မြန်မာ သတင်းများ  စက်တင်ဘာ   ၁၈၊ ၂၀၁၂
မြန်မာနိုင်ငံသားများ မလေးရှား မြန်မာသံရုံး အနီးတွင် ဆန္ဒပြ
မလေးရှားနိုင်ငံ ကွာလာလာမ်ပူရ်မြို့ မြန်မာ သံရုံး အနီးတွင် မြန်မာနိုင်ငံသားများက ဆားလင်းကြီး မြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝ ရပ်ဆိုင်းပေးရန်၊ ကချင်စစ် ရပ်စဲရန်နှင့်  ကျန်ရှိ နေသေးသော နိုင်ငံအရေးအကျဉ်းများ လွှက်မြောက်ရေးများ အတွက် ယနေ့ နံနက်က ဆန္ဒပြ တောင်းဆို ခဲ့ကြသည်။
ဆန္ဒပြရသည့်  အကြောင်းအရင်းမှာ အချက် (၅) ချက်ကို လိုလားသဖြင့် တောင်းဆို ဆန္ဒပြရခြင်း ဖြစ်ကြောင်း ဦးဆောင်ဆန္ဒပြသူ ၈၈ မျိုးဆက် ကျောင်းသား ကိုအောင်ကြီးက နိရဉ္စရာသို့  ပြောသည်။
ဆန္ဒပြသူများက မြန်မာ အစိုးရကို အချက် (၅ ) ကိုလည်း စာရေး  တောင်းဆိုခဲ့သည်ဟု သိရသည်။
ယင်တောင်းဆိုချက် (၅)  ချက် မှာ
၁။ ကချင် စစ်ပွဲ လုံးဝ ရပ်ဆိုင်း ပေးရန်။
၂။  ပြည်တွင်းစစ်ကို အပြီး ငြိမ်းသတ်ပေးရန်။
၃။ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန် ဆက်လက် အကောင်ထည် ဖေါ်ဆောင် နေမူကို လုံးဝရပ်တန့် ပေးရန်။
၎။ ဖမ်းဆီးထိန်းသိမ်းခံ တက်ကြွလှုပ်သူများနှင့် ကျန်ရှိနေသေးသောနှိုင်ငံရေးအကျဉ်း သားများကို ချွင်းချက် မရှိ လွက်ပေးရန်။
၅။ နိုင်ငံတကာ စံချိန် စံနုန်း အတိုင်း လွတ်လပ် ပွင့်လင်း မြင်သာသော ဒီမိုကရေစီ ကျင့်စဉ် အတိုင်း လုပ်ဆောင်ရန်နှုင့် ၂၀၀၈ ခြေခံဥပဒေကို ပြင်ဆင်ပေးရန် တို့ကို တောင်းဆိုခဲ့ကြသည်ဟု သိရသည်။
ယင်းတောင်းဆိုချက် (၅) ချက်ကို  မြန်မာသံရုံးသို့ ပေးအပ်ခဲ့သည်ဟု သိရသည်။
ဆန္ဒပြတောင်းဆိုမူကို မလေးရောက် ၈၈မျိုးဆက် ကျောင်းသား လူငယ်များနှင့် အထွေထွေ သပိတ် ကော်မတီက ဦးဆောင် ပြုလုပ်ခြင်း ဖြစ်သည်ဟုသိရသည်။
ဆန္ဒပြရာတွင် လူပေါင်း  ၅၀ ကျော် ပါဝင်ပြီး ဆန္ဒပြပွဲကို နံနက် ၁၀ နာရီခွဲမှာ စတင်ကာ ၁၁ နာရီတွင် အဆုံးသတ်ခဲ့ကြသည်ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည် နှင့် ၀န်ကြီးကလင်တန် ၀ါရှင်တန်တွင် တွေ့ဆုံ – Hillary Clinton meets with Daw Suu at the State Department
ဝါရှင်တန်သို့ရောက်ရှိနေသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားရေးဝန်ကြီးကလင်တန်နှင့် ယနေ့ တွေ့ဆုံသည်။၁၇ ကြာ အမေရိကန်ခရီးစဉ်အတွင်း နိုင်ငံရေးသမား အများအပြားနှင့် တွေ့ဆုံမည့် ဒေါ်အောင်ဆန်းစုကြည်သည် မဲဆွယ်ပွဲများ၊ တာဝန်ကြီးများနှင့် မအားမလပ်ဖြစ်နေသော သမ္မတအိုဘားမားနှင့် တွေ့ဆုံရေးမှာ မသေချာသေးပေ။
 သမ္မတဦးသိန်းစိန် တရုတ်နိုင်ငံခရီးစဉ် စတင်
မြန်မာသမ္မတဦးသိန်းစိန်ဟာ အမေရိကန်ခရီးစဉ်မတိုင်ခင် စက်တင်ဘာလ ၁၈ ရက်၊ အင်္ဂါနေ့မှာ အိမ်နီးချင်းတရုတ်နိုင်ငံဆီ ချစ်ကြည်ရေးခရီး ထွက်ခွာသွားပါတယ်။
မဏ္ဍိုင်ကြီး သုံးရပ် ပွင့်လင်းမြင်သာမှုရှိရန် လွှတ်တော်နာယက သတိပေး
ဒီမိုကရေစီ၏ အနှစ်သာရအရ အားလုံးပါဝင် ဆွေးနွေးနိုင်ရန် ပြည်သူ့ကိုယ်စား တာဝန်ထမ်းဆောင်နေကြသော ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ မဏ္ဍိုင်အသီးသီးက ပုဂ္ဂိုလ်များသည် ပွင့်လင်းမြင်သာမှု ရှိရန်လိုအပ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့် က ပြောဆိုလိုက်သည်။ ပွင့်လင့်မြင်သာမှုမရှိပါက မှန်ကန်စွာပါဝင်ဆွေးနွေးနိုင်ခြင်း မရှိသည့်အတွက် နှစ်ဦးနှစ်ဖက်အကျိုးပျက်တတ်ကြောင်း ယမန်နေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
လွတ်လာသူများထဲ နိုင်ငံရေး အကျဉ်သား ၉၀ ခန့်သာ ပါဝင်
အစိုးရ၏ လွတ်ငြိမ်းသက်သာမိန့်ဖြင့် ယမန်နေ့က အကျဉ်းထောင် အသီးသီးမှ အကျဉ်းသားပေါင်း ၅၁၄ ဦးကို ပြန်လွှတ်ပေးလိုက် သော်လည်း နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၈၇ ဦးသာ ပါဝင်ကြောင်း သတင်းရရှိသည်။
“အခုအထိ လွတ်လာတဲ့ စာရင်းတွေအရ အတည်ပြုလို့ရတဲ့ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၈၇ ဦး ပါတယ်သိရပါ တယ်” ဟု ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ဦးအံ့ဘွယ်ကျော်က ပြောသည်။
မလွတ်သေးသည့် နိုင်ငံရေးအကျဉ်းသား ၄၀၀ နီးပါး ရှိသည့်အနက် ယခုလွတ်မြောက်လာသူများထဲတွင် တောင်ကြီးထောင်မှ ကျောင်းဆရာ ဦးရွှေထူး၊ မျိုးဆက်သစ် လူငယ်များအစည်းအရုံးမှ တဦးတည်းကျန်နေသည့် ပဲခူးထောင်မှ ကိုဇင်မင်းအောင် (ခေါ်) ကိုကင်းကြီး၊ တောင်ငူ အကျဉ်းထောင်မှ လွတ်မြောက် လာသူ ၂၆ ဦးအပါအဝင် ၈၇ ဦးသည် နိုင်ငံရေးအရ ဖမ်းဆီးထိမ်းသိမ်းခံရသူများဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ မြန်မာနိုင်ငံတွင် အကျဉ်းထောင်ပေါင်း ၄၄ ထောင်ရှိသည်။
“တချို့ထောင်တွေက လွတ်လူတောင် မရှိဘူး ကြားတယ်။ အများစုက နိုင်ငံခြားသား များတယ်လို့ သိရတယ်” ဟု ဦးအံ့ဘွယ်ကျော်က ဆိုသည်။
ပြန်ကြားရေး ၀န်ကြီးဌာနမှ ထုတ်ပြန်သည့် ကြေညာချက်တွင် ယခုကဲ့သို့ အကျဉ်းသားများ လွှတ်ပေးလိုက်ခြင်းသည် အိမ်နီးချင်း နိုင်ငံချင်း ချစ်ကြည်ရင်းနှီးမှုကို ခိုင်မြဲစေရန်နှင့် နိုင်ငံပြန်လည် တည်ဆောက်ရေးတွင် ပူးပေါင်းပါဝင်နိုင်ရန်  ဖြစ်သည်ဟု ဖော်ပြထားသည်။ယခု လွတ်ငြိမ်းသက်သာခွင့်အရ လွတ်မြောက်လာသူ ၅၁၄ ဦးတွင် အန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ တရုတ် နိုင်ငံများမှ နိုင်ငံခြားသား အကျဉ်းသားများ ပါဝင်ကြောင်း သိရသည်။ လွတ်မြောက်လာသူများတွင် သာယာဝတီထောင်မှ ၃ ဦး၊ ထားဝယ်ထောင်မှ ၁ ဦး၊ တောင်ကြီးထောင်မှ ၁ ဦး၊ ပဲခူးထောင်မှ ၁ ဦး၊ အင်းစိန်ထောင်မှ ဦးခေမာစာရ၊ ဦးနေ၀င်း၊ မျိုးမြတ်စိုး၊ အောင်ကိုမင်း၊ အိုက်စံ အပါအ၀င် ၈ ဦးတို့ဖြစ်ကြောင်း၊ မန္တလေး အိုးဖိုအကျဉ်းထောင်မှ ပြန်လွတ်မြောက်လာသူများတွင် ကျောက်ဆည် ဘာသာရေး အဓိကရုဏ်းကြောင့် ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရသော သံဃာတချို့ ပါဝင်ကြောင်းလည်း သိရသည်။
ကော့သောင်း အနီး ဖမ်းထားသော ထိုင်းများကို ပြန်လွှတ်
တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် အတွင်း နယ်မြေ ကျူးကျော်မှုဖြင့် ဖမ်းဆီး၍ ထောင်ဒဏ် ချမှတ်ခံထားရသည့် ထိုင်းနိုင်ငံ သား ၈၃ ဦးကို မြန်မာအစိုးရက ပြန်လွှတ်ပေး လိုက်ကြောင်း ထိုင်း သတင်းများတွင် ဖော်ပြထားသည်။ဇူလိုင်လ ၄ ရက်နေ့က ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းခရိုင် ကလပ်ဘူရီ မြို့နယ်နှင့် မျက်နှာချင်းဆိုင် မြန်မာနိုင်ငံ နယ်နိမိတ် အတွင်း ကျူးကျော်၍ စီးပွားဖြစ် ရော်ဘာပင် စိုက်ပျိုးရန် လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသား ၉၂ ဦးကို မြန်မာ စစ်တပ်က ဖမ်းဆီး၍ ပစ်ဒဏ်များ ချမှတ်ခဲ့သည်။
အစိုးရက လူဝင်မှု ကြီးကြပ်ရေး (လ၀က) ဥပဒေနှင့် သစ်တော ဥပဒေ ပုဒ်မတို့ဖြင့် ထောင်ဒဏ် ၃ နှစ်ခွဲစီ ချမှတ် ခံထားရသူ ၉၂ ဦး အထဲမှ ၈၃ ဦးကို ပြန်လွှတ်ပေးကြောင်း၊ ကျန် ၉ ဦးမှာ မူးယစ်ဆေးဝါးနှင့် လက်နက် ကိုင်ဆောင်သည့် အမှုများဖြင့် စွဲဆိုခံထား ရပြီး ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း ထိုင်း-မြန်မာ နယ်စပ်ရေးရာ ကော်မတီ အကြီးအကဲ ဗိုလ်မှူးကြီး Pornsak Phoolsawat က ပြော သည်ဟု Post Today အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။ထိုင်း နိုင်ငံသား ၈၃ ဦးကို မြန်မာ အစိုးရက ယနေ့ ပြန်လွှတ်ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်း သံရုံးမှတဆင့် တယ်လီ ဖုန်းဖြင့် အကြောင်းကြားထားပြီး ဖြစ်ကြောင်းလည်း Pornsak Phoolsawat က ဆိုသည်။ဇူလိုင်လ ၉ ရက်နေ့တွင် ကော့သောင်း ခရိုင် တရားသူကြီး ဒေါ်သူဇာလှိုင်ချိုက ထိုင်းအမျိုးသား ၈၂ ဦးနှင့် အမျိုးသမီး ၁၀ ဦးကို ထောင်ဒဏ် ၃ နှစ်ခွဲစီ ချမှတ်ခဲ့ပြီး ၎င်းတို့ကို ကော့သောင်းမြို့ရှိ ၉ မိုင် အကျဉ်းထောင်တွင် ထိန်းသိမ်းထားခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံသားများကို လွှတ်ပေးသည့် အကြောင်းအရင်းနှင့် ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရှိရသော်လည်း ယမန်နေ့က နိုင်ငံ တ၀န်း အကျဉ်းထောင်များရှိ အကျဉ်းသား ၅၁၄ ဦးကို အစိုးရက ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့် ပြုရာတွင် ပါဝင်လာခြင်း ဖြစ်ကြောင်း သိရသည်။
သမ္မတ ဦးသိန်းစိန် ဇူလိုင်လအတွင်း ၃ ရက်ကြာ ထိုင်းနိုင်ငံသို့ ရောက်ရှိနေချိန်၌ မြန်မာ အစိုးရ တာဝန်ရှိသူများ အနေဖြင့် အဆိုပါ ထိုင်းနိုင်ငံသားများကို ပစ်ဒဏ်ကင်းလွတ်ခွင့်ပေးပြီး ထိုင်းသို့ လွှဲပြောင်းပေးမည်ဟု ကတိပေး ပြောကြားကြောင်း The Nation သတင်းစာ က ဖော်ပြခဲ့သေးသည်။ယင်း ဒေသတွင် အသုံးပြုနေသည့် မြေထိုးစက် ၃ စီး၊ မြေတူးစက် Backkhoe ကား ၅ စီး၊ ယာဉ်မျိုးစုံ ၁၇ စီး၊ ရော်ဘာပင် ဧက ၁၅၀၀ ၊ M-16, AK 47, အမျိုးအစား သေနတ်များနှင့် ကျည်ဆန်များ၊ လက်ပစ်ဗုံး၊ မိုင်း၊ ခြောက်လုံးပြူး စသည့် လက်နက်ခဲယမ်း များ ကို မြန်မာ စစ်တပ်က သိမ်းဆည်းရမိ၍ တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာ နိုင်ငံသို့ သံတမန် နည်းအရ အသိပေးထားကြောင်း ဇူလိုင် ၁၀ ရက်ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့သည်။
ထိုဒေသသို့ ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းမြို့ အပါအ၀င် စူရတ်ဌာနီ၊ နခွန်စီထာမရတ်၊ ချုံဖော်မြို့နယ်များမှ မိသားစုဝင်များ သွား ရောက် နေထိုင်ကြပြီး ခန့်မှန်းခြေ လူဦးရေ ၂၀၀ ခန့် ရှိကြောင်း ထိုင်းသတင်း ဖော်ပြချက်များအရ သိရသည်။
ရခိုင်ပြည်နယ် လယ်ယာမြေပြဿနာ စတင် စုံစမ်းစစ်ဆေးမည်
ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်း တာဝန်ပေးအပ်ထားတဲ့ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းမှု စုံစမ်းရေး ကော်မရှင်အဖွဲ့ကို တိုင်ကြားလာတဲ့ ရခိုင်ပြည်နယ် အတွင်းက လယ်ယာမြေပြဿနာ အမှုတွေကို စက်တင်ဘာလ ၁၉ ရက်ကနေစပြီး စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အမိမြေငြိမ်းချမ်းရေးအဖွဲ့ မြောက်ပိုင်းကျဆုံး ကျောင်းသားများ အမှတ်တရဂူဗိမာန်တွင် ဂါရ၀ပြု
ABSDF ကျောင်းသားတပ်မတော် ဥက္ကဋ္ဌဟောင်းတွေဖြစ်တဲ့ ကိုထွန်းအောင်ကျော်၊ ကိုမိုးသီးဇွန် ခေါင်းဆောင်တဲ့ အဖွဲ့ဟာ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၆၂ လမ်းနဲ့ မြ၀တီမင်းကြီးလမ်းက မြ၀တီမင်းကြီးကျောင်းတိုက်မှာ တည်ဆောက်ထားတဲ့ မြောက်ပိုင်း ကျဆုံးကျောင်းသားရဲဘော်များ အမှတ်တရ ဂူဗိမာန်မှာ ဦးညွှတ်ဂါရ၀ပြုတဲ့ပွဲ တစ်ခုကို ဒီနေ့ နေ့လည် ၁၂ နာရီက ကျင်းပခဲ့ကြတယ်။
ချင်းပြည်နယ်တောင်ပိုင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေ
ချင်းပြည်နယ် တောင်ပိုင်းကနေ ပြည်မကိုသွားရင် အဓိကဖြတ်သန်းရတဲ့ တံတားတွေ တောင်ကျရေနဲ့ မျောပါသွားပြီး အခုချိန်ထိ ပြန်လည်ဆောက်လုပ်ပေးတာ မရှိတဲ့အတွက် ဒေသခံတွေမှာ အခက်အခဲတွေ့ရုံမက တံတားမရှိလို့ လှေနဲ့ကူးတဲ့အခါ လှေမှောက်ပြီး သေဆုံးရသူတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung
0 comments:
Post a Comment