ကော်မတီ အတွင်းရေးမှူး တဦးဖြစ်သည့် ဒေါ်ဒွဲဘူက ပြောသည်။

အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့မှ အသီးသီးဖွဲ့စည်းထားသည့် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ နှစ်ရပ်သည် မေလ ၂၁ ရက်နေ့မှ ဇွန်လ ၁၁ ရက်နေ့ထိ တိုင်းနှင့်ပြည်နယ်များ သို့ လေ့လာ ကွင်းဆင်းခဲ့ကြသည်။ထိုလေ့လာတွေ့ရှိချက်များအရ ပြည်ထောင်စုလွှတ်တော်သို့ အဆို ၁၄ ခုကို တင်သွင်းထားခဲ့ပြီး မေးခွန်း ၃ ခုကို
ပြင်ဆင်နေသည်ဟု ကော်မတီ အတွင်းရေးမှူးတဦး ဖြစ်သည့် ဦးခက်ထိန်နန်က ပြောသည်။

“ကော်မတီဝင်တွေကို ဘယ်သူက ဘာခေါင်းစဉ်နဲ့ ဆွေးနွေးရမယ်ဆိုပြီး ခွဲတမ်းတာဝန်ပေးထားတယ်” ဟု ပြောသည်။

ထိုအဆိုများမှာ ကော်မတီ၏ လေ့လာရေးခရီးစဉ်အတွင်း သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်အစိုးရများ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ အပစ်ရပ် လက်နက်ကိုင်အဖွဲ့များ၊ လူမှုရေး အဖွဲ့အစည်းများ၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုကော်မတီများ၊ ဒေသခံ ပြည်သူများ၏ တင်ပြချက်များ ဖြစ်သည်ဟု ၎င်းက ဆိုသည်။
တင်ပြထားပြီး အဆိုများမှာ တိုင်းနှင့် ပြည်နယ်အစိုးရများ၏ ရပိုင်ခွင့် လုပ်ပိုင်ခွင့်၊ တိုင်းရင်းသား စာပေ၊ တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု အနုပညာ၊ ယုံကြည် ကိုးကွယ်ရာဘာသာ သာသနာ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ တိတိကျကျ ပြဋ္ဌာန်းပေးရေး၊ ပြည်ထောင်စုအဆင့်တွင် တိုင်းရင်းသား ဝန်ကြီးတဦးနှင့် ဝန်ကြီးဌာန ဖွင့်လှစ်ပေးရေးကိစ္စနှင့် ငြိမ်းချမ်းရေးကိစ္စများနှင့် ပတ်သက်သည့်အဆိုများ တင်ပြထားခြင်းဖြစ်ကြောင်း ကော်မတီ အတွင်းရေးမှူးများက ဆိုသည်။

လယ်သမားတွေကို ဆန္ဒပြခွင့်ပြု

ဒဂုံမြို့သစ် (ဆိပ်ကမ်းမြို့နယ်) က လယ်ယာမြေ အဓမ္မ သိမ်းယူခံထားရတဲ့ လယ်သမားတွေကို သက်ဆိုင်ရာက ဆန္ဒပြခွင့် မနေ့က ပေးလိုက်ပြီလို့ သိရပါတယ်လူ (၉၀၀) ကျော် ပါဝင်ဆန္ဒပြဖို့ လျှောက်ထားခဲ့ပေမယ့် လူ (၃၀၀) ကျော်လောက်ပဲ ခွင့်ပြုချက် ရရှိခဲ့တယ်လို့ ဒီဆန္ဒပြပွဲကို ဦးဆောင်မယ့် ရှေ့နေဦးဖိုးဖြူက ပြောပါတယ်။
"၁၇ ရက်နေ့ မနက် ၁၀ နာရီ ၄၅ လောက်မှာ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ ဆန္ဒပြခွင့် လိုင်စင်ကို ထုတ်ပေးလိုက်တယ်။ ဥပဒေအခေါ် အရတော့ ခွင့်ပြုမိန့်ကို ထုတ်ပေးလိုက်တယ်။ လယ်သမားတွေ လျှောက်ထားတာက လူကိုးရာနဲ့ ဆန္ဒပြခွင့်ကို လျှောက်ထားတယ်။ မြို့နယ်ရဲတပ်ဖွဲ့မှူးက စစ်တာပြုတာနဲ့ နောက်ဆုံး လူ ၃၀၆ ဦးပဲ တင်ကျန်တော့တယ်"
လာမယ့်ဇူလိုင် (၂၀) ရက်နေ့ မနက် (၁၁) နာရီကနေ နေ့လည် (၁) နာရီအထိ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဦးအောင်သန်းဦးပိုင်တဲ့ ပင်လယ်ကိုးသွယ် ကုမ္ပဏီရှေ့မှာ ဆန္ဒပြကြမှာ ဖြစ်တယ်လို့ သိရတယ်။ဒဂုံမြို့သစ် (ဆိပ်ကမ်းမြို့နယ်) က လယ်ယာမြေ အဓမ္မ သိမ်းယူခံထားရတဲ့ လယ်သမားတွေ သူတို့ရဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိရေး အပါအ၀င် နိုင်ငံတ၀ှမ်းမှာ သိမ်းယူခံထားရတဲ့ လယ်ယာမြေတွေ ပြန်လည် ခွဲဝေပေးရေးဆိုင်ရာ ဥပဒေ တရပ် အမြန်ဆုံး ပေါ်ပေါက်ရေးအတွက် ဒီဆန္ဒပြပွဲမှာ တောင်းဆိုသွားမှာ ဖြစ်တယ်လို့လည်း ဦးဖိုးဖြူက ပြောပါတယ်။ ဒဂုံမြို့သစ် (ဆိပ်ကမ်းမြို့နယ်) အတွင်း လယ်ယာမြေ ဧက တစ်သောင်းကျော်ကို ကုမ္ပဏီ (၁၆) ခုက သိမ်းယူထားတယ်လို့ သိရပါတယ်။
ဒီအတောအတွင်း လယ်ယာမြေ (၅၆၅) ဧက အသိမ်းခံထားရတဲ့ လပွတ္တာမြို့နယ် ညောင်လိမ်ကျေးရွာနဲ့ သဲဖြူကုန်း ကျေးရွာက တောင်သူလယ်သမား (၁၅၆) ဦးကလည်း လာမယ့် ဇူလိုင် (၂၄) ရက်နေ့မှာ လပွတ္တာမြို့နယ် သကျမဟာရစိန် ဆုတောင်းပြည့်ဘုရား ရှေ့ကွင်းအတွင်းမှာ သူတို့ရဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိရေးအတွက် တောင်းဆို ဆန္ဒပြဖို့ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းမှာ ဒီကနေ့ စာတင်လိုက်တယ်လို့ တောင်သူ လယ်သမားအရေး ကူညီဆောင်ရွက်နေတဲ့ ရှေ့နေ ဦးဖိုးဖြူက ပြောပြပါတယ်။

ထိုင်း PTT မြန်မာ စွမ်းအင်ကဏ္ဍ၌ ဒေါ်လာ ဘီလီယံချီ မြှုပ်နှံမည်

ထိုင်းနိုင်ငံ စွမ်းအင်ကုမ္ပဏီ(PTT)က မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတချို့တွင် ဒေါ်လာ ၂ – ၃ ဘီလီယံ ခန့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် စီစဉ်နေကြောင်း သိရသည်။ ကျောက်မီးသွေးတွင်း နှင့် လျှပ်စစ်ဓာတ်အားပေး စက်ရုံ အပါအ၀င် တရက်လျှင် ပေပါ ၁၅၀၀၀၀ ခန့်ထွက်ရှိသော စွမ်းအင်လုပ်ငန်းများ၌ မြှုပ်နှံရန် ဖြစ်ကြောင်း PTT ၏ ပြောဆိုချက်ကို Reuters သတင်းတွင် ယနေ့ ဖော်ပြထား သည်။ ထိုင်းနိုင်ငံ PTT Exploration & Production PCL (PTTEP.TH) စွမ်းအင် ကုမ္ပဏီကလည်း မြန်မာနိုင်ငံ၌ လာ မည့် ၂၀၁၂-၂၀၁၆ ကာလ စွမ်းအင် စီမံကိန်းများအတွက် အမေရိကန် ဒေါ်လာ ၂.၄ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားရန် ရှိကြောင်း ဇွန်လ အတွင်းက ထုတ်ပြန်ခဲ့သည်။

စစ်တွေမြို့မ ဈေး ၀င်ခွင့်ကတ်ပြား ချိတ်ဆွဲခိုင်း

စစ်တွေ မြို့မ ဈေးကြီးအတွင်း ၀င်ရောက်သွားလာသူ အားလုံး ၀င်ခွင့်ကတ်ပြားများ ချိတ်ဆွဲ အသုံးပြုရကြောင်း သိရသည်။ ဆိုင် ခန်း ပိုင်ရှင်များက အပြာရောင်၊ ဈေးဝယ်သူများက အ၀ါ၊ ကုန်တင်ကုန်ချ အလုပ်သမားများက ပန်းရောင် စသည်ဖြင့် အရောင်များဖြင့် ခွဲခြား သတ်မှတ်ထားကြောင်း၊ ကတ်တကတ်လျှင် ကျပ် ၅၀၀ သတ်မှတ်ထားပြီး ဆိုင်ခန်းပိုင်ရှင်များက ဈေးကော်မတီကို ပေး ရကြောင်း၊ ဈေးဝယ်သူများနှင့် အလုပ်သမားများက မပေးရကြောင်း ဒေသခံ တဦးက ပြောသည်။ စစ်တွေမြို့မ ဈေးကို ရခိုင်ပြည် နယ်တွင်း ပဋိပက္ခများကြောင့် ပြီးခဲ့သည့် ဇွန်လ ၉ ရက်က စတင် ပိတ်ထားခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၅ ရက်တွင် ပြန်လည်ဖွင့်လှစ်၍ ဈေးဖွင့်ချိန်ကိုလည်း နံနက် ၉ နာရီခန့်မှ ညနေ ၃ နာရီ ၀န်းကျင် သတ်မှတ်ထားကြောင်း သိရသည်။

ချက် နိုင်ငံ ဒု ၀န်ကြီးချုပ်နှင့် ၈၈ အဖွဲ့တွေ့ဆုံ


ချက် ရီပတ်ပလစ် သမ္မတနိုင်ငံ ဒုတိယ ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ Karel Schwarzenberg ဦးဆောင်သည့် အဖွဲ့သည် မြန်မာနိုင်ငံ ရန်ကုန်မြို့ကို ယမန်နေ့ မွန်းလွဲပိုင်းက ရောက်ရှိလာပြီး ညနေပိုင်းတွင် ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့နှင့် တွေ့ ဆုံသည်။ ထို့အပြင် ယင်းချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ညနေပိုင်းတွင် ရွှေတိဂုံ စေတီတော်သို့ တက်ရောက်ကြည်ညိုကြကြောင်းလည်း ယနေ့ထုတ် အစိုးရ သတင်းစာ၌ ဖော်ပြထားသည်။ ယင်းအဖွဲ့သည် အစိုးရ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံ မည်ဖြစ်ပြီး ယနေ့တွင်လည်း ရန်ကုန်အခြေစိုက် လူထုအခြေပြု လူ့အဖွဲ့အစည်းတချို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံရန် ရှိကြောင်း လည်း သိရသည်။

ကိုယ်ဝန်ဆောင်များ ပြန်ပို့လျှင် တရားမဝင် အလုပ်သမား ပိုများနိုင်ဟုဆို


ထိုင်းနိုင်ငံရှိ ကိုယ်ဝန်ဆောင် ရွှေ့ပြောင်းအလုပ်သမ များကို ပြန်ပို့မည့် အစီအစဉ်ကို ထိုင်း အာဏာပိုင်များက အတည်ပြု လိုက်ပါက တရားမ၀င် အလုပ်သမား ပိုများလာမည် ဖြစ်ကြောင်း အလုပ်သမား အခွင့်အရေး လက်ရှိ တရားဝင် နေထိုင်လျှက်ရှိသော မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် အထက်ပါ အစီအစဉ်ကြောင့် တရားမ၀င် အလုပ်သမားများ အဖြစ် ပြန်လည် နေထိုင် သွားမည်ကို စိုးရိမ်ရကြောင်းကိုယ်ဝန်ဆောင် ရွှေ့ပြောင်းအလုပ်သမ များအား ပြန်ပို့မည့် အစီအစဉ်၌ ထိုင်းတွင် ရောက်ရှိနေသော မြန်မာပြည်သားများ သာမက အိမ်နီးချင်း လာအို၊ ကမ္ဘောဒီးယား နိုင်ငံတို့မှ အလုပ်သမားများနှင့်လည်း အကျုံးဝင်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လက ယင်း အစီအစဉ်ကို ထိုင်းအစိုးရက လူကုန်ကူးမှု တိုက်ဖျက်ရေး အတွက် ရည်ရွယ်၍ ဆောင်ရွက် ခဲ့သည်ဟု ဆိုသော်လည်း လတ်တလော ထိုင်းနိုင်ငံရှိ လူ့အခွင့် အရေး လှုပ်ရှားနေသူများ၏ အတိုက်အခံ ပြုမှုများကို ရင်ဆိုင်နေရသည်။ထိုင်း အလုပ်သမား ၀န်ကြီးဌာနမှ တာဝန် ထမ်းဆောင်နေသူ တဦးကလည်း ယင်း အစီအစဉ်နှင့် ပတ်သက်၍ ဆက်လက် လုပ် ဆောင်ရန် အတွက် ဥပဒေနှင့် ဆိုင်သော အချက်အလက်များကို အချိန်ယူ လေ့လာနေဆဲ ဖြစ်ကြောင်း အဆိုပါ အမျိုးသမီး များအား ကိုယ်ဝန် ၃ လနှင့် ၄ လ ခန့်တွင် မိခင် နိုင်ငံသို့ ပြန်လည် ပို့ဆောင်မည် ဖြစ်ကြောင်း၊ ကလေး မွေးဖွား ပြီးပါက ထိုင်းနိုင်ငံသို့ ပြန်လာ၍ အလုပ်လုပ်ကိုင် နိုင်ကြောင်း၊ ယင်း အစီအစဉ်သည် လူကုန်ကူးမှု တိုက်ဖျက်ရေး အတွက် ရည်ရွယ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ထိုင်း အလုပ်သမား ၀န်ကြီးဌာနက ကြေညာထားခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံအတွင်း လာရောက် လုပ်ကိုင်နေသည့် မြန်မာပြည်သား အများစုက ကလေး မလိုချင်ကြသူများကြောင်း၊ ထိုင်း အစိုးရ၏ အစီအစဉ်သည် လူ့အခွင့်အရေး ချိုးဖောက်ခြင်း ဖြစ်ကြောင်း ဘန်ကောက် အခြေစိုက် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (HRDF) မှ ဦးစိန်ဌေးက ပြောသည်။
ထိုင်းအစိုးရက ယင်းအစီအစဉ်ကို အတည်ပြုခဲ့ပါက နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များ၏ ကန့်ကွက်မှုများ ကိုလည်း ရင်ဆိုင်ရနိုင်ကြောင်း ထိုင်းနှင့် မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံ ၆ နိုင်ငံ ပူးပေါင်း ပါဝင်သည့် Mekong Migration Network (MMN) အဖွဲ့ အစည်းနှင့် ရွှေ့ ပြောင်း အလုပ်သမားများ အရေး ဆောင်ရွက်နေသူ Adisonrn Kerdmongkol တို့က ယင်းသို့ စီစဉ်နေခြင်းသည် လူ့အခွင့် အရေး ချိုးဖောက်ရာ ရောက်ကြောင်း MMN အဖွဲ့ အစည်းတွင် တရုတ်၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့မှ အလုပ်သမား အရေး ဆောင်ရွက် နေသော ကိုယ်စားလှယ်များ ပါဝင်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် အင်္ဂလိပ်ဘာသာနှင့် ထုတ်ဝေသော သတင်းစာများတွင်လည်း ယင်းကိစ္စနှင့် ပတ်သက်၍ လူ့အခွင့် အရေး အဖွဲ့များက ဝေဖန်သည်ကို ဆက်တိုက် ဖော်ပြနေသည်။မကြာသေးခင်က မြန်မာအစိုးရ တာဝန်ရှိသူများသည် ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများ၏ ရပိုင်ခွင့် အပြည့်အဝ ရရှိရေး အတွက် အကာအကွယ်ပေးနိုင်ရန် ဆောင်ရွက်ပေးမည်ဟု အစိုးရ သတင်းစာများမှ တဆင့် တရားဝင် ပြောကြား ခဲ့သည်။ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်နေသော မြန်မာအလုပ်သမား ၂ သန်းခွဲမှ ၄ သန်းအထိ ရှိနိုင်ကြောင်း အလုပ်သမား အဖွဲ့အစည်းများက ခန့်မှန်းထားကြသည်။

ပုဂ္ဂလိက ဘဏ်များကို LC ဖွင့်ခွင့်ပေး၍ ကုန်သွယ်မှု မြန်ဆန်နိုင်


နိုင်ငံတော်ဗဟိုဘဏ်က ပုဂ္ဂလိကပိုင် ဘဏ်လုပ်ငန်းများတွင် နိုင်ငံခြားသုံးငွေဖြင့် ငွေလဲလက်မှတ် စာရင်း (Letter of Credit – LC) ဖွင့်လှစ် လုပ်ကိုင်ခွင့် ပြုလိုက်ခြင်းကြောင့် ပြည်တွင်းပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များ အနေဖြင့် ကုန်သွယ်မှု ဆိုင်ရာလုပ်ငန်းများ ပိုမိုလွယ်ကူမြန်ဆန်လာနိုင်ကြောင်း နိုင်ငံတော် ဗဟိုဘဏ်က ပြီးခဲ့သည့် ရက်သတ္တပတ်မှစပြီး ပုဂ္ဂလိက ဘဏ်လုပ်ငန်းများဖြစ်သည့် ကမ္ဘောဇဘဏ် လီမိတက်၊ ယူနိုက်တက် အမရာဘဏ် လီမိတက်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် လီမိတက်နှင့် ဧရာတီဘဏ် လီမိတက်တို့ကို နိုင်ငံခြား ဘဏ်စာရင်း ဖွင့်လှစ်လုပ်ကိုင်ခွင့် ပေးခဲ့ပြီး ကျန်ရှိသည့် နိုင်ငံခြားငွေလဲလှယ် ရောင်းဝယ်ခွင့်ရရှိထားသည့် ပုဂ္ဂလိကဘဏ် ၁၃ ခုတို့ကိုလည်း ဆက်လက် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ပုဂ္ဂလိကဘဏ်များတွင် LC စနစ်ဖွင့်ခွင့်ပေးလိုက်သည့်အတွက် အစိုးရဘဏ်များတွင် နိုင်ငံခြားငွေစာရင်း ဖွင့်သည့်အရေအတွက် ကျသွားနိုင်ကြောင်း၊ ပုဂ္ဂလိကဘဏ်များက ပို၍ လည်ပတ်မှု မြန်ဆန်ပြီး ၎င်းတို့ဘဏ်တွင် အကောင့်လာဖွင့်စေရန် ဝန်ဆောင်မှု အပြည့်ပေးမည်ဖြစ်သည့်အပြင် အစိုးရဘဏ်များကဲ့သို့ အချိန်ကြန့်ကြာမှု ရှိမည်မဟုတ်ကြောင်း ဗဟိုဘဏ်မှ သိရသည်။

ဆည်နံရံ တည်ဆောက်ရေး ရွာသားများကို အဓမ္မ ခိုင်းစေ


မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ဆည်မြောင်းရေနံရံ တည်ဆောက်ရာတွင် ကျေးရွာနေပြည်သူများကို ခြိမ်းခြောက်ပြီး အတင်းအဓမ္မ ခိုင်းစေခဲ့ကြောင်းသပိတ်ကျင်းမြို့နယ်ရှိ စမ္ပာနဂိုရ် ကျေးရွာနှင့် ညောင်ရင်းကျေးရွာ အိမ်ခြေ ၁၁၉ အိမ်ရှိ ရွာသားများကို မြို့နယ် အုပ်ချုပ်ရေးမှူးက လုပ်အားပေး ခိုင်းစေခဲ့ပြီး ရွာသားတယောက်လျှင် သဲ ၆ ကျင်း ဖို့ခိုင်းကြောင်း၊ အလုပ်မဆင်းသူကို ဒဏ်ကြေးအနေဖြင့် ကျပ် ၅ ထောင် ကောက်ခံကြောင်း၊ ထို့အပြင် အလှူငွေအနေဖြင့် တအိမ်ထောင်ကို ကျပ် ၃၅၀၀ ပေးဆောင် ကြရကြောင်း
အဆိုပါ ကိစ္စရပ်များကို ကျေးရွာဒေသခံများက လက်မခံနိုင်သည့်အတွက် နိုင်ငံတကာ အလုပ်သမား အဖွဲ့ (ILO) သို့ ယခုလ ၇ ရက်နေ့က စာတင် တိုင်ကြားခဲ့ရာ ILO ရုံးက အဓမ္မခိုင်းစေမှု မြောက်ကြောင်း မှတ်ချက်ပေးပြီး သက်ဆိုင်ရာသို့ တိုင်ကြား စစ်ဆေးသွားမည် ဖြစ်ကြောင်း
သပိတ်ကျင်းမြို့နယ် စမ္ပာနဂိုရ် ကျေးရွာတွင် မိုးတွင်း ရေများလျှံခြင်းကြောင့် ဒေသခံပြည်သူများ နေအိမ်တွင် ရေများ နှစ်စဉ် လွှမ်းမိုးခံရကြောင်း သို့သော်လည်း ကျေးရွာနှစ်ရွာရှိ ဒေသခံပြည်သူများမှာ ၎င်းတို့၏ စိတ်ဆန္ဒမပါရှိဘဲ အထက်မှ တအိမ်တယောက် အလုပ်မဆင်း မနေရ လုပ်အားပေးရမည် ဆိုသည့်အတွက် လုပ်ဆောင်ခဲ့ရကြောင်း၊ အလုပ်မဆင်းသည့် သူများကို ဒဏ်ငွေ ရိုက်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း အဓမ္မစေခိုင်း ခံရသည့် ကျေးရွာသူ၊ ကျေးရွာသားများက မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာနှစ်ရွာ အုပ်ချုပ်ရေးမှူးတို့ကို ပုဒ်မ ၃၇၄ နှင့် တရားစွဲဆိုသွားမည် ဖြစ်ကြောင်း သိရသည်။




မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်(MIC) မှ ရွှေသံလွင် ကုမ္ပဏီအား ဘီယာ၊ စီးကရက်နှင့် အချိုရည် ထုတ်လုပ်သည့် လုပ်ငန်း တည်ထောင်ရန် ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။
ရွှေသံလွင်ကုမ္ပဏီ အနေဖြင့် လက်ရှိတွင် Sky Net ရုပ်သံလိုင်းအပါအ၀င်၊ ဆောက်လုပ်ရေးလုပ်ငန်း၊ သယ်ယူ ပို့ဆောင်ရေးလုပ်ငန်း၊ ပို့ကုန်သွင်းကုန်လုပ်ငန်း၊ သတ္တု တွင်းတွက် လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းနှင့် အခြားလုပ်ငန်းများ လုပ်ကိုင်နေခြင်းဖြစ်ပြီး ယခုအခါ ဘီယာ၊ စီးကရက်နှင့် အချိုရည်ထုတ်လုပ်ငန်းအား ထပ်မံလုပ်ကိုင်ခွင့်ရခြင်းဖြစ်ကြောင်း သိရသည်။
ဘီယာ၊ စီးကရက်နှင့် အချိုရည်ထုတ်လုပ်ငန်း လုပ်ကိုင်ခွင့်အား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ မကြာသေးခင်က လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါ သည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) သို့ လုပ်ကိုင်ခွင့်ပြုရန် တင်ပြထားသည့် လုပ်ငန်းများစွာရှိကြောင်း၊ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လုပ်ကိုင်ခွင့်ပြုရန် လျှောက်ထားသည့် လုပ်ငန်းများထဲတွင် လုပ်ငန်းကြီးအနေဖြင့် လျှောက်ထားဆဲ လုပ်ငန်းမှာ မန္တလေးတိုင်းဒေသကြီးအတွင်း စက်မှုဇုန် တည်ထောင်ရန် လျှောက်ထားသည့် လုပ်ငန်းပါဝင်ကြောင်းလည်း သိရသည်။
အဆိုပါ စက်မှုဇုန် အား တည်ထောင်လုပ်ကိုင်ခွင့်ပြုရန်အတွက် Royal HighTech ကုမ္ပဏီမှ လျှောက်ထားခြင်းဖြစ်ကြောင်းနှင့် လုပ်ကိုင်ခွင့်ပြုရန် ချထားပေးခြင်း မပြုရသေးကြောင်းလည်း သိရသည်။
"လျှောက်ထားတဲ့ လုပ်ငန်းတွေကတော့ ရှိပါတယ်။ အခုနောက်ဆုံး ခွင့်ပြုမိန့်ပေးခဲ့တာကတော့ ဒီလပိုင်းမှာ ရွှေသံလွင်ရဲ့လုပ်ငန်းပါ။  ခွင့်ပြုမိန့် ချမပေးရသေးတဲ့ လုပ်ငန်းထဲမှာ လုပ်ငန်းကြီးတာဆိုရင်တော့ မန္တလေးက လျှောက်ထားတဲ့ စက်မှုဇုန် ပဲရှိတယ်။ ဒါကိုတော့ Royal HighTech က လျှောက်တာပါ"ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
နိုင်ငံသားများ ကဏ္ဍအလိုက် မြှုပ်နှံမှုပမာဏ(ကျပ်၊ သန်း)

လုပ်ငန်းအမျိုးအစား
၂-၄-၂၀၁၂ ထိမြှုပ်နှံမှု
၂၁-၅-၂၀၁၂ ထိမြှုပ်နှံမှု

အရေအတွက် 
ပမာဏ
အရေအတွက်
ပမာဏ
ဆောက်လုပ်ရေး        
၅၂          
၆၃၂၃၀၈ .၉၃
၅၂
၆၃၂၃၀၈ .၉၃
စွမ်းအင်      
၂၄၁၈၆၃ .၂၄
၂၄၁၈၆၃ .၂၄
ကုန်ထုတ်လုပ်မှု    
၅၈၂
၄၆၂၇၈၀ .၈၄
၅၈၂
၄၅၂၈၄၂ .၄၆
အခြား  
၁၇
၁၄၄၁၅၀ .၁၆
၁၇
၁၄၄၁၅၀ .၁၆
အိမ်ခြံမြေ    
၃၁
၃၅၀၈၁ .၉၆
၃၁
၃၅၀၈၁ .၉၆
သယ်ယူပို့ဆောင်ရေး               
၁၇
၇၁၇၂၀ .၆၂
၁၈
၇၁၉၃၇ .၆၂
ရေထွက်ကုန်              
၅၆
၁၅၃၅၃ .၀၀
၅၆
၁၅၃၅၃ .၀၀
သတ္တုတူးဖော်ရေး                     
၅၀
၁၀၅၀၇ .၉၂
၅၁
၁၁၀၀၇ .၉၂
ဟိုတယ်နှင့်ခရီးသွားလာရေး      
၂၃
၅၄၂၃၆ .၅၃
၂၃
၅၄၂၃၆ .၅၃
စက်မှု   
၁၀၁၂ .၇၉
၁၀၁၂ .၇၉
လယ်ယာစိုက်ပျိုးရေး    
၅       
၅၄၇ .၉၀
၅၄၇ .၉၀


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung


0 comments:

Post a Comment