မြန်မာသတင်းများ  ဇူလိုင် ၁၁၊ ၂၀၁၂


ရခိုင်သတင်းများ

ရခိုင်တွင် ညမထွက်ရအမိန့် မနာခံသူ ၃၀ ကျော် အဖမ်းခံရ

ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ပုဒ်မ ၁၄၄ ည မထွက်ရအမိန့် ထုတ်ပြန်ထားသည့် စစ်တွေမြို့၌ လူ ၃၀ ကျော် အဖမ်းခံရပြီး ၁၀ ဦး ခန့်မှာ ထောင်ဒဏ်များ ချမှတ်ခံရကြောင်း ညမထွက်ရ အမိန့် ထုတ်ပြန်ပြီးနောက် ညနေ ၆ နာရီနောက်ပိုင်း အပြင်ထွက်သူများကို ဇွန်လ လယ်မှ စတင်၍ ဖမ်းဆီးနေရာ ယခု ရက်ပိုင်း အထိ ဖမ်းဆီးခံထားရသူ ၃၁ ဦးကို ဇူလိုင်လ ၈ ရက်နေ့က စစ်တွေ တရားရုံး၌ ရုံးထုတ် စစ်ဆေးခဲ့ကြောင်း၊ ၎င်း တို့ အနက် ၁၀ ဦးခန့်ကို ထောင်ဒဏ် ၆ လ စီ ချမှတ်လိုက်သည်ဟု သိရကြောင်း
ညမထွက်ရအမိန့် မလိုက်နာသူများကို ဖမ်းဆီးနေသော်လည်း စစ်တွေမြို့၌ တည်ငြိမ်မှုတချို့ရှိလာနေပြီ ဖြစ်ကြောင်း၊ ကျောင်း နှင့်ဈေး တချို့ပြန်လည် ဖွင့်လှစ်နေပြီ ဖြစ်ကြောင်းစစ်တွေ မြို့ခံများကမူ ညမထွက်ရ အမိန့် ထုတ်ထားခြင်းမရှိပါကလည်း လုံခြုံရေး စိတ်ချရသည့် အခြေအနေ မရှိသေးကြောင်း လုံခြုံရေးတာဝန်ယူထားသည့် စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ဥပဒေမလိုက်နာသူများကိုသာ ဖမ်းဆီးနေခြင်း ဖြစ်ကြောင်း၊ ၎င်း တို့ အား ဥပဒေကြောင်း အရ သက်ဆိုင်ရာအဖွဲ့များက ဆောင်ရွက်နေကြောင်း၊ ယခုဖမ်းဆီးခံရသူအများစု သည် သာမန်အရပ်သားများ ဖြစ်ပြီး အနီးဝန်းကျင်ရှိ ဈေးဆိုင် အစရှိသည်တို့ကို သွားရောက်ရာမှ ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။
ရခိုင်ဒေသတွင်း ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများ၊ အကြမ်းဖက်မှုများကြောင့် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ စသည့် မြို့နယ်များကို ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို သမ္မတ ဦးသိန်းစိန် က ဇွန်လ ၁၀ ရက်နေ့တွင် ကြေ ညာခဲ့ခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ်ကို ထိုနေ့မှ စ၍ အရေးပေါ် အခြေအနေလည်း ကြေညာခဲ့သည်။မောင်တောမြို့၌ ဇွန်လ ၈ ရက်နေ့တွင် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်စသည့် ဒေသများ၌ ပဋိပက္ခများ ဆက်တိုက် ဖြစ်ပေါ်ခဲ့သည်။ မောင်တော အကြမ်းဖက်မှုကြောင့် ကျေးရွာ ၂၀ ၀န်းကျင် မီး လောင်ကျွမ်းခဲ့ပြီး ဒေသခံ တိုင်းရင်းသား တချို့သေဆုံးခြင်း၊ ဒဏ်ရာ ရခြင်း စသည်တို့ ဖြစ်ပေါ်ခဲ့သည်။ရခိုင်ပြည်နယ် ပဋိပက္ခ တလ ပြည့်မြောက်သည့် ဇူလိုင် ၈ ရက်နေ့တွင် စစ်တွေမြို့အပါအ၀င် ရခိုင်ဒေသ တ၀န်းလုံး၌ သေဆုံး ခဲ့ ရသူများအတွက် ၀မ်းနည်းခြင်းနှင့် ငြိမ်းချမ်းရေး အထိမ်းအမှတ်အဖြစ် သာသနာ့ အလံများ လွှင့်တင်၍ ဂုဏ်ပြုခဲ့ ကြကြောင်း ရခိုင်ဒေသခံများ က ပြောသည်။

ဘင်္ဂါလီ ရိုဟင်ဂျာ အခြေအနေ AI အဖွဲ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်


ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခအတွင်း ဘင်္ဂါလီ ရိုဟင်ဂျာတွေရဲ့ အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာက လစ်လျူမရှုသင့်ကြောင်း နိုင်ငံတကာ လွှတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ရဲ့ အမေရိကန် အခြေစိုက် အာရှပစိဖိတ်ရေးရာ လှုံ့ဆော်ရေးမှူး မစ္စတာ တီ ကူးမားက ပြောဆိုပါတယ်။ အမေရိကန်နိုင်ငံ ၀ါရှင်တန် ဒီစီမြို့တော်က သတင်းထောက်များ အသင်းတိုက်မှာ မြန်မာနိုင်ငံက ဘင်္ဂါလီ ရိုဟင်ဂျာများရဲ့ အခြေအနေအကြောင်း ဇူလိုင်လ ၁၀ ရက်နေ့မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး နိုင်ငံတကာ လွှတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ရဲ့ အမြင်သဘောထားတွေကို မစ္စတာ တီ ကူးမားက ပြောဆိုခဲ့တာပါ။
သူက ဘင်္ဂါလီ ရိုဟင်ဂျာတွေဟာ ဘာသာရေးကို အခြေခံပြီး ဖိနှိပ်ခံနေရကြောင်း၊ နိုင်ငံမဲ့ ဖြစ်နေတဲ့အတွက် ရရှိသင့်တဲ့ ပညာသင်ခွင့်၊ ခရီးသွားခွင့်တွေ ဆုံးရှုံးနေကြောင်း သူက ပြောပါတယ်။ ဒါ့အပြင် လူမျိုးတခုထဲကို ဦးတည်ပြဋ္ဌာန်းတဲ့ လက်ထပ် ထိမ်းမြားခွင့်ကိုပါ ဆုံးရှုံးနေတယ် လို့ ပြောပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် တွန်းအားပေး ဆောင်ရွက်နေတဲ့ နိုင်ငံတကာက ဒီလို လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ထုတ်ဖော် ပြောဆိုသင့်တယ်။ အမေရိကန် ခေါင်းဆောင်တွေနဲ့တကွ နိုင်ငံတကာ ခေါင်းဆောင်တွေကို ဘင်္ဂါလီ ရိုဟင်ဂျာတွေရဲ့ အရေးနဲ့ ပတ်သက်ပြီး ထည့်သွင်းပြောဆိုဖို့ တိုက်တွန်းကြဖို့ကိုလည်း နိုင်ငံတကာ လွှတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ရဲ့ အာရှပစိဖိတ်ရေးရာ လှုံ့ဆော်ရေးမှူး မစ္စတာ တီ ကူးမားက ပြောသွားပါတယ်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment