နိုင်ငံတကာသတင်း

သံရုံးတိုက်ခိုက်ခံရမှု စုံစမ်းဖော်ထုတ်ရေး လစ်ဗျား အမေရိကန် ပူးပေါင်းဆောင်ရွက်မည်


အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်က ဂျူးအနွယ်ဖွား ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက အပျော်တမ်းရိုက်ကူးပြီး Youtube website မှာ တင်ထားတဲ့၊ အစ္စလမ်ဘာသာရဲ့ အထွဋ်အမြတ်ဖြစ်တဲ့ တမန်တော် မိုဟာမက်ကို လှောင်ပြောင်စော်ကား ထားတယ်လို့ စွတ်စွဲခံထားရတဲ့ The Innocence of Muslims ဆိုတဲ့ ဗီဒီယိုရုပ်ရှင် ဟာ၊ စက်ဆုပ်ရွံရှာဖွယ်ဖြစ်ပြီးတော့ တာဝန်မဲ့စွာ ရိုက်ကူးထားတာကြောင့် အပြင်းအထန် ပြစ်တင်ရှုံ့ချတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ရုပ်သံလွှင့်ပြီး ကြေညာနေတာကို အခုကျနော်တို့ သတင်းကြေငြာနေစဉ်မှာ တွေ့ရပါတယ်။

ဒါပေမယ့် အကြမ်းဖက်တိုက်ခိုက်မှုတွေကိုတော့ အမေရိကန်အစိုးရက လက်မခံဘူးလို့ လည်း ဝန်ကြီးကလင်တန်က ပြောဆိုလိုက်ပါတယ်။ အစ္စလမ်မစ် စစ်သွေးကြွတွေလို့ မသင်္ကာရသူတွေက၊ လစ်ဗျားနိုင်ငံ ဘင်ဂါဇီ (Bengazi) မြို့က အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးမှာ ဒီဗီဒီယိုရုပ်ရှင်ကို အကြောင်းပြုပြီးတော့ အမေရိကန်သံအမတ်ကြီး နဲ့ ၀န်ထမ်းသုံးဦးတို့ သေဆုံးသွားရတဲ့အထိ တိုက်ခိုက်ခဲ့မှုကို စုံစမ်းစစ်ဆေးရေး အတွက်၊ အမေရိကန်နဲ့ လစ်ဗျားအစိုးရတို့ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားကြ ဖို့ သဘောတူညီခဲ့ကြပါတယ်။

စက်တင်ဘာ (၁၂)နေ့ညပိုင်းက အမေရိကန်သမ္မတ ဘရက်(ခ်)အိုဘားမား (Barack Obama) က၊ လစ်ဗျား အမျိုးသားလွှတ် တော်ရဲ့ ဥက္ကဋ္ဌ မိုဟာမက် မာဂါရီရက်ဖ် (Mohamed Magarief) ဆီကို ဖုံးဆက်ပြီးတော့ ခုလို သဘောတူညီခဲ့ကြတာလို့၊ သမ္မတအိမ်ဖြူတော်က ကြေညာခဲ့ ပါတယ်။ လစ်ဗျားဆိုင်ရာ အမေရိကန်သံအမတ်ကြီး သေဆုံးခဲ့တာနဲ့ ဘင်ဂါဇီမြို့ အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်ခံခဲ့ရတာတွေအတွက်၊ လစ်ဗျား အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက သမ္မတ အိုဘားမားကို တောင်းပန်စကားပြောကြားခဲ့ပါတယ်။

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်က အမေရိကန်သံရုံးရှေ့မှာ ဆက်ပြီး ဖြစ်ပေါ်နေတဲ့ အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီးတော့လည်း၊ အီဂျစ်က အမေရိကန်သံရုံးနဲ့ အမေရိကန်ဝန်ထမ်းတွေရဲ့ လုံခြုံရေးအတွက် အီဂျစ်အစိုးရဟာ အမေရိကန်ပြည်ထောင်စုနဲ့ မလွဲမသွေ ပူးပေါင်းဆောင်ရွက်ရမယ်လို့၊ သမ္မတ အိုဘားမားက အီဂျစ်သမ္မတ မိုဟာမက် မော်စီ (Mohamed Morsi) ဆီကိုလည်း ဖုံးဆက်ပြီးပြောကြားခဲ့ပါတယ်။ ဒီကနေ့ စက်တင်ဘာ (၁၃)ရက်နေ့မှာ၊ ကိုင်ရိုမြို့က အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြနေကြတဲ့ လူငယ် (၂၀၀) လောက်ကို အီဂျစ်ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေသုံးပြီး လူစုခွဲခံကြပါတယ်။

လစ်ဗျားနိုင်ငံ ဘင်ဂါဇီ မြို့က အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်ခံ-ခဲ့ရတာကြောင့် လစ်ဗျားက အမေရိကန်နိုင်ငံ သားတွေကို ကာကွယ်စောင့်ရှောက်ဖို့ အမေရိကန်ရေတပ် Destroyer  အမျိုးအစား ဖျက်သင်္ဘောနှစ်စီး၊ အကြမ်းဘက်မှုတိုက်ဖျက်ရေး တပ်ဖွဲ့တစ်ဖွဲ့နဲ့ FBI က စုံစမ်းစစ်ဆေးရေး အရာရှိတွေပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ကို အမေရိကန်အစိုးရက လစ်ဗျားနိုင်ငံကို စေလွှတ်ထားပါတယ်။


ထိုင်း ဒုက္ခသည် မူဝါဒ HRW ဝေဖန်

 

 

မြန်မာနိုင်ငံမှ ဒုက္ခသည်များ အပါအ၀င် နိုင်ငံရေး ခိုလှုံသူများနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံ ၏ ဆောင်ရွက်မှုသည် အားနည်းချက်များ ရှိကြောင်း အမေရိကန် အခြေစိုက် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့(HRW) က ဝေဖန်ပြောဆိုလိုက်သည်။ ထို့အပြင် ဒုက္ခသည်များ ဆိုင်ရာ မူဝါဒတွင်လည်း အမျိုးသားရေး အတွက် ဦးစားပေး၍ အသုံးချပြီး ဖမ်းဆီးမှုများ၊ သက်ဆိုင်ရာနိုင်ငံသို့ ပြန် လည် ပို့ဆောင်မှုများပြုလုပ်လျက် ရှိကြောင်းလည်း ယနေ့ရက်စွဲဖြင့် ထုတ်ပြန်သည့် HRW ၏ စာမျက်နှာ ၁၅၀ ကျော်ပါ အစီရင် ခံ စာ ၌ ဖော်ပြထားကြောင်း The Nation သတင်းတွင် ရေးထားသည်။

မြန်မာနိုင်ငံ လူနည်းစုများအရေး ဗြိတိန်ပါလီမန် ဆွေးနွေး

အတိုက်အခံနှင့် မြန်မာအစိုးရ တာဝန်ရှိ ဝန်ကြီး အပါအဝင် မြန်မာနိုင်ငံတွင်းရှိ အစ္စလာမ် ဘာသာဝင် ရိုဟင်ဂျာ လူနည်းစုအရေး ပြောကြားခဲ့သည့် မိန့်ခွန်းများနှင့် စပ်လျဉ်း၍ ဗြိတိသျှ ပါလီမန်အမတ်များက အင်္ဂါနေ့တွင် အချေအတင် ဆွေးနွေးခဲ့ကြသည်။အဆိုပါ အချေအတင်ဆွေးနွေးပွဲမှာ တနာရီခွဲမျှ ကြာမြင့်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း သုံးလကြာမျှ ဖြစ်ပွါးခဲ့သည့် လူ ၇၇ ဦး သေဆုံးခဲ့ရသော လူမျိုးရေး ဆူပူမှုများနှင့် စပ်လျဉ်း၍ ပြောကြားခဲ့သည့် မိန့်ခွန်းများကို ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ ဤဆူပူမှုကြောင့် လူပေါင်း ခြောက်သောင်းမျှ အိုးအိမ်များကို စွန့်ခွါထွက်ပြေးခဲ့ကြရပြီး နိုင်ငံတကာမှ အကူအညီများ ပေးအပ်ခဲ့ကြသည်။

မြန်မာ့ ဒီမိုကရေစီအရေးအတွက် ပါတီပေါင်းစုံပါဝင်သည့် ပါလီမန်အမတ်များအဖွဲ့က အစည်းအဝေးတရပ်ကို လက်ခံကျင်းပဦးမည်ဖြစ်ပြီး ယင်းအစည်းအဝေးတွင် ချင်း လူ့အခွင့်အရေး အဖွဲ့ကလည်း မြန်မာနိုင်ငံတွင်း ချင်းတိုင်းရင်းသားများ ခံစားနေရသော ဘာသာရေး ဖိနှိပ်ညှဉ်းပန်းမှုများကို တင်ပြဆွေးနွေးသွားမည် ဖြစ်သည်။
ဤအချေအတင် ဆွေးနွေးပွဲနှင့် အစည်အဝေးများက မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသားများ ဆက်လက်ရင်ဆိုင် ကြုံတွေ့နေရသော ဖိနှိပ်ညှဉ်းပန်းခံရမှုများ၊ မူဆလင်နှင့် ခရစ်ယာန်များအပေါ် ဖိနှိပ်ညှဉ်းပန်းမှုများအကြောင်း အဓိက အာရုံစိုက် ဆွေးနွေးသွားကြမည် ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်သည် အမျိုးသားရေး အခြေခံ၍ ရိုဟင်ဂျာများကို ဆန့်ကျင် ပြောကြားခြင်းကြောင့် မကြာသေးခင် လများအတွင်း လူထုထောက်ခံမှုကို ထူးထူးခြားခြား ရရှိခဲ့သည်ဟု မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့တခု ဖြစ်သည့် Burma Campaign (UK) ၏ တနင်္လာနေ့ထုတ် ကြေညာချက်တွင် ရေးသားထားသည်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment