ဦးဝင်းတင် စာအုပ်များနှင့် တိပ်ခွေများ မူပိုင်ခွင့်နှင့် ဝင်ငွေအားလုံး ဖောင်ဒေးရှင်းသို့လှူ

ဟံသာဝတီ ဦးဝင်းတင်သည် ၎င်းရေးသားထုတ်ဝေပြီးနှင့် ဆက်လက်ထုတ်ဝေမည့် စာအုပ်များ၊ ဆောင်းပါးများ၊ အသံသွင်းတိတ်ခွေများ စသည်တို့မှ မူပိုင်အခွင့်အရေးနှင့် ရရှိမည့် ဝင်ငွေအားလုံးကို ‘ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်း’သို့ အပြီးအပိုင် လှူဒါန်းသွားမည် ဖြစ်သည်။

“အခုမှ မဟုတ်ပါဘူး။ ခပ်စောစောပိုင်း ဖောင်ဒေးရှင်း မတိုင်ခင်ကတည်းကပဲ ကျနော်ရတဲ့ ပိုက်ဆံကို လိုအပ်တဲ့ လူတွေကို ပေးခဲ့တယ်။ ကျနော် သတင်းစာဆရာ၊ စာရေးဆရာဘဝမှာလည်း တတ်နိုင်သလောက် လုပ်ပေးခဲ့တယ်။ ငယ်ငယ် ကတည်းကလည်း ကျောင်းထားပေးသင့်သူကို ထားပေးတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို ကူညီတယ်” ဟု ဖောင်ဒေးရှင်း၏ နာယက ဦးဝင်းတင် က ပြောပြသည်။
စက်တင်ဘာလ ၁၂ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမ
တွင် ကျင်းပပြုလုပ်သည့် ဖောင်ဒေးရှင်း၏ စတုတ္တ အကြိမ်မြောက်
ထောက်ပံ့ငွေ ပေးအပ်ပွဲတွင် ပြောကြားသွားခြင်း ဖြစ်သည်။

“အခုတခေါက် ထောင်က ထွက်လာတော့ ငါ ပိုလုပ်ရတော့မယ် ဆိုပြီး ဖောင်းဒေရှင်း ထောင်ပြီး လုပ်ဖြစ်သွားတာပါ။ အရင်ကရေးခဲ့တဲ့ စာအုပ်တွေကလည်း ပြန်ထွက်ခွင့် ရတော့ အဲဒီက ရတဲ့
ငွေတွေကို ကျနော် လှူလိုက်တော့မယ် ဆိုပြီ လှူဖြစ်သွားတာပါ” ဟု ဆရာကြီးက ဆက်လက် ပြောကြားသွားသည်။

ဦဝင်းတင်သည် ယခု အခါ အသက် ၈၃ နှစ် အရွယ်ရှိပြီး “ကွိ”၊ “ဥတ္တရ အလင်း”၊ “ကမ္ဘာနီတွင် တဒင်္ဂ”၊ “အလှ ရှာပုံတော်”၊ “ခြေမှာ စကား၊ လက်ဖြား ကဗျာ၊ မျက်နှာ ဇာတ်လမ်း” နှင့် “ဘာလဲဟဲ့ လူ့ငရဲ” စသည့် စာအုပ်များကို ရေးသားခဲ့ကာ ဟံသာဝတီ သတင်းစာ အယ်ဒီတာအဖြစ်ဆောင်ရွက်ခဲ့သည်။

ဖမ်းဆီးထိန်းသိမ်း ခံရဆဲ နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ နှင့် ဘဝတူ စာနယ်ဇင်း သမားများအား ကူညီထောက်ပံ့နိုင်ရန် ရည်ရွယ်၍ ဆရာကြီး၏ ၈၂ နှစ်ပြည့် မွေးနေ့ မတ်လ ၁၂ ရက်နေ့တွင် ‘ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်း’ကို  စတင် တည်ထောင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ကဗျာဆရာကြီး ဒဂုန်တာရာသည်လည်း ဖောင်ဒေးရှင်းနာယက တဦးအဖြစ် ဆောင်ရွက်ပေးပြီး အခြား ထင်ရှားသော သူများဖြစ်သည့် ရှေ့နေကြီး ဦးသာဘန်း၊ စာရေးဆရာ မောင်မိုးသူ၊ သတင်းစာဆရာ မောင်ဝံသ၊ ဦးမျိုးမြင့်ငြိမ်း စသူတို့က အမှုဆောင်များအဖြစ် ပါဝင်ကြသည်။

ထောက်ပံ့ငွေပေးအပ်ပွဲတွင် ဖောင်ဒေးရှင်းအနေဖြင့် လက်ရှိအကျဉ်းကျခံနေရဆဲ နိုင်ငံရေးအကျဉ်းသား သုံးဦးဖြစ် သည့် ကိုမျိုးသန့်၊ ကိုသန်းဇော် (ခ) ကျီးကန်းနှင့် မောင်မောင်သန်းရွှေတို့နှင့်အတူ နိုင်ငံရေး အကျဉ်းသားဟောင်း ၁၃ ဦးနှင့် နိုင်ငံရေး အကျဉ်းသားဟောင်း လူငယ်ဘုံရိပ်သာများအတွက် အလှူငွေ စုစုပေါင်း ကျပ် ၆၆ သိန်း ပေးအပ် လှူဒါန်းခဲ့သည်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment