ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအပါအ၀င် ရေးရာကော်မတီဥက္ကဋ္ဌများ ပါဝင်သောအဖွဲ့နှင့် ၈၈ မျိုးဆက်ကျောင်းသားများသည် ဇူလိုင်လ ၁ ရက်နေ့ နံနက် ၉ နာရီအချိန်က ဗဟန်းမြို့နယ် ရွှေဂုံတိုင်မီးပွိုင့်အနီး ယုဇနတာဝါရှိ ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ရန်ကုန်(ရုံးခွဲ)၌ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် လက်ရှိ အသွင်းကူးပြောင်းရေးကာလနှင့် ပတ်သက်သော အကြောင်းအရာကိစ္စများကို ဆွေးနွေးခဲ့ကြပြီး ၈၈ မျိုးဆက် ကျောင်းသားများက ဥပဒေ၊ နည်းဥပဒေကိစ္စရပ်များ၊ နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရေးကိစ္စများနှင့် ပြည်ပရောက် နိုင်ငံရေးအင်အား စုများ ပြန်လာနိုင်ရေး ကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
''ဒါ ပထမဆုံး စတွေ့တဲ့ပွဲဖြစ်ပြီး လက်ရှိကျွန်တော်တို့နိုင်ငံမှာ နေ့စဉ် ကြုံတွေ့နေရတဲ့ ပြဿနာတွေမှာ လွှတ်တော်ရဲ့အခန်းကဏ္ဍ အရေးကြီးတဲ့အကြောင်း၊ လွှတ်တော်ကနေ ဥပဒေတွေ ပြဋ္ဌာန်းတာ၊ ပြင်ဆင်တာ၊ ဖြည့်စွက်တာ၊ ပြန်သုံးသပ်တာ အစရှိသဖြင့်ပေါ့။ အဲဒါတွေ တစ်ကယ်အ သက်ဝင်လာဖို့၊ နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ အစိုးရအဖွဲ့အစည်းတွေအကြား အထွေထွေ သဟဇာတဖြစ်ဖို့ အဲဒါတွေ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ အကြောင်းကိစ္စတစ်ခုရှိရင် ဆက်သွယ်နိုင်ဖို့ ဆက်သွယ်နိုင်မယ့် လမ်းကြောင်းလေးတစ်ခု ထားသွားဖို့လည်း ဥက္ကဋ္ဌကြီးက အ လေးအနက် ပြောသွားပါတယ်''ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ပြောပါသည်။
အဆိုပါဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ စီးပွားကူးသန်းရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်သိမ်း၊ အားကစား၊ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဥက္ကဋ္ဌ သူရဦးအေးမြင့်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးဌေးမြင့်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာဆိုင်ရာ ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကို၊ ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သိန်းလင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည် တို့ တက်ရောက်ခဲ့ပြီး ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ကိုပြုံးချို၊ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုအံ့ဘွယ်ကျော် စသူတို့ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သူရဦးရွှေမန်းနဲ့ ၈၈ မျိုးဆက်ကျောင်းသားများ ပထမဆုံးအကြိမ် တွေ့ဆုံ


မြန်မာနိုင်ငံရေးမှာ ပါဝင်ပတ်သက်သူတွေ အချင်းချင်း ယုံကြည်မှုတွေ ရရှိကြပြီး အထွေထွေ သဟဇာတ ဖြစ်မြောက်ရေးအတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နဲ့ (၈၈) မျိုးဆက်ကျောင်းသားများ အဖွဲ့တို့ တွေ့ဆုံဆွေးနွေးကြ ပါတယ်။
အဲဒီဆွေးနွေးပွဲဟာ ပွင့်လင်းပြီး အပြုသဘော ရှိကြတယ်လို့ တက်ရောက်ကြသူတွေထဲ ပါဝင်တဲ့  (၈၈)မျိုးဆက်ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုကိုကြီး က ပြောပါတယ်။

"အဓိက ပြောဖြစ်တာကတော့ အလုပ်သမား ကိစ္စ၊ နောက် ဒီလယ်ယာမြေ နဲ့ ပတ်သက်တဲ့ ကိစ္စတွေ အစရှိသဖြင့် လက်ရှိ ကျွန်တော်တို့ နိုင်ငံမှာ ဖြစ်နေတဲ့ ပြဿနာတွေပေါ့လေ။ အဲဒီမှာ လွှတ်တော်ကနေပြီး ဒီဥပဒေတွေ ပြင်ဆင်တာ၊ ပြဌာန်းတာ၊ ဖြည့်ဆွက်တာ၊ ပြန်သုံးသပ်တာ၊ အစရှိသဖြင့်ပေါ့။ အဲဒါတွေကို တကယ်အသက်ဝင်လာဖို့ အာဏာကြီး သုံးရပ်ဖြစ်တဲ့ ဥပဒေပြု၊ အုပ်ချုပ်ရေး မဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင်၊ ဒီ ၃ခု ပြန်လှန်ထိန်းကျောင်းပြီးတော့ စစ်ဆေးတဲ့ check and balance တွေ အားကောင်းဖို့ ကျွန်တော်တို့ နိုင်ငံရေး အင်အားစုတွေ အပိုင်းက လူထု ယုံကြည်ထောက်ခံမှု ရထားတဲ့ moral authority ကို ဒီဖက်က အုပ်ချုပ်ရေး အာဏာ ရထားတဲ့ ပုဂ္ဂိုလ်တွေနဲ့ အထွေထွေ သဟဇာတ ဖြစ်မှုဟာ ကျွန်တော်တို့ နိုင်ငံတော် ပြုပြင်ပြောင်းလဲရေး အတွက် အရေးကြီးတယ်။ ဒါ ကျွန်တော်တို့ အားလုံး ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်ဆိုတာ ပြောခဲ့တာပါ။"

ရန်ကုန်မြို့ ရွှေဂုံတိုင်တာဝါမှာ ရှိတဲ့ ပြည်သူလွှတ်တော် ဥပဒေရေးရာသုံးသပ်ရေး ရုံးခွဲမှာ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နဲ့ ဆွေးနွေးကြတဲ့အထဲမှာ (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ကိုမင်းကိုနိုင်၊ ကိုမြအေး၊ ကိုပြုံးချို၊ ကိုဂျင်မီ နဲ့ ကိုအံဘွယ်ကျော် တို့လည်း ပါဝင်ကြပါတယ်။

တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို ကာကွယ်နိုင်သည့် လယ်ယာမြေဥပဒေအဖြစ် ပြုပြင်ပြောင်းလဲနိုင်ရန် စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေး ကွန်ရက်အဖွဲ့(FSWG) မြေလုပ်ငန်းအဖွဲ့ခွဲ (LCG )မှ ပြင်ဦးလွင်၊မန္တလေး အစရှိသောမြို့များရှိ လယ်လုပ်ကိုင်သူများထံ ကိုးလကြာ စစ်တမ်းများ ကောက်ယူခဲ့ကြောင်း သိရှိရသည်။
''အားနည်းချက်တွေကို ပြင် ဦးလွင်မြို့၊ မန္တလေးမြို့ဝန်းကျင်မှာ စစ်တမ်းကောက်ခဲ့တယ်။ အခုပြဌာန်းထားတဲ့ လယ်ယာမြေဥပဒေကို သြဂုတ်လမှာ NGO တွေ၊ မြေယာ ဥပဒေပညာရှင်တွေ၊ လက်တွေ့ စစ်တမ်းကောက်နေတဲ့သူတွေ စုစည်းပြီး သက်ဆိုင်ရာပညာရှင်တွေနဲ့ ပြန်လည်ပြုပြင်သွားမယ်''ဟု FSWG မှ Ms. Sue Mark က ပြောကြားသွားခဲ့သည်။
''ဒီပြဌာန်းထားပြီးတဲ့ လယ်မြေဥပဒေဟာ မပြည့်စုံဘူးလို့ ကျွန်တော်တို့ ထင်တယ်။ ပြည်စုံအောင် လုပ်ကိုလုပ်ရမယ်။ အစိုးရကို ဆန့်ကျင်တာလည်း မဟုတ်ဘူး။ တောင်သူလယ်သမားတွေကိုလည်း မနစ်နာစေချင်ဘူး။ အခုကျွန်တော်တို့ ကြားသိထားတာက လယ်ယာမြေဥပဒေကို ပြန်လည် သုံးသပ်မယ်။ အဲဒီအတွက် ရှေ့နေ ၁၂ဦးပါဝင်တဲ့ အဖွဲ့တွေ ဆောင်ရွက်နေပြီလို့လည်း သိရပါတယ်။ ကျွန်တော်တို့အနေနဲ့ ပုဂ္ဂလိက အခန်းကဏ္ဍလည်း ပါချင်တယ်။ လူမှုအခြေပြု အဖွဲ့အစည်းတွေလည်း ပါချင်တယ်။ UN က အဖွဲ့အစည်းတွေ အောက်ခြေအဆင့် လယ်သမားတွေလည်း ၀န်ကြီးဌာနကလူတွေ ပညာရှင်တွေ မျက်နှာစုံညီစည်းဝေးပြီး တောင်သူလယ်သမား အကျိုးကာကွယ်နိုင်မယ့် လယ်ယာမြေဥပဒေ ဖြစ်စေချင်ပါတယ်။ ဒါမှလည်း ပြီးပြည့်စုံတဲ့ လယ်ယာမြေဥပဒေ ပေါ်ထွက်လာမယ်လို့ ယူဆပါတယ်''ဟု Land Core Group  ဥက္ကဋ္ဌ ဦးရွှေသိန်းက ပြောကြားသည်။
လယ်ယာမြေဥပဒေအား ပြန်လည်ပြင်ဆင်လိုသည့် အဓိကရည်ရွယ်ချက်မှာ ၂၀၁၄ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် မြေယာ(သစ်တောနှင့်စိုက်ပျိုးမြေ)နှင့် ပတ်သက်သော ဥပဒေရေးရာ အင်စတီကျူးရှင်းများတွင် တိကျသော နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများ ထွက်ပေါ်လာပြီး အ သေးစား လယ်သမားငယ်များ၊ အမျိုးသမီးများနှင့် တိုင်းရင်းသား လူနည်းစုများ၏ မြေယာပိုင်ဆိုင်လုပ်ပိုင်ခွင့်အား အကာအကွယ်ပေးနိုင်ရေးအတွက်ဖြစ်ကြောင်း အဆိုပါရှင်းလင်းဆွေးနွေးပွဲမှ သိရှိရသည်။
Eco Dev မှ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမျိုးသူက လယ်ယာမြေဥပဒေ ပြင်ဆင်မည်ဆိုခြင်းနှင့် ပတ်သက်၍''အခုချိန်မှာ သမ္မတကြီးကလည်း ပြဿနာပေါင်းစုံနဲ့ အကျပ်ရိုက်နေတဲ့အချိန်ဆိုတော့ အောက်ခြေက တောင်သူလယ်သမားတွေကိစ္စကို သေချာဖြေရှင်းဖို့ လိုနေပြီ။ အဖြေရှာဖို့   အတွက် စနစ်တကျနဲ့ ဖြစ်နိုင်တဲ့နည်းလမ်းရှာဖွေပြီး ဖြေရှင်းမှ ကောင်းပါမယ်။ မဟုတ်ရင် တောင်သူတွေပဲ အထိနာမှာလေ။ အောက်ခြေက ပြည်သူတွေရဲ့ခံစားချက်နဲ့ အထက်အဖွဲ့အစည်းက ပညာရှင်တွေ စုစည်းပြီးတော့ တောင်သူလယ်သမားတွေ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို သေသေချာချာ မှတ်တမ်းတင်ပြီးတော့ စနစ်တကျ ဖြေရှင်းပေးသင့်တယ်။''ဟု သုံးသပ်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံဆန်စပါးအသင်းမှ အကြီးတန်းအကြံပေးပုဂ္ဂိုလ် ဦးတင်ထွဋ်ဦးက ''ဇွန်လ ၁၈ရက်နေ့က ဖွဲ့စည်းခဲ့တဲ့ မြေယာခွဲဝေအသုံးချမှု စိစစ်ရေးကော်မတီမှာ ဒုဝန်ကြီးလေးပါးဦးဆောင်ပြီး အတွင်းရေးမှူးအဖြစ် သစ်တော ညွှန်ချုပ်နဲ့ကြေးတိုင်က ညွှန်ချုပ်တို့က ဆောင်ရွက်မယ်။ မြေယာဥပဒေနဲ့ သက်ဆိုင်တာတွေကို ပြန်လည်သုံးသပ်ပြီး မြေယာအခွန် ကောက်ခံမှုစနစ်ကို ပြန်ကြည့်မယ်။ မြေအသုံးချမှုနဲ့ပတ်သက်ပြီး လက်ရှိစည်းမျဉ်းတွေကို ပြန်သုံးသပ်ဖို့ လိုတယ်။ မကြာခင်မှာဖြစ်လာမယ့် လယ်မြေဥပဒေသစ်မှာ တောင်သူလယ်သမားတွေ အသုံးပြုသူ အခွင့် အရေးရသင့်တယ်၊ သူတို့ရဲ့လယ်မြေပိုင်ဆိုင်ခွင့်ကို ပယ်လို့မရဘူး''ဟုလည်း အဆိုပါဆွေးနွေးပွဲတွင် သုံးသပ်ပြောကြားခဲ့သည်။ 
၁၉၅၃ခုနှစ်၊ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ၊ ၁၉၆၃ ခုနှစ်၊ သီးစားချထားရေးဥပဒေ၊ ၁၉၆၃ ခုနှစ် တောင်သူလယ်သမား အကျိုး ကာကွယ်သည့်ဥပဒေ၊ ဥပဒေ သုံးခုအား၂၀၁၂ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၁။ ၂၀၁၂ ခုနှစ်၊ မတ်လ၃၀ရက်၊ ရက်စွဲဖြင့်  ပြဋ္ဌာန်းခဲ့သော လယ်ယာမြေဥပဒေဖြင့် ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
''လယ်ယာမြေမှတ်ပုံတင်ဖို့ ကျွန်မတို့ရွာကနေ ဖားကန့်ကို လာဖို့ကလည်း လယ်မြေမှတ်ပုံတင်ကြေး ၅ ကျပ်၊ ၁၀ ကျပ်ဆိုပေမယ့် ခရီးစရိတ်က ကျပ်တစ်သိန်းလောက်မရှိဘဲနဲ့ သွားလို့မရဘူး။ တောင်သူလက်ထဲမှာလည်း ကျပ်တစ်ထောင်တောင် မလွယ်တဲ့အတွက် ဒီချလန်ကို သွားမယူနိုင်ဘူး။ ဒီလို မယူနိုင်တော့ ချလန်ကိုသိမ်းထားပြီး လယ်မြေနဲ့ ဥယျာဉ်ခြံတွေကို သိမ်းကြတာပါ''ဟု ဖားကန့်မြို့နယ်အတွင်း လယ်ယာနှင့် ဥယျာဉ်ခြံမြေ အသိမ်းခံခဲ့ရသူများတွင် ပါဝင်သော ဒေါ်ဘောက်ဂျာက ပြောကြားခဲ့သည်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung


0 comments:

Post a Comment