နိုင်ငံတကာသတင်း


ဒီမိုကရက်တစ်ညီလာခံအတွင်း အိုဘားမားကို သမ္မတလောင်း အဆိုပြု


ဗုဒ္ဓဟူးနေ့ညပိုင်း အမေရိကန်နိုင်ငံ တနိုင်လုံးကို ထုတ်လွှင့်ပြသတဲ့ ဒီမိုကရက်ပါတီရဲ့ ပြည်လုံးကျွတ် ညီလာခံကြီးမှာ သမ္မတဟောင်း ဘီလ်ကလင်တန်က လက်ရှိသမ္မတ ဘားရက် အိုဘားမားကို လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီဘက်က ကိုယ်စားပြုယှဉ်ပြိုင်မယ့် သမ္မတလောင်းအဖြစ် တရားဝင်အဆို တင်သွင်းလိုက်ပါတယ်။

မြောက်ကယ်ရိုလိုင်းနားပြည်နယ် ရှားလော့ခ်မှာ ကျင်းပနေတဲ့ ဒီမိုကရက်ပါတီရဲ့ ပြည်လုံးကျွတ် ညီလာခံကြီးမှာ မိန့်ခွန်း ပြောကြားရင်း မစ္စတာ ဘီလ်ကလင်တန်က ရီပတ်ပလစ်ကင်ပါတီဘက်က ပြောဆိုနေတဲ့ စကားတွေဟာ အိမ်မက်ကမ္ဘာဆန်လွန်းတယ်လို့ ဝေဖန်ပြစ်တင် လိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် ဖလော်ရီဒါပြည်နယ်မှာ ကျင်းပခဲ့တဲ့ ရီပတ်ပလင်ကန်ပါတီရဲ့ ပြည်လုံးကျွတ် ညီလာခံမှာ သမ္မတအိုဘားမား စတင် သမ္မတအဖြစ် တာဝန်ယူခဲ့တဲ့ ၂၀၀၉ခုနှစ်ကစလို့ ဒီနေ့အချိန်မှာ အဆိုးဆုံးဖြစ်နေတယ်ဆိုတဲ့ အချက်ကို အလေးထားပြီးတော့ ပြောဆိုခဲ့ကြပါတယ်။ ဒီလိုပြောဆိုချက်တွေကို သမ္မတဟောင်း မစ္စတာ ကလင်တန်က သဘောမတူပါဘူး။

မစ္စတာကလင်တန်ဟာ အမေရိကန်နိုင်ငံသားကြားမှာ ပေါ်လွင်ထင်ရှားဆဲ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ သူ-နှစ်ကြိမ် ဆက်တိုက် တာဝန်ယူခဲ့တဲ့ ၁၉၉၀ခုနှစ်တွေအတွင်း အမေရိကန်နိုင်ငံ စီးပွားရေးကောင်းမွန်ခဲ့တာကို အမေရိကန်နိုင်ငံသားတွေက အမှတ်ရနေဆဲဖြစ်ပါတယ်။ မစ္စတာကလင်တန်ရဲ့ မိန့်ခွန်းပြီးဆုံးချိန်မှာတော့ မစ္စတာ ဘားရက်အိုးဘားမားဟာ မိန့်ခွန်းပြောတဲ့ စင်မြင့်ပေါ်ကို တက်လာခဲ့ပါတယ်။



တရုတ်နှင့် အိန္ဒိယစစ်ရေးပူးတွဲ လေ့ကျင့်မှုကို လေးနှစ်ကြာ ရပ်ဆိုင်းထားခဲ့ရာမှ ပြန်လည်စတင်မည်ဖြစ်ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီး A.K Antony က တရုတ်ကာကွယ်ရေးဝန်ကြီးနှင့် နယူးဒေလီတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် စက်တင်ဘာ လ ၄ ရက်တွင် ကြေညာခဲ့သည်။
အာရှအင်အားကြီး ယင်းနှစ်နိုင်ငံသည် နယ်စပ်ပြဿနာကြောင့် မကြာခဏ ဆက်ဆံရေးအဖုအထစ်များ ဖြစ်ပေါ်လေ့ရှိသည်။ ၂၀၀၈ ခုနှစ်တွင် ဗီဇာပြဿနာအပါအ၀င် သံတမန်ရေးရာ အဆင်မပြေမှုများကြောင့် စစ်ရေးပူးတွဲလေ့ကျင့်မှုကို ရပ်ဆိုင်းခဲ့သည်။
တရုတ်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး လျန်ကွမ်လိုင်သည် နယူးဒေလီသို့ လေးရက်ကြာ သွားရောက်ခဲ့ပြီး တရုတ်ကာကွယ်ရေးဝန်ကြီးတစ်ဦးက အိန္ဒိယသို့ ရှစ်နှစ်အတွင်း ပထမဆုံးအကြိမ် သွားရောက်လည်ပတ်ခဲ့ခြင်းဖြစ်သည်။
တရုတ်ကာကွယ်ရေးဝန်ကြီးရောက်ရှိစဉ် နယူးဒေလီတွင် တိဗက်အရေး လှုပ်ရှားသူများ၏ ဆန္ဒပြမှုများကို ဟန့်တားနိုင်ရန် လုံခြုံရေးတင်း ကျပ်ထားခဲ့သည်။
၁၉၆၂ ခုနှစ်တွင် အိန္ဒိယအရှေ့မြောက်ပိုင်းရှိ အရွန်ချာပရာဒေ့ရှ်ပြည်နယ်တွင် နှစ်နိုင်ငံအကြား တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ပြီးနောက် နယ်စပ်ပြဿနာအတွက် ဆွေးနွေးပွဲ ၁၄ ကြိမ် ပြုလုပ်ခဲ့သော်လည်း အောင်မြင်မှုမရ ရှိခဲ့ပေ။
နယ်စပ်များတွင် တရုတ်က စစ်ရေးအင်အားတိုးမြှင့်နေမှုမှာ အိန္ဒိယအတွက် အဓိကစိုးရိမ်စရာဖြစ်နေပြီး အိမ်နီးချင်းရန်ဘက် ပါကစ္စတန်ထက် တရုတ်ကို ခြိမ်းခြောက်မှုအဖြစ် ကာလရှည်ကြာ ရှုမြင်လာခဲ့သည်။ အိန္ဒိယသြဇာလွှမ်းမိုးမှုရှိသော သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်ကဲ့သို့သော နိုင်ငံများတွင်ပင် တရုတ်ကသြဇာလွှမ်းမိုးနိုင်ရန် တိုးမြှင့်ကြိုးပမ်းလာမှုကိုလည်း အိန္ဒိယက စိုးရိမ်နေသည်။
တရုတ်-အိန္ဒိယ ပထမဆုံးအကြိမ် စစ်ရေးလေ့ကျင့်မှုကို ၂၀၀၇ ခုနှစ်က ကူမင်းတွင် ဆောင်ရွက်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ ဒုတိယအကြိမ် ကျင်းပခဲ့သည်။ အငြင်းပွား ကက်ရှ်မီးယားတွင် အခြေစိုက်သော အိန္ဒိယတပ်မှူးတစ်ဦးကို ပြည်ဝင်ခွင့် ပေးရန် ပေကျင်းကငြင်းပယ်ခဲ့ပြီးနောက် တတိယအကြိမ် စစ်ရေးလေ့ကျင့်မှုကို ဆိုင်းငံ့ခဲ့သည်။
စင်ကာပူအခြေစိုက် တောင်အာရှလေ့လာရေးသိပ္ပံမှ မဟာဗျူဟာရေးရာကျွမ်းကျင်သူ အက်စ်ဒီမူနီက ပေကျင်းသည် အိန္ဒိယနှင့် နယ်စပ်အငြင်းပွားမှုကို အလျင်အမြန် ဖြေရှင်းရန် မလိုလားကြောင်း ပြောကြားခဲ့သည်။

မြန်မာအစိုးရ မူးယစ်ဆေးဝါး တိုက်ဖျက်ဖို့ ပျက်ကွက်နေတယ်လို့ ထိုင်းအစိုးရဝေဖန်

မြန်မာအစိုးရဟာ မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချမှုတွေကို တိုက်ဖျက်ဖို့ ပျက်ကွက်နေတယ်လို့ ထိုင်းအစိုးရ မူးယစ်ဆေးဝါး နှိမ်နင်းရေးကို တာဝန်ယူထားသူ ဒုတိယ ၀န်ကြီးချုပ် တစ်ဦးက မနေ့က ပြောလိုက်ပါတယ်။ 




တရုတ်နှင့် ပိုင်ဆိုင်မှုအငြင်းပွားနေသော တောင်တရုတ်ပင်လယ်အတွင်းရှိ ကျွန်းစုအားဝယ်ယူရန် ဂျပန်အစိုးရက သဘောတူလိုက်ပြီဖြစ်ကြောင်း ဂျပန်နေ့စဉ်သတင်းစာ ယိုမီယူရီက စက်တင်ဘာလ ၅ ရက်နေ့တွင် ဖော်ပြခဲ့သည်။
ဂျပန်တွင် ရှင်ကာကူ ၊ တရုတ်တွင် တိုင်အိုယူဟု သိကြသည့်ကျွန်းစုများအနက်မှ ကျွန်းသုံးကျွန်းကို မူလပိုင်ဆိုင်သည့် ဂျပန်မိသားစုထံမှ ယန်း ၂ ဒသမ ၀၅ ဘီလျံ (အမေ ရိကန်ဒေါ်လာ ၂၆ သန်း) ဖြင့်ဝယ်ယူရန် ဂျပန်အစိုးရက မကြာမီလက်မှတ်ထိုး စာချုပ်ချုပ်ဆိုတော့မည်ဖြစ်ကြောင်း အမည်မဖော်လိုသော အစိုးရသတင်းအမြစ်ကို ကိုးကားပြီး ယိုမီယူရီရှင်ဘွန်းနှင့် ကျိုဒိုသတင်းအေဂျင်စီတို့က ဖော်ပြခဲ့သည်။
ဂျပန်ဝန်ကြီးအဖွဲ့အတွင်းရေးမှူး ကိုယ်စားလှယ်သည် စက်တင်ဘာလ ၃ ရက်နေ့က ကျွန်းသုံးကျွန်းကို ၀ယ်ယူရန် ယင်းကျွန်းစုပိုင်ရှင်နှင့်တွေ့ဆုံပြီး အရောင်းအ၀ယ်အတွက် သဘောတူညီမှုရရှိခဲ့ကြောင်း ယိုမီယူရီရှင်ဘွန်းသတင်းစာက ဖော်ပြခဲ့သည်။
အရောင်းအ၀ယ်စာချုပ်ကိုမူ ယခုလကုန်တွင် ချုပ်ဆိုဖွယ်ရှိကြောင်းနှင့် အစိုးရဘက်က ယင်းကိစ္စနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာအတည် ပြုပြောကြားခြင်းမရှိသေးသော်လည်း ယခုလလယ်ပိုင်းတွင်မူ အတည်ပြု နိုင်ဖွယ်ရှိကြောင်း သိရသည်။
ယင်းကျွန်းစုကို ၀ယ်ယူနိုင်ရန် ပြည်သူများ၏ လှူဒါန်းမှုများကို စုဆောင်းထားလျက်ရှိပြီး ယင်းအရောင်းအ၀ယ်ကြောင့် တရုတ်နိုင်ငံနှင့်ဖြစ်ပေါ်လျက်ရှိသော တင်းမာမှုများသည် ပိုမိုမြင့်တက်လာဖွယ်ရှိကြောင်း သိရသည်။
ဝန်ကြီးချုပ်နိုဒါသည် ယင်းအရောင်းအ၀ယ်ကို ယခုလနှောင်းပိုင်းရှိ ကုလသမဂ္ဂ အထွေထွေညီလာခံပြီးနောက် ပြုလုပ်မည့် ဂျပန်-တရုတ်ထိပ်သီးအစည်းအဝေးတွင် ကြေညာရန် ကြံစည်ထားကြောင်း သိရသည်။
ဂျပန်ဝန်ကြီးအဖွဲ့မှ အရောင်းအ၀ယ်အား အတည်ပြုပြီးပါက တရုတ်တို့ဘက်မှ ဝေဖန်မှုများ ပိုမိုမြင့်တက်လာဖွယ်ရှိကြောင်း အဆာဟိရှင်ဘွန်းသတင်းစာတွင် ဖော်ပြခဲ့သည်။
ကျွန်းစုဝယ်ယူရေး ဂျပန်အစိုးရက သဘောတူညီခဲ့ကြောင်း ဂျပန်မီဒီယာများက ဖော်ပြခဲ့ပြီးနောက် တရုတ်က ပိုင်နက်ကို ကာကွယ်ရန် လိုအပ်သည့်အရေးယူများ ဆောင်ရွက်သွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment