ငွေရတုအကြို၂၄ နှစ်မြောက် ၈ လေးလုံးအခမ်းအနား
နှင့်
မင်းကိုနိုင်၏နောက်ကြည့်မှန်စာအုပ်မိတ်ဆက်ပွဲအခမ်းအနားဖိတ်ကြားလွှာ
၁၉၈၈ ဒီမိုကရေစီပြည့်သူ အရေးတော်ပုံကြီးသည် လာမည့် သြဂုတ်လ ၈ ရက်နေ့တွင် ၂၄ နှစ် ပြည့်ပြီ်ဖြစ်သည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်း နေပြီ ဆိုသော်လည်း ပြည် တွင်းစစ်မီး သည် ဆက်လက်တောက်လောင်နေဆဲဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားအချို့ကို ဖမ်းဆိးထိန်း သိမ်းထားဆဲဖြစ်၍ ဒီမိုကရေစီစနစ်ကို တင်းပြည့်ကျပ်ပြည့် အကောင်အထည်မဖော်နိုင်သေးပေ။ မြန်မာနိုင်ငံတွင် ပြည်တွင်းစစ် ချက်ချင်းရပ်စဲရေး၊ ကျန်ရှိနိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေးနှင့် တင်းပြည့်ကျပ်ပြည့်ဒီမိုကရေစီ စနစ်ပေါ်ပေါက်ရေးကို ရှေ့ရှုပြီး မလေးရှား ရှိ ၈၈ မျိုးဆက်ကျောင်းသားများနှင့်မြန်မာ့ဒီမိုကရေစီ အရေးကို ထောက်ခံအားပေးသူများစုပေါင်း၍ ၈ လေးလုံးနှစ်ပတ်လည်းအခမ်းအနားနှင့်မင်းကိုနိုင်၏နောက်ကြည့်မှန်စာ အုပ်မိတ်ဆက်ပွဲအခမ်းအနားတရပ်ကို မလေးရှားနိုင်ငံ၊ကွာလာလမ်ပူမြို့တွင်ကျင်းပသွား မည်ဖြစ် ကြောင်း မိဘပြည်သူများကိုလေးစားစွာအသိပေးအပ်ပါသည်။၂၄ နှစ်မြောက် ၈ လေးလုံးအခမ်းအနားကို မိဘပြည်သူ များအနေဖြင့်အောက်ပါအစီစဉ်အတိုင်း မည်သူမဆိုပူးပေါင်းပါဝင်နိုင်ကြောင်းလေးစားစွာဖိတ်ကြားအပ်ပါသည်။
အချိန် - နေ့လည် ၁း၀၀ နာရီ မှ ၄း၀၀ အထိ
နေ့ရက် - သြဂုတ် ၅ ရက် ၂၀၁၂ ခုနှစ်။ (တနင်္ဂနွေ)
နေရာ - ကြက်တောင် အားကစားကွင်း
4 th Floor, Pudu Plaza
Jalan Landak, Off Jalan Pudu
Pudu, 55100 Kuala Lumpur, 55100, Malaysia
ဆက်သွယ်ရန်
မြတ်ကိုကို - ၀၁၀ ၂၅၅ ၆၀၅၀ ၊ ၀၃ ၈၉၅ ၅၂၃၃၀
ငြိမ်းစု - ၀၁၆ ၆၅၅ ၆၅၉၀
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment