မြန်မာသတင်းများ  စက်တင်ဘာ ၀၅၂၀၁၂


မြန်မာနိုင်ငံရေးပါတီတွေ အမေရိကန် နိုင်ငံရေးလေ့လာ


အမေရိကန်နိုင်ငံရဲ့ လက်ရှိသမ္မတရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်ရေး ကမ်ပိန်းတွေ စနေချိန်မှာ အမေရိကန်နိုင်ငံရေးကို လေ့လာနိုင်ဖို့ မြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေကို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးက ဖိတ်ကြားခဲ့ပါတယ်။ Managing Media and Public relations  ဆိုတဲ့ သတင်းမီဒီယာ နဲ့ ပြည်သူ့ဆက်ဆံရေး အစီအစဉ်နဲ့ အမေရိကန်နိုင်ငံ၊ ၀ါရှင်တန် ဒီစီကို ပါတီ ကိုယ်စားလှယ်တွေ ရောက်လာကြတာဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပထမဆုံးအကြိမ် နိုင်ငံရေးပါတီတွေကို ဖိတ်ကြားတဲ့ သတင်း မီဒီယာနဲ့ ပြည်သူ့ ဆက်ဆံရေးအစီအစဉ်နဲ့ မြန်မာနိုင်ငံက နိုင်ငံရေးပါတီ ၈ ပါတီရဲ့ကိုယ်စားလှယ်တွေ အမေရိကန်နိုင်ငံကို လာရောက်ခဲ့ပါတယ်။

မြန်မာ့နိုင်ငံရေးပါတီစုံက ကိုယ်စားလှယ်တွေအနေနဲ့ အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေးနဲ့ ပါလီမန် လွှတ်တော်တွင်းက ဥပဒေပြု အမတ်တွေရဲ့ လွှတ်တော်တွင်း လှုပ်ရှားမှုတွေကို အနီးကပ် လေ့လာခွင့် ရသလို အမေရိကန်နိုင်ငံသမ္မတ ရွေးကောက်ပွဲ မှာ ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလီကင် ပါတီကြီးနှစ် ပါတီရဲ့ စည်းရုံး လှုံ့ဆော်ရေးဆင်းတဲ့ ကမ်ပိန်းပွဲတွေကို သွားရောက် လေ့လာခွင့်ရခဲ့ကြပါတယ်။

စည်းရုံးဟောပြောပွဲ ကမ်ပိန်းတွေရဲ့ လှုပ်ရှားမှုတွေကို လေ့လာခွင့်ရခဲ့တဲ့အခါ ဒီမိုကရေစီ နည်းစနစ် ကျကျ လှုပ်ရှား မှုတွေမှာ အခြေခံကအစ ကွာခြားမှု ရှိတာကို တွေ့ခဲ့ရတယ်လို့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) က ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ကိုသန်းဇော်အောင်က ဗွီအိုအေ မြန်မာပိုင်း ကို ပြောပါတယ်။

“ထူးခြားတာက ဒီမှာ အားလုံးက နိုင်ငံရေးနဲ့ပတ်သက်ပြီး awareness ရှိတယ်လေ။ ကျနော်တို့ ကမ်ပိန်းတွေမှာဆိုရင် ကလေးလေးတွေကအစ မိဘတွေက ကလေးတွေကိုခေါ်လာတယ်။ ငါးနှစ်၊ ဆယ်နှစ်လောက်ရှိတဲ့ ကလေးတွေပါ လာပြီး တော့ တက်ပြီးတော့နားထောင်တယ်။ နောက်ပြီးတော့ အဲ့ဒီ့မှာပဲ Mitt Romney ကမ်ပိန်းရှေ့မှာပဲ Mitt Romney ကို ဆန့်ကျင်တဲ့ အုပ်စုတွေက ဆန္ဒပြ တယ်ပေါ့လေ။ ဒီလိုမျိုး လွတ်လပ်တဲ့ဟာတွေ ကျနော်တို့တွေ့ခဲ့ရတယ်။ ကျနော်တို့ ဆီမှာလည်း ဒီလိုမျိုးပေါ့။ ပြည်သူတွေက နိုင်ငံရေး ရေချိန်တွေ အများကြီး တက်လာဖို့လည်း လိုတယ်လေ။

အဲ့လိုဖြစ် အောင် ကျနော်တို့ဘက်ကလည်း ကြိုးစားရမှာပေါ့။ မြန်မာပြည်မှာ ပြန်လုပ်ဖို့ကတော့ ပါတီတွေနဲ့ ပတ်သက်ပြီးတော့ ကိုယ့် ကမ်ပိန်းတွေမှာ ဘယ်လို massage ပေးမယ်။ နောက် ပြည်သူ လူထုနဲ့ ဆက်ဆံတဲ့အခါ ဘာတွေကို ထိရောက်အောင် ဘယ်လို ဆောင်ရွက်မယ်ဆိုတာတွေ သိခွင့်ရတယ်လေ။”

ချင်းအမျိုးသားပါတီက အတွင်းရေးမှူး (၁) ကိုငယ်ပီးက အမေရိကန်နိုင်ငံရဲ့ ဒီမိုကရေစီစနစ်နဲ့  လက်တွေ့ကျကျ အကောင်အထည် ဖော်နေတာတွေကို လေ့လာမိသလို ပြည်ထောင်စု အစိုးရနဲ့ ပြည်ထောင်စုရဲ့ အုပ်ချုပ်ရေးအာဏာ ခွဲဝေမှုဆိုင်ရာတွေကို လေ့လာခွင့်ရခဲ့တယ်လို့ အခုလို ပြောပါတယ်။

“ဒီမှာ ထွန်းကားပြီးသား Democratic Value နဲ့ Practice တွေ ရှိပြီးသားတွေ ကျနော်တို့ လာ လေ့လာ ခွင့် ရတယ်။ Public ပေါ်လစီနဲ့ ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုရဲ့ အာဏာခွဲဝေမှုတွေအကြောင်း သိရတယ်။ အုပ်ချုပ်ရေးကဏ္ဍနဲ့ Civil Society ကဏ္ဍတွေရဲ့ ချိတ်ဆက်မှုတွေလည်း လေ့လာခွင့် ရတယ်။ ပြီးတော့ သူများတွေက ဘယ်လိုလုပ်ထားတော့ ကိုယ်နဲ့ ဘယ်လိုကိုက်ညီမလဲ ဆိုတဲ့ အဖြေရှာမှုတွေအတွက်လည်း အကျိုးပြုမှာပါ။ အဓိက-ကတော့ အာဏာခွဲဝေမှုပိုင်း ဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့နိုင်ငံမှာ ဘယ်ပုံဘယ်နည်းနဲ့ ချဉ်းကပ်ရင် ကောင်းမလဲဆိုတဲ့ အဖြေ ထုတ်နိုင်မယ့် နည်းလမ်းတစ်ခုခုတော့ ပြန်သယ်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။

ဒီမှာတော့ နိုင်ငံသားတိုင်းရဲ့ ထည့်ဝင်ငွေနဲ့ အစိုးရရဲ့ ဘဏ္ဍာငွေက လည်ပတ်တယ်။ ကျနော်တို့ဆီ မှာတော့ တွင်းထွက်ပစ္စည်းတွေနဲ့ ခရိုနီတွေရဲ့ Tax နဲ့ ပြည်သူအားလုံးရဲ့ ပါဝင်မှုကြောင့်မဟုတ်ဘဲနဲ့ လည်ပတ်နေတဲ့ ငွေရေးကြေးရေးပေါ့။ အစိုးရအသုံးစားရိတ်တွေက အစ ကွဲခြားချက် တွေ့ရပါတယ်။”

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က ရန်ကုန်တိုင်းဒေသကြီးရဲ့ ဆက်သွယ်ရေးမှူး ကိုမောင်ဝင်းစိုးကတော့ နိုင်ငံရေးပါတီတွေနဲ့ အခြေခံလူမှု အဖွဲ့အစည်းတွေကြား လက်တွဲ လုပ်ဆောင်နေတဲ့ လူပ်ရှားမှုတွေကို လေ့လာနိုင်ခဲ့တယ် လို့ ဆိုပါတယ်။

“အမေရိကန်နိုင်ငံနဲ့ နိုင်ငံရေးပါတီတွေနဲ့ ဒီ Civil Soceity လို့ခေါ်တဲ့ လူ့အရပ်အဖွဲ့အစည်းတွေနဲ့ သူတို့အလုပ်လုပ်တဲ့ ပုံ ပေါ့နော်။ အစိုးရကနေ ပေးတဲ့ မတ်ဆေ့တွေကို ပြည်သူပြည်သားတွေကို ဘယ်လိုပို့ပေးလဲဆိုတဲ့ နည်းစနစ်တွေပေါ့နော်။ အဲဒါကို ကျနော်တို့ အဓိက လေ့လာရပါတယ်။ ကမ်ပိန်းလုပ်နေတဲ့လူကြီးတွေနဲ့ ကျနော်တို့တွေ့ခဲ့ရတယ်။ စကားတွေ ပြောချင်တဲ့ မတ်ဆေ့တွေကို ကျနော်တို့ ပွင့်ပွင့်လင်းလင်းပြောခွင့်ရလို့ အကျိုးရှိပါတယ်။”

အခုလိုမျိုး အမေရိကန်နိုင်ငံရေးလောက-က ပုဂ္ဂိုလ်တွေနဲ့ ပွင့်ပွင့်လင်းလင်း ပြောခွင့် လေ့လာခွင့် ရခဲ့သလို အမေရိကန် နိုင်ငံ သတင်းမီဒီယာ စီမံခန့်ခွဲမှုနဲ့ ပြည်သူ့ဆက်ဆံရေးကဏ္ဍမှာ မိမိတို့ရဲ့ လွတ်လပ်စွာပြောဆိုပိုင်ခွင့်တွေ ရှိနေတာကို တွေ့ရှိခဲ့ရတယ်လို့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက အထွေထွေအတွင်းရေးမှူး Wali Ullah က ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီရဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့ နယ်ရဲ့အတွင်းရေးမှူး ကိုစိုင်းဝင်းမြင့်ကတော့ အမေရိကန်ပြည်သူလူထုရဲ့ နိုင်ငံရေး အမြင်၊ မြန် မာပြည်သူလူထုရဲ့ နိုင်ငံရေးအမြင်၊ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ လေ့လာ သုံးသပ်ချက်ကို အခုလို ပြောပါတယ်။

“ဒီမှာက နိုင်ငံရေး awareness တွေအများကြီးရှိပါတယ်။ ကျနော်တို့ဆီမှာနဲ့ လုံးဝကွာခြားပါတယ်။ ကျနော်တို့ဆီမှာက ပြည်သူလူထု မဲပေးတဲ့စနစ်ကအစ သင်ပေးနေရတဲ့အဆင့်၊ ဒီမှာက နိုင်ငံရေး အားလုံးကို နားလည်ပြီးတော့မှ ကိုယ် ကြိုက်တဲ့ ပါတီကို ရွေးချယ် မဲပေးတဲ့အဆင့်။ ဒီလိုမျိုး ကွာခြား မှုတွေ အများကြီး ရှိပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာ ကတော့ ဘယ်ပါတီက လုပ်ဆောင်မှု က ကောင်းတယ်။ ဘယ်ပါတီက လုပ်ဆောင်မှုက မကောင်းဘူးဆိုတာ မရွေးတက်ဘူး။ နိုင်ငံရေး ဆိုတာ ဘာမှန်းကို မသိတဲ့ အခြေအနေမှာပဲ ရှိပါတယ်။ တအား ကွာခြားတဲ့ အချက်ကြီးပေါ့နော်။”

အခုလိုမျိုး မြန်မာ့နိုင်ငံရေးပါတီကြီး ၈ ပါတီက ကိုယ်စားလှယ်တွေအတွက် Internation Visitors Ledership Programme ဦးဆောင်မှု အစီအစဉ်နဲ့ အမေရိကန်ပြည်ထောင်စု တ၀ှမ်းလုံးကို လိုက်လံ လေ့လာနိုင်ဖို့အတွက် အမေရိကန် နိုင်ငံခြားဝန်ကြီးဌာနက စီစဉ်ပေးနေတာဖြစ်ပါတယ်။

လာရောက်လေ့လာသူတွေထဲမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက အတွင်းရေးမှူး ကိုရင်မောင်မောင်ဌေး၊ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီက ကိုကျော်သူရနဲ့ ချင်းတိုးတက်ရေး ပါတီက အထွေထွေအတွင်းရေးမှူး (၂) ကိုရှိန်ထွန်းတို့လည်း ပါဝင်ပါတယ်။ အခုဆိုရင် လေ့လာရေး အဖွဲ့ဟာ အမေရိကန်သမ္မတ ရွေးကောက်ပွဲကမ်ပိန်း လေ့လာရေးခရီးစဉ်တွေ ထွက်နေပြီး သူတို့ရဲ့ ခရီးစဉ်ဟာ သြဂုတ်လက စတင်ခဲ့တာဖြစ်ပါတယ်။

သြဂုတ်လ ၂၆ ရက်ကနေ စက်တင်ဘာ ၁၅ ရက်နေ့အထိ အမေရိကန်နိုင်ငံမှာ လေ့လာနေတဲ့ ဒီအဖွဲ့ဟာ အခုဆိုရင် ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုတွေ လေ့လာဖို့အတွက် ဖလော်ရီဒါ ကို ရောက်နေပြီးတော့ မနက်ဖြန်တော့ အိုင်အိုဝါပြည်နယ်ကို ရောက်ရှိကြမှာဖြစ်ပါတယ်။



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၄ ရက်နေ့က ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး မွန်းလွဲပိုင်းမှစ၍ လွှတ်တော်မှ ခွင့်ယူထားကြောင်း လွှတ်တော်မှ ခွင့်ယူထားသည်မှာ ခွင့်ယူသည့်နေ့မှစ၍ လက်ရှိ ကျင်းပလျက်ရှိသော လွှတ်တော်အ စည်းအဝေးများပြီးဆုံးသည်အထိဖြစ် ကြောင်းဒေါ်အောင်ဆန်းစုကြည်အနေ ဖြင့် ယခုလအတွင်း အမေရိကန်နိုင် ငံသို့ သွားရောက်ရန် စီစဉ်ထားပြီး အဆိုပါခရီးစဉ်အတွက် ပြင်ဆင်ရန် အတွက် ဖြစ်နိုင်ကြောင်းလည်း သိ ရသည်။ ခရီးစဉ်အတွင်း ဒေါ်အောင် ဆန်းစုကြည်သည် အမေရိကန်ဝါရှင် တန်အခြေစိုက် National Endowment for Democracy တွင် စက်တင် ဘာလ ၂၀ ရက်နေ့၌ မိန့်ခွန်းပြော ကြားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးဌာန ၃၆ ခု လွှတ်တော်တွင် အတည်ပြု

သမ္မတ ဦးသိန်းစိန် အဆိုပြုထားသည့် ပြည်ထောင်စုအဆင့် ၀န်ကြီးဌာန ၃၆ ခုထားရှိရေးကို ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ကာ အတည်ပြုလိုက်ကြောင်းလွှတ်တော်ကိုယ်စားလှယ် ၉ ဦးက ဆွေးနွေးကြပြီး ထောက်ခံမဲ ၅၁၁ မဲ၊ ကန့်ကွက်မဲ ၄၉မဲ၊ ကြားနေမဲ ၄၀ ဖြင့် အတည်ပြုခဲ့ခြင်းဖြစ်ကြောင်းအစိုးရသစ် စတင်ဖွဲ့စည်းစဉ်က ၀န်ကြီးဌာန ၃၄ ခုဖြင့် ဖွဲ့စည်းပြီး ၀န်ကြီးဦးရေ ၃၀ ခန့်အပ်ကာ တာဝန်ပေး လုပ်ဆောင်စေခဲ့သော်လည်း မကြာသေးမီက သဘောထားတင်းမာသည့် ၀န်ကြီးတချို့ကို ဖယ်ရှားကာ အစိုးရအဖွဲ့ကို အသစ်ပြန်လည် ပြုပြင်ဖွဲ့စည်းခဲ့ကြောင်းသမ္မတရုံး ၀န်ကြီးဌာနကိုလည်း ပြည်တွင်း ငြိမ်းချမ်းရေးနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကဏ္ဍများတွင် တိုးတက်စေရန်အတွက် မူလ နှစ်ဌာနအပြင် နောက်ထပ် ၄ ခု တိုးချဲ့ကာ ၆ ဌာန အထိ ဖွဲ့စည်းခဲ့ကြောင်းအဆိုပါ သမ္မတရုံး ၀န်ကြီးဌာန ၆ ခု၏ တာဝန်မှာ ငြိမ်းချမ်းရေး၊ ၀န်ကြီးဌာနအချင်းချင်း ဆက်သွယ်ရေး၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုနှင့် ပတ်သက်ပြီး စီမံခန့်ခွဲရေးတို့ဖြစကြောင်းသိရသည်။

နိုင်ငံတော်သမ္မတ သ၀ဏ်လွှာ ပြည်ထောင်စုလွှတ်တော် အတည်ပြု

ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာန အရေအတွက် ပြင်ဆင် ဖြည့်စွက်ခြင်း၊ ပြည်ထောင်စုဝန်ကြီး ဦးရေ တိုး-လျော့ခြင်း ကိစ္စတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတက ပေးပို့လာတဲ့ သ၀ဏ်လွှာကို မနေ့က ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ဆွေးနွေး တင်ပြပြီးနောက် သဘောတူကြောင်း အတည်ပြု ဆုံးဖြတ်လိုက်ပါတယ်။

အမေရိကန်သံအမတ်ကြီး ၈၈ မျိုးဆက် ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Mr.Derek Mitchell နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျာ၊ ကိုဂျင်မီနဲ့ ကိုဌေးကြွယ်တို့ မနေ့က မနက်ပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသားများ ရုံးခန်းမှာ တွေ့ဆုံဆွေးနွေးခဲ့ ကြပါတယ်။


မြန်မာနိုင်ငံမှာ ဈေးအကြီးဆုံးဖြစ်သွားတဲ့ ၈၈ ၏ ဂီတာ

၈၈ ကျောင်းသားခေါင်းဆောင် သုံးဦးပေါင်း ရေးဆွဲထားသည့် ပန်းချီလက်ရာများ ပါဝင်
သော ဂီတာတလုံးကို ကျပ်သိန်းပေါင်း ၅၈၈ သိန်းနှင့် စက်တင်ဘာ ၁ ရက်နေ့က MCC ခန်းမမှာ ကျင်းပခဲ့သည့် ၈၈ မျိုးဆက် ရန်ပုံငွေ စေတနာ ဝသာန်ဂီတ ဖျော်ဖြေပွဲမှာ ရောင်းချနိုင်ခဲ့ခြင်းသည် မြန်မာနိုင်ငံတွင် ဈေးအကြီးဆုံး ဂီတာဖြစ်သွားခဲ့သည်။ဂီတာ၏ နောက်ကျောဘက်တွင် ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ကိုပြုံးချိုတို့ သုံးဦးရေးဆွဲထားသည့် ရန်ကုန်တက္ကသိုလ်နောက်ခံ ပန်းချီနှင့်ဂစ်တာ၏ ရှေ့ဘက်တွင် ၈၈ မျိုးဆက် The 88 generation ဆိုသော စာသားပါဝင်သည်။

ဒီဂစ်တာကို လေလံဆွဲသူများကား စစ်အစိုးရလက်ထက် လက်ရင်းလူယုံ ခရိုနီလုပ်ငန်းရှင်များဟု သမုတ်ခံကြရသောမြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် Sky Net ရုပ်သံလိုင်းက အထွေထွေ မန်နေဂျာ ဦးဝင်းနိုင်တို့ဖြစ်ကြပြီး အဆုံးတွင် ဦးဝင်းနိုင်က က ၅၈၈ သိန်းနှင့် အနိုင်ရရှိသွားခဲ့ခြင်းကာ စေတနာ ဝသာန် ဖျော်ဖြေပွဲ လာရောက်သူတွေအတွက် အံ့သြမင်သက်မှုကို ဖြစ်သွားစေကြောင်းသိရသည်။

၂၀၁၄ သန်းခေါင်စာရင်းအတွက် ပထမအဆင့်လုပ်ငန်းစတင်

မြန်မာနိုင်ငံမှာ လာမယ့် ၂၀၁၄ ကျရင် ပြည်လုံးကျွတ် ကောက်ခံမယ့် သန်းခေါင်းစာရင်းကို အဆင့် ၄ ဆင့်နဲ့ သတ်မှတ်ကာ ကောက်ယူမယ့်အထဲက ပထမအဆင့်ဖြစ်တဲ့ ကြိုတင်ပြင်ဆင်ခြင်း အဆင့်ရဲ့ လုပ်ငန်းတွေကို စတင်နေပြီလို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန ၀န်ကြီး ဦးခင်ရီက ပြောကြားလိုက်ပါတယ်။

NLD ပါတီဝင်များ တွံတေးမြို့ အမျိုးသားဒီမိုကရေစီ ရုံးရှေ့တွင်ဆန္ဒပြ

ရန်ကုန်တိုင်း တွံတေးမြို့နယ်အတွင်း ကျေးရွာ ၇၃ အုပ်စုက NLD ပါတီဝင် အင်အား ၁၅၀ လောက်ဟာ NLD ပါတီရုံးချုပ်ရဲ့ ရပ်၊ ကျေးကော်မရှင်နဲ့ ပါတီဝင်တွေ ပြန်ရွေးချယ်မှုကို မကျေနပ်တဲ့အတွက် မနေ့က နေ့လည် ၁ နာရီမှာ တွံတေးမြို့ ကျွန်းတောရပ်ကွက် အမျိုးသား ဒီမိုကရေစီ ရုံးခန်းရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

CPRCG အဖွဲ့နှင့် လယ်ယာမြေသိမ်းခံရသည့် လယ်သမားများ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

CPRCG ခေါ် နိုင်ငံသားနဲ့ နိုင်ငံရေး အခွင့်အရေး လှုပ်ရှား ဆောင်ရွက်ရေးအဖွဲ့က ရေတာရှည်မြို့နယ်မှာ လယ်ယာမြေ သိမ်းခံရတဲ့ လယ်သမားကြီးတွေနဲ့ အလုပ်ရုံ ဆွေးနွေးပွဲတစ်ခု စက်တင်ဘာလ ၃ ရက်နေ့  ၁ နာရီကနေ ၄ နာရီထိ ရေတာရှည်မြို့နယ် NLD ရုံးခန်းမှာ ကျင်းပခဲ့ပါတယ်။

FTUB အထွေထွေ အတွင်းရေးမှူး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိ

မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် FTUB ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်ဟာ ၂၄ နှစ်တာအတွင်း ပထမဆုံးအကြိမ်အဖြစ် မနေ့က မနက်ပိုင်းက မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိလာ ကြောင်းသိရသည်။

လယ်မြေများ ရေလွှမ်းခံရသော်လည်း ဆန်ဈေးနှုန်းမတက်

သြဂုတ်လအတွင်းက မြစ်ရေကြီးခြင်းကြောင့် လယ်ယာမြေများ ရေလွှမ်းခံရပြီး လယ်မြေများ ပျက်စီးသော်လည်း ဆန်စပါးဈေးနှုန်း မတက်အောင် စီမံဆောင်ရွက်သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်း တာဝန်ရှိသူက အာမခံ ပြောကြားလိုက်ကြောင်းသိရသည်။

လေကြောင်း ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ

လေကြောင်းပို့ဆောင်ရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲအား ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ၄ရက် နေ့၊ နံနက် ၁၀နာရီက နေပြည်တော် ရှိ ပို့ဆောင်ရေး ၀န်ကြီးဌာနတွင် ကျင်းပလျက်ရှိသည်။  အဆိုပါ အခမ်းအနားသို့ ပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်၊ ပို့ဆောင်ရေး ၀န်ကြီးဌာန လက်အောက်ရှိ ဌာနအသီးသီးမှ တာဝန်ရှိသူများ၊ လေကြောင်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။


မြန်မာ့လေကြောင်းမှ ၀ယ်ယူသည့် ဘရာဇီးနိုင်ငံလုပ် EMBRAER 190 လေယာဉ်များ နိုဝင်ဘာလ ပထမအပတ်အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ကာ ဒီဇင်ဘာလ ပထမအပတ်အတွင်း ခရီးစဉ်များ စတင်ပြေးဆွဲမည် ဖြစ်သည်ဟု မြန်မာ့လေကြောင်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းထွန်း၏ ပြောကြားချက်အရ သိရသည်။
မြန်မာ့လေကြောင်းမှ လက်ရှိ အသုံးပြုနေသည့် နှစ်၃၀ကျော် သက်တမ်းရှိ F-28 လေယာဉ်များ နေရာတွင် EMBRAER 190 လေယာဉ်များဖြင့် ခရီးစဉ်များအား အစားထိုးပြေးဆွဲသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများအား အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ချေးငွေ ကျပ်ငါးဘီလျံအထိ ထုတ်ချေးမည်

ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား (Small and Medium Enterprises-SMEs) လုပ်ငန်းများ အား အတိုးနှုန်း ၈.၅ ကျပ်နှုန်းဖြင့် ချေးငွေကျပ် ငါးဘီလျံအထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ချေးငွေထုတ်ချေးခြင်းကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလအတွင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်ပတင်ပို့နိုင်သည် အထိ လုပ်ကိုင်နိုင်သော အလားအလာရှိ အသေးစားနှင့် အလတ်စား SMEs လုပ်ငန်းများအား ဦးစားပေး ထုတ်ချေးသွားမည် ဖြစ်ကြောင်း လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍လည်း စက်မှုဝန်ကြီးဌာနမှ ချေးငွေများအား တိုက်ရိုက်ချပေး မည်ဖြစ်ပြီး ယခင်ကဲ့သို့ စက်မှုကုန် ထုတ်လုပ်သူများအသင်းမှ တစ်ဆင့် သွားရောက်တင်ပြရန် မလိုအပ်ကြောင်း စက်မှု ၀န်ကြီးဌာနမှ သတင်းရရှိပါသည်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment