ရခိုင်သတင်းများ  ဇူလိုင် ၁၈၊ ၂၀၁၂

ဘင်္ဂါလီလူမျိုး ၇ ဦး မြန်မာ့ ရေတပ် ဖမ်းဆီး


ရခိုင်ပြည်နယ် ပေါက်တော ဒေသသို့ တရားမ၀င်ရောက်ရှိလာသည့် ဘင်္ဂါလီလူမျိုး ၇ ဦးကို မြန်မာ့ တပ်မတော် ရေတပ် က ဖမ်းဆီးမိပြီး စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဖမ်းဆီးထားသူများအား စစ်ဆေးမေးမြန်းရာ တံငါသည်များ ဟု ပြောဆိုကြောင်း၊ ၎င်းတို့သည် ရခိုင်ပြည်နယ်မှ သစ်များကို သယ်ဆောင်ရန် လာခြင်းဖြစ်သည်ဟု ကြားသိရကြောင်းသို့သော် ၎င်းတို့အား မည်သည့် အမှုဖြင့် စစ်ဆေးနေကြောင်းကိုမူ အသေးစိတ် ပြောဆိုခြင်းမသိရပေ။
စစ်တွေ ဒေသခံများ၏ ပြောဆိုချက်အရ ရခိုင်ပြည်နယ် ပေါက်တော ဒေသသို့ ရောက်ရှိလာသည့် ထိုဘင်္ဂါလီများကို မြန်မာ ရေ တပ် က ဇူလိုင် ၁၅ ရက်နေ့တွင် ဖမ်းဆီးမိခြင်း ဖြစ်ကြောင်း၊ ၎င်းတို့နှင့်အတူ အန္တရာယ်ပြုနိုင်သော လက်နက်ပစ္စည်း တချို့ဖမ်း ဆီး ရမိကြောင်း နိရဉ္ဇရာ သတင်း၌ ယင်းဇူလိုင် ၁၅ ရက်နံနက်ပိုင်းက ပေါက်တော မြို့နယ် သဲခုံရွာ အနီးတွင် မြန်မာ့ ရေတပ်နှင့် စက်လှေဖြင့် ရောက်ရှိလာသော အမည်မသိ အဖွဲ့ တဖွဲ့တို့ ပစ်ခတ်မှု ဖြစ်ပွားကြောင်း၊ ယင်းအဖွဲ့မှ တဦး ဒဏ်ရာရရှိပြီး ၇ ဦးကို ဖမ်းဆီးရမိကြောင်း၊ ဒဏ်ရာရသူကို ဆေးရုံသို့ ပို့ဆောင်ပြီး ဖမ်းဆီးမိသူများကို စစ်တွေထောင်သို့ ပို့ဆောင်ထားကြောင်း ဖော်ပြထားသည်။အင်တာနက် သတင်းတချို့တွင်မူ မြန်မာရေပိုင်နက်သို့ စက်လှေ ၃ စီးနှင့်လူများ ၀င်ရောက်လာကြောင်း၊ သို့သော်လှေတစီးနှင့် အတူ လူ ၈ ဦးကိုသာ ဖမ်းဆီးရမိကြောင်း၊ ဖမ်းဆီးရမိသူများမှာ နူရ်အာလောင်၊ မာဆင်၊  အဏ္ဏ၀ါဂ ၊ ဆာဒဲလ်၊  မိုဟာမက် အီနုစ်၊ နူရ်မာမောက်၊  ဆွေယော့ဒူလာမီရ်၊ မာမတ်အာလောင် တို့ ဖြစ်ကြောင်းဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ရခိုင်ပြည်နယ်အတွင်းသို့ တရားမ၀င်ရောက်ရှိလာသည့် ဘင်္ဂါလီလူမျိုး ၁၀၀ ၀န်းကျင်အား အမ်းမြို့၌ ပြီး ခဲ့သည့်လအတွင်း ဖမ်းဆီး ထိန်းသိမ်း ထားခဲ့သေးသည်။ရခိုင်ပြည်နယ် အတွင်း ပဋိပက္ခများ ဖြစ်ပွားပြီးနောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ လုံခြုံရေးတင်းကျပ်ထားပြီး ပင် လယ်ပြင်တွင်လည်း နှစ်နိုင်ငံ စလုံး၏ ရေတပ် သဘောင်္များ ကင်းလှည့်နေကြောင်း သိရသည်။

မောင်တောမှာ ဆန်ဈေးထိုးတက်


အဓိကရုဏ်းတွေ ပြီးသွားပေမယ့် လုံခြုံရေး စိတ်ချရမှု မရှိသေးလို့ စစ်တွေဘက်က ပစ္စည်းတွေ အဝင်နည်းနေတာကြောင့် မောင်တောခရိုင်မှာ အခုလို ဆန်နဲ့ တခြားကုန်ပစ္စည်းဈေးတွေ တက်လာတာဖြစ်ကြောင်း ရခိုင်ပြည်နယ် အဓိကရုဏ်းတွေအပြီး ဒီလဆန်းကစပြီး မောင်တောခရိုင်မှာ ဆန်ဈေးနဲ့ တခြားကုန်ပစ္စည်းတွေပါ ဈေးတက်လာတယ်လို့ သိရပါတယ်။
စစ်တွေမြို့ဘက်မှ ဆန်တင်ပို့မှု နည်းတဲ့အတွက် အိမ်နီးနားချင်းဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က ဆန်တွေဟာ မောင်တောကို တရားမဝင်လမ်းကြောင်းက တင်ပို့နေကြောင်း၊ နှစ်နိုင်ငံ နယ်စပ်လမ်းကြောင်းတွေ တရားဝင်ဖွင့်လှစ်ခြင်း မရှိပေမယ့် ဘင်္ဂလာဒေ့ခ်ျ နယ်ခြားစောင့်တပ် (BGB) အနေနဲ့ တရားမဝင်လမ်းကြောင်းကိုတော့ ဒီလ ဒုတိယပတ်လောက်က စပြီး သွားလာခွင့် ပြုထားကြောင်း သိရပါတယ်။
ဆန်လုပ်ငန်း အသိုင်းအဝိုင်းမှ တာ့ခ်ခနာမြို့ခံတဦးက “ဒီဘက်မှာ ဆန်တအိတ်ကို ဘင်္ဂလာဒေ့ရှ်ငွေ တာကာ ၂၀၀ စီ (၁ တာကာလျှင် ၉ ကျပ်ကျော်) ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ကို ပေးရတယ်။ ဟိုဘက်ကို ရောက်ရင် မြန်မာငွေ ကျပ် ၃၀၀၀၀ စီနဲ့ ရောင်းရတယ်တဲ့။ ဟိုဘက်က လှေနဲ့လာယူကြတယ်။ ဒီဘက်က ချပေးကြတယ်။ မြန်မာဘက်ကို ရောက်ရင် မြန်မာ နယ်ခြားစောင့်တပ်ကို တာကာငွေ ၁၀၀ စီပေးရတယ်။ နယ်ရွာတွေကနေ မောင်တောကို ရောက်ဖို့ လမ်းမှာရှိတဲ့ဂိတ်တွေမှာ တအိတ်ကို တာကာငွေ ၅၀ စီပေးရတယ်” လို့ ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်မှာ ရိုးရိုးဆန်တအိတ်ကို ပေါက်ဈေး တာကာ ၁၅၀၀ (ကျပ် ၁၃၅၀၀ ကျော်) ရှိပါတယ်။ကူညီကယ်ဆယ်ရေး အဖွဲ့များကပေးတဲ့ ထောက်ပံ့ရေး ဆန်မှအပေ တခြားဆန်များ မောင်တောသို့ ဝင်ရောက်လာခြင်း မရှိကြောင်းလည်း သိရပါတယ်။မောင်တောမြို့ရဲ့ အခြေအနေကတော့ ရဲနဲ့စစ်တပ်က ကားနဲ့ ပုံမှန်ကင်းလှည့်ပြီး လုံခြုံရေးတင်းကြပ်နေရဆဲဖြစ်ကြောင်း၊  မောင်တောဈေးကြီး မဖွင့်လှစ်နိုင်သေးပေမယ့် မောင်တောနာရီစင်နဲ့ ရဲစခန်း အနီးတဝိုက်က ဈေးဆိုင်တွေ ပြန်လည် ဖွင့်လှစ် ရောင်းချနေတာကို တွေ့ရကြောင်း ဒေသခံတွေ အဆိုအရ သိရပါတယ်။အခုလို ဆန်ဈေးနဲ့ တခြားကုန်ဈေးနှုန်းတွေ တက်တဲ့ဒဏ်ကို မောင်တောခရိုင်ထဲက မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်ထဲက ပြည်သူတွေ ခံစားနေရတယ်လို့ သိရပါတယ်။

စစ်တွေမြို့မ ဈေး ၀င်ခွင့်ကတ်ပြား ချိတ်ဆွဲခိုင်း

စစ်တွေ မြို့မ ဈေးကြီးအတွင်း ၀င်ရောက်သွားလာသူ အားလုံး ၀င်ခွင့်ကတ်ပြားများ ချိတ်ဆွဲ အသုံးပြုရကြောင်း သိရသည်။ ဆိုင် ခန်း ပိုင်ရှင်များက အပြာရောင်၊ ဈေးဝယ်သူများက အ၀ါ၊ ကုန်တင်ကုန်ချ အလုပ်သမားများက ပန်းရောင် စသည်ဖြင့် အရောင်များဖြင့် ခွဲခြား သတ်မှတ်ထားကြောင်း၊ ကတ်တကတ်လျှင် ကျပ် ၅၀၀ သတ်မှတ်ထားပြီး ဆိုင်ခန်းပိုင်ရှင်များက ဈေးကော်မတီကို ပေး ရကြောင်း၊ ဈေးဝယ်သူများနှင့် အလုပ်သမားများက မပေးရကြောင်း ဒေသခံ တဦးက ပြောသည်။ စစ်တွေမြို့မ ဈေးကို ရခိုင်ပြည် နယ်တွင်း ပဋိပက္ခများကြောင့် ပြီးခဲ့သည့် ဇွန်လ ၉ ရက်က စတင် ပိတ်ထားခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၅ ရက်တွင် ပြန်လည်ဖွင့်လှစ်၍ ဈေးဖွင့်ချိန်ကိုလည်း နံနက် ၉ နာရီခန့်မှ ညနေ ၃ နာရီ ၀န်းကျင် သတ်မှတ်ထားကြောင်း သိရသည်။

ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် အေးချမ်းစွာ ပညာ မသင်နိုင်သေး


ရခိုင်ပြည်နယ် စစ်တွေမြို့ပြင်ရှိ နည်းပညာကျောင်းမှ ပြန်လာသည့် ကျောင်းသားများကို ယနေ့ နေ့လယ်တွင် ဘင်္ဂါလီ ရွာသားတချို့က အနှောင့်အယှက် ပေးသောကြောင့် တာဝန်ရှိသူများက ကျောင်းသားများ ကျောင်းပြင်မထွက်ရန် သတိပေးထားပြီး လုံခြုံရေး အကာအကွယ် ယူ၍ ကျောင်းသားများအား အိမ်ပြန်ပို့ပေးရန် စီစဉ်နေရကြောင်း နည်းပညာ တက္ကသိုလ်သည် စစ်တွေမြို့နှင့် ၈ မိုင်ခန့်တွင် တည်ရှိကြောင်း၊ ကျောင်းသွားရာ လမ်းတလျှောက်၌ ဘင်္ဂါ လီ ကျေးရွာတချို့ကို ဖြတ်သွားရကြောင်း၊ မိဘအများစုသည် လုံခြုံရေး စိတ်မချ သည့်အတွက် သားသမီးများကို ကျောင်း ပြန်မတက် ခိုင်းသေးသည့်အတွက် ကျောင်းသား အနည်းငယ်သာ ရှိကြောင်း နည်းပညာကျောင်းအား ယမန်နေ့က စတင်ဖွင့်လှစ်ထားပြီး စစ်တွေမြို့ပေါ်မှ ကျောင်းသားများ တက်ရောက်နေ ကြကြောင်း၊ ကျောင်းကားများ၌ လုံခြုံရေးတပ်ဖွဲ့ဝင် တချို့လိုက်ပါပေးသည်ကို တွေ့ရကြောင်း ရခိုင်ပြည်နယ်ရှိ တက္ကသိုလ်ကျောင်း တချို့ စတင်ဖွင့်နေပြီ ဖြစ်သော်လည်း လုံခြုံရေး အခြေအနေကြောင့် တက်ရောက်သူ နည်းပါးသေးကြောင်း စစ်တွေတက္ကသိုလ်မှ အပ နည်းပညာ တက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်၊ အဝေးသင် တက္ကသိုလ် စသည့် ကျောင်းတချို့ကို ယမန်နေ့က ပြန်လည် ဖွင့်လှစ်ခဲ့ကြောင်း
တက္ကသိုလ် ကျောင်းများတွင် လုံခြုံရေး အစီအစဉ်များ ဆောင်ရွက် ပေးထားကြောင်း၊ စစ်တွေ တက္ကသိုလ်ကိုလည်း မကြာမီ ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း စစ်တွေမြို့နှင့် ရခိုင်ဒေသတွင်း ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုများကြောင့် စစ်တွေ၊ သံတွဲဒေသ တို့ရှိ တက္ကသိုလ်များကို ဇွန်လ ဆန်းမှ စတင်၍ ပိတ်ထားခြင်းဖြစ်သည်။ နေရပ် အသီးသီးသို့ ပြန်သွားသည့် ကျောင်းသားများနှင့် မိဘများထံ တာဝန်ရှိသူများ က အကြောင်းကြားထား တက္ကသိုလ်များ၌ တက်ရောက်နေသည့် ကျောင်းသားများမှာ ဒေသခံတိုင်းရင်းသား ကျောင်းသားများသာ ရှိပြီး ဘင်္ဂါလီ ကျောင်းသား မရှိကြောင်း ရခိုင်ပြည်နယ်ရှိ တက္ကသိုလ်၊ ကောလိပ်၊ အခြေခံ ပညာကျောင်းများ အားလုံး၌ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး၊ ကျောင်းသားများ၏ လုံခြုံရေး၊ ဆရာ၊ ဆရာမ များ၏ လုံခြုံရေး ပိုမိုကောင်းမွန်စေရန် အစိုးရ အာဏာပိုင်တို့က တာဝန်ယူ ဆောင်ရွက်ပေးနိုင်ရေး အတွက် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) လွှတ်တော် ကိုယ်စားလှယ်များက အစိုးရထံ တင်ပြ ထားကြောင်း စစ်တွေမြို့ပေါ် နှင့် ဒေသ တ၀ိုက်ရှိ အခြေခံပညာ ကျောင်းများ အားလုံးနီးပါးကို ဖွင့်လှစ်ထားပြီ ဖြစ်ကြောင်း၊ သို့သော် မိဘ တချို့က ၎င်းတို့ သားသမီးများကို စိတ်မချသည့် အတွက် ကျောင်းသို့ ပို့ဆောင်ခြင်း မရှိကြောင်းလည်း ဦးဝင်းမြိုင်က ပြော သည်။ အကြမ်းဖက်မှု စတင်ခဲ့သည့် မောင်တော၊ ဘူးသီးတောင် မြို့တို့တွင်မူ ကျောင်းများအားလုံး ပိတ်ထားဆဲ ဖြစ်ကြောင်း သိရသည်။

ဘင်္ဂါလီ ရိုဟင်ဂျာအရေး သမ္မတပြောကြားချက် ပြန်လည်ရုပ်သိမ်းပေးဖို့ ARU တောင်းဆို


ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိခဲ့တဲ့ ကုလသမဂ္ဂ အရာရှိကြီးတစ်ယောက်ကို ဘင်္ဂါလီ ရိုဟင်ဂျာ အရေးကိစ္စနဲ့ ပတ်သက်ပြီး ပြောကြားခဲ့တဲ့ မှတ်ချက်ကို ပြန်လည် ရုပ်သိမ်းပေးဖို့ သမ္မတ ဦးသိန်းစိန်ကို ARU ခေါ် နိုင်ငံတကာ ရိုဟင်ဂျာအဖွဲ့က တိုက်တွန်းတောင်းဆို လိုက်ပါတယ်။
ARU အဖွဲ့ခေါင်းဆောင် Dr Wakar Udin နဲ့  ဆက်သွယ်ရေး အရာရှိ Nurul Islam တို့  ပူးတွဲ လက်မှတ်ရေးထိုးထားတဲ့ သတင်းထုတ်ပြန်ချက်မှာ ရိုဟင်ဂျာတွေကို တရားမ၀င် အခြေချလာတဲ့ ဘင်္ဂါလီတွေလို့ သမ္မတ ဦးသိန်းစိန်က စွပ်စွဲပြောဆိုတာ တကယ်တော့ အခြေအမြစ် ကင်းမဲ့လှပါတယ်လို့ ရေးသား ဖော်ပြထားပါတယ်။
ဒါ့အပြင် မကြာသေးခင် ကာလပိုင်းက ဘင်္ဂါလီ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက် တိုက်ခိုက်ခဲ့တာတွေနဲ့ ရခိုင်ပြည်နယ်အတွင်း သူတို့ကို အခုအခါ အစုအပြုံလိုက် ဖမ်းဆီးနှိပ်စက် နေတာတွေကို စုံစမ်းနိုင်အောင် ကုလသမဂ္ဂအဖွဲ့ အနေနဲ့ စစ်ဆေးရေး အဖွဲ့တွေ စေလွှတ်ပေးဖို့ အဲဒီ ARU သတင်း ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

ရခိုင်ပြည်နယ်ဒုက္ခသည်အတွက် တောင်ကိုရီးယားနိုင်ငံက ရွက်ဖျင်တဲ ပေးပို့မည်


လူတွေသေကြေ ပျက်စီးရတဲ့ ရခိုင်ပြည်နယ် အရေးအခင်းကြောင့် နေရပ်က ထွက်ပြေးရတဲ့ ဒုက္ခသည်တွေအတွက် တောင်ကိုရီးယားနိုင်ငံက ရွက်ဖျင်တဲတွေ ပေးပို့မယ်လို့ နိုင်ငံခြားရေး ၀န်ကြီးဌာနက မနေ့က ပြောကြားလိုက်ပါတယ်။ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက မေတ္တာရပ်ခံတဲ့အတွက် ဒုက္ခသည် ၃၀၀၀ လောက် ယာယီနေထိုင်ဖို့ အမေရိကန်ဒေါ်လာ ၂ သိန်းဖိုးရှိတဲ့ ရွက်ထည်တဲ အလုံး ၇၀၀ ကို ဒီသီတင်းပတ်ထဲ ပေးပို့မှာဖြစ်ပြီး လိုအပ်ရင် ထပ်ပို့ဖို့ စဉ်းစားမယ်ဆိုပါတယ်။ရခိုင်ပြည်နယ် အရေးအခင်းမှာ လူ ၅ သောင်းကျော် မိမိတို့ နေရပ်ကနေ အိုးအိမ်စွန့်ပြီး တခြားကို ရွှေ့ပြောင်းခဲ့ရပါတယ်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment