မြန်မာ ဆန္ဒပြ သတင်းများ  စက်တင်ဘာ ၁၀၊ ၂၀၁၂

၈၈ မျိုးဆက် ထန်းတပင်မြို့နယ်မှာ ဟောပြော


ရန်ကုန်တိုင်း ထန်းတပင်မြို့နယ်မှာ ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့ဘောင် ဖော်ဆောင်ရေး ဆွေးနွေးပွဲကို မနေ့က ပြုလုပ်ခဲ့ပြီး ကိုမင်းကိုနိုင်၊ ကိုဂျင်မီနဲ့ ကိုကိုကြီး(စမ်းချောင်း)တို့ သွားရောက် ဟောပြောခဲ့ကြပါတယ်။
ထန်းတပင်မြို့နယ် ရွာသစ်ကျေးရွာမှာ မနေ့က နေ့လည်ပိုင်းက ပြုလုပ်ခဲ့တဲ့ အဲဒီ ဆွေးနွေးပွဲမှာ ကိုမင်းကိုနိုင်က ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ အနေနဲ့ ဒေသခံ ပြည်သူတွေကို အာဏာ တစ်ခုတည်းနဲ့ မအုပ်ချုပ်သင့်ဘူးလို့ ပြောကြားခဲ့ပါတယ်။
အဲဒီ ဆွေးနွေးပွဲကိုအနောက်ပိုင်းတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဖြစ်မြောက်ရေး အဖွဲ့ဝင်တွေ တောင်သူ လယ်သမားတွေ အပါအဝင် ဒေသခံ ပြည်သူ (၃၀၀) ကျော် တက်ရောက်ခဲ့ကြပါတယ်။

ဒေါ်စု အမေရိကန်ခရီးစဉ် စက်တင်ဘာ ၁၆ စမည်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုလာမယ့် တနင်္ဂနွေနေ့ စက်တင်ဘာလ ၁၆ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုကို သွားရောက်မယ်လို့ အမျိုးသား ဒ်ီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက အေအက်ပီ သတင်းဌာနကို ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ အရပ်ဘက်ဆိုင်ရာ အမြင့်ဆုံးဆု ဖြစ်တဲ့ ကွန်ဂရက်စ် ရဲ့ ၂၀၀၈ ခုနှစ် Gold Medal ဆုကို အခုခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူမှာ ဖြစ်ပါတယ်။ အခု ခရီးစဉ်ဟာ နေအိမ် အကျယ်ချုပ်ကနေ လွတ်မြောက်လာပြီး နောက်ပိုင်း အမေရိကန်ပြည်ထောင်စုကို ပထမဆုံးအကြိမ် လာရောက်မယ့် ခရီးစဉ်လည်း ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ မြန်မာပြည် သွားရောက်စဉ် ကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပြီး အမေရိကန်ပြည်ထောင်စုကို လာရောက်ဖို့ ဖိတ်ကြားထားတာပါ။ အမေရိကန်ပြည်ထောင်စုမှာ ရှိစဉ်တော့ အမေရိကန် အစိုးရဘက်က ထိပ်တန်း တာဝန်ရှိသူတွေကိုရော၊ လွှတ်တော်က နိုင်ငံရေး ခေါင်းဆောင်တွေ ကိုပါ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။ နယူးယောက် ကုလသမဂ္ဂရုံး ကိုလည်း သွားရောက်ဖို့ ရှိတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူတွေ မြန်မာ မိသားစုတွေနဲ့လည်း တွေ့ဆုံဖို့ ဒေသခံတွေက မြို့အတော်များများမှာ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ မြန်မာသမ္မတ ဦးသိန်းစိန် ဟာလည်း ကုလသမဂ္ဂ အထွေထွေညီလာခံ တတ်ရောက်ဖို့ အမေရိကန်ပြည်ထောင်စုကို အဲဒီ ရက်ပိုင်းကာလမှာပဲ ရောက်ရှိမှာဖြစ်ပါတယ်။ ဒီမတိုင်ခင်ကတော့ သမ္မတဦးသိန်းစိန်ကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်မှု အမေရိကန်သမ္မတ အမိန့်နဲ့ လျှော့ပေါ့ ပေးလိုက်တာကြောင့် သမ္မတ ဦးသိန်းစိန် ဟာ အမေရိကန်အစိုးရ ရုံးစိုက်ရာ ၀ါရှင်တန်ဒီစီ ကိုလည်း လာရောက်မယ်လို့ မျှော်လင့်ရပါတယ်။


(၇၃) ကြိမ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းနား ကျင်းပ

(၇၃) ကြိမ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းနားတွေကို မနေ့က နေ့လည်ပိုင်းက ရန်ကုန်မြို့က နေရာအတော်များများမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

လက်ပံတောင်း ကြေးနီစီမံကိန်း ကန့်ကွက်ဆန္ဒပြပွဲ ဆက်လက် ဆင်နွှဲ


အခု သီတင်းကြေညာနေတဲ့ ညပိုင်းအတွင်းမှာပဲ မုံရွာ-ပုသိမ် ကားလမ်းမကြီးပေါ်မှာ လက်ပံတောင်းတောင် ကြေးနီးစီမံကိန်း ရပ်ဆိုင်းဖို့ တောင်းဆိုတဲ့ ဒေသခံလူထုတွေဟာ အာဏာပိုင်တွေ ပိတ်ဆို့နေတဲ့ကြားကပဲ လက်ပံတောင်း တောင်ခြေက ကြေးနီးစီမံကိန်း လုပ်နေတဲ့ စက်ယန္တရားတွေ ရှေ့တည့်တည့်မှာ မီးတုတ်တွေ ကိုင်ဆောင်ပြီး ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။

ဝတ်ပြုဆုတောင်းဖို့သွားကြတဲ့ ရွာသားများ အာဏာပိုင်က တားဆီး

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းကြောင့် လက်ပန်းတောင်းတောင် ပျောက်ကွယ် မသွားရအောင် မုံရွာမြို့ ဆုတောင်းပြည့်ဘုရားကို မနေ့က ၀တ်ပြု ဆုတောင်းဖို့ သွားရောက်ကြတဲ့ ၀က်မှေးရွာနဲ့ ရွှေလှေရွာက ရွာသား ၁၀၀ ကျော်ကို လမ်းတစ်ဝက် အရောက်မှာ အာဏာပိုင်တွေက မြစ်တဖက်ကို ဖြတ်ကူးခွင့်မပြုဘဲ တားဆီး ပိတ်ပင်လိုက်တယ်လို့ RFA က စုံစမ်းသိရပါတယ်။


ပုဂ္ဂလိက၀န်ထမ်းများပါ သက်ကြီး ပင်စင်လစာ ခံစားခွင့် ရရှိမည့် လူမှုဖူလုံရေး နည်းဥပဒေ(မူကြမ်း) ရေးဆွဲလျက်ရှိ၊ ဖြည့်စွက်ပြင်ဆင်ရန် ပြည်သူများအနေဖြင့် အကြံပြုနိုင်ကြောင်းသိရ

လူတိုင်းသက်ကြီး ပင်စင်လစာ ခံစားခွင့်အပြင် အခြားအာမခံစနစ်များ ပါဝင်သည့် လူမှုဖူလုံရေး နည်းဥပဒေ (မူကြမ်း) ကို ရေးဆွဲလျက်ရှိပြီး ဖြည့်စွက်ပြင်ဆင်ရန် ပြည်သူများအနေဖြင့် အကြံပြုနိုင်ကြောင်း လူတိုင်းပင်စင်လစာ ခံစားခွင့်ဆိုသည်မှာ ယခင်က သက်ကြီးပင်စင် လစာအား အစိုးရ၀န်ထမ်းများကသာ ခံစားခွင့်ရရှိသော်လည်း လူမှုဖူလုံ ရေးဥပဒေသစ်အရအစိုးဝန်ထမ်းများ သာမက ပုဂ္ဂလိက၀န်ထမ်းများပါ ပင်စင်လစာခံစားရရှိမည်ဖြစ်ကြောင်း သိရသည်။
လူမှုဖူလုံရေးဥပဒေသစ်အား ၂၀၁၂ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့ တွင် နိုင်ငံတော်သမ္မတက အတည်ပြု ခဲ့ပြီးဖြစ်ပြီး အဆိုပါဥပဒေကိုအ ကောင်အထည်ဖော်ဆောင်ရွက်ရန် လူမှု့ဖူလုံရေးနည်းဥပဒေများ(မှုကြမ်း) ကိုပြုစုရေးဆွဲလျက်ရှိသည်။ လူမှုဖူလုံရေး ဥပဒေသစ်တွင် မူလရှိရင်းစွဲ ကျန်းမာရေးနှင့်လူမှုရေး စောင့်ရှောက်မှုအာမခံစနစ် (မမာမကျန်းမှု၊ မီးဖွားမှု၊ သေဆုံးမှုနာရေးစရိတ်) နှင့်အလုပ်တွင် ထိခိုက်မှုအာမခံစနစ် နှစ်ရပ်အပြင် အလုပ်လုပ်ကိုင်နိုင်စွမ်း မရှိမှု၊ သက်ကြီးပင်စင်၊ ကျန်ရစ်သူအကျိုး ခံစားခွင့် အာမခံစနစ်၊ အလုပ်လက်မဲ့ အကျိုးခံစားခွင့် အာမခံစနစ်၊ အခြား လူမှုဖူလုံရေးအာမခံစနစ် (အိမ်ရာ စီမံကိန်း)ဟူ၍ အာမခံစနစ်သစ်သုံး ရပ်ကို တိုးချဲ့ထည့်သွင်းပြဋ္ဌာန်းထား ကြောင်း ထည့်ဝင်ကြေး ကောက်ခံရာတွင်လည်း အလုပ်သမားများ အမှန်တကယ် ရှိနေသော လုပ်ခလစာအပေါ် အခြေခံ၍ ကောက်ခံသွားမည်ဖြစ်ပြီး ထည့်ဝင်ကြေးထည့်သွင်းရာတွင် ယခင်ရှိရင်း စွဲဖြစ်သော ကျန်းမာရေးနှင့်လူမှုရေး စောင့်ရှောက်မှု အာမခံစနစ်အတွက် အလုပ်ရှင်နှင့် အလုပ်သမားမှ လစာ ၏ ၁ ဒသမ ၅ ရာခိုင်နှုန်းစီဆတူ ထည့်သွင်းရမည်ဖြစ်ပြီး လုပ်ငန်းခွင် ထိခိုက်မှု အာမခံစနစ်အတွက်မူ အလုပ်သမားမှ ထည့်ဝင်ကြေးငွေထည့်ဝင်ရန် မလိုဘဲ အလုပ်ရှင်ကသာ တစ်ရာခိုင်နှုန်း ထည့်ဝင်ရမည်ဖြစ်ကြောင်း
ယင်းအားမခံ စနစ်နှစ်မျိုးအပြင် အလုပ်လုပ်ကိုင်နိုင်စွမ်း မရှိမှု၊ သက် ကြီးပင်စင်၊ ကျန်ရစ်သူ အကျိုးခံစားခွင့် အာမခံစနစ်အတွက် အလုပ်ရှင်မှ သုံးရာခိုင်နှုန်း၊ အလုပ်သမားမှ သုံးရာခိုင်နှုန်းစီ ထပ်မံထည့်ဝင်ရမည် ဖြစ်ကြောင်း  အဆိုပါ လူမှုဖူလုံရေးနည်း ဥပဒေ(မူကြမ်း)ကို ဆက်လက်ပြုပြင်ရေး ဆွဲမည်ဖြစ်ရာ www.ssbmyanmar. gov.mm တွင် ဖတ်ရှုနိုင်ပြီး အကြံပြုလိုပါက ၀၆၇-၄၃၀၁၀၅ သို့လည်း ကောင်း၊ ssbmyanmar51@gmail. com သို့လည်းကောင်း အကြံပြုချက်များ ပေးပို့နိုင်ကြောင်းလည်း သိရှိရ သည်။

သမိုင်းဝင်အဆောက်အအုံ ပုဂ္ဂလိကထံ လွှဲပြောင်းပေးသည့်ကိစ္စ ရုပ်သိမ်းဖို့ တောင်းဆို

မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုသမိုင်းဝင် ကိုလိုနီခေတ်လက်ရာ ရန်ကုန်မြို့က တရားလွှတ်တော် အဆောက်အအုံတွေကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေဆီ လွှဲပေးလိုက်တဲ့ကိစ္စကို အစိုးရ တာဝန်ရှိသူတွေ အနေနဲ့ ပြန်လည်ရုပ်သိမ်းပေးဖို့ မြန်မာနိုင်ငံ ရှေ့နေများ ကွန်ယက်က ရန်ကုန်မြို့မှာ မနေ့က သတင်းစာရှင်းလင်းပွဲ တစ်ရပ် ကျင်းပပြီး တိုက်တွန်းလိုက်ပါတယ်။

အမြုတေကောင်စီ ပြန်လည်ဖွဲ့စည်းဖို့ ပြန်ကြားရေးဝန်ကြီးပြော

ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်က သတင်းစာနယ်ဇင်းဆိုင်ရာ အဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ မနေ့က တွေ့ဆုံပြီး အစိုးရ ဖွဲ့စည်းထားခဲ့တဲ့ အမြုတေ စာနယ်ဇင်းကောင်စီ ပြန်လည်ဖွဲ့စည်းရေး အပါအ၀င် စာနယ်ဇင်းဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။


ပြန်ကြားရေးဝန်ကြီးဌာန၀န်ကြီး ဦးအောင်ကြည် မြန်မာနိုင်ငံစာနယ်ဇင်းသမဂ္ဂနှင့် မြန်မာနိုင်ငံစာနယ်ဇင်းကွန်ရက်မှ အဖွဲ့ဝင်များအား တွေ့ဆုံ

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်သည် မြန်မာနိုင်ငံစာနယ်ဇင်းသမဂ္ဂ (MJU)နှင့် မြန်မာနိုင်ငံစာနယ်ဇင်းကွန်ရက်(MJN)မှ အဖွဲ့ဝင်များအား စက်တင်ဘာ ၉ ရက်က ရန်ကုန်မြို့၌ သီးခြားတွေ့ဆုံခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂဖြစ်မြောက်ရေးကော်မတီမှ အဖွဲ့ဝင်များဖြစ်သော ဒေါ်အေးအေးဝင်း၊ ဦးဇော်သက်ထွေး၊ မြန်မာနိုင်ငံ စာနယ်ဇင်းကွန်ယက်မှ ဦးမြင့်ကျော်၊ ဒေါ်တင်ဇာဇော်တို့အား ပြည်ထောင်စုဝန်ကြီးမှ သီးခြားတွေ့ဆုံခဲ့ခြင်းဖြစ်ပြီး မီဒီယာလောကတစ်ခုလုံး ကိုယ်စားပြုနိုင်သည့် စာနယ်ဇင်းကောင်စီ ဖြစ်ပေါ်လာစေရန် အဓိကဆွေးနွေးခဲ့ကြောင်းနှင့် စာနယ်ဇင်းအားလုံးကို အကာအကွယ်ပေးနိုင်သော မီဒီယာဥပဒေပေါ်ပေါက်လာရေးကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

မကွေးဒေသခံတွေကို အာဏာပိုင်က စစ်ဆေးမေးမြန်း

ဧရာဝတီတိုင်းက ရေဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့ဖို့ စက်တင်ဘာ ၇ ရက်နေ့က မကွေးမြို့မှာ သွားရောက်ဖျော်ဖြေခဲ့တဲ့ လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း ဂီတအဖွဲ့ကို ကူညီခဲ့တဲ့ မကွေး ဒေသခံတွေကို အာဏာပိုင်တွေက စစ်ဆေး မေးမြန်းမှုတွေ ပြုလုပ်နေတယ်လို့ စုံစမ်း သိရပါတယ်။


ဖုန်းငွေဖြည့်ကတ်များကို စက်တင်ဘာလ ၁၅ ရက်နေ့မှစ၍ အွန်လိုင်းမှ တိုက်ရိုက်ဝယ်ယူနိုင်မည်

ဂျီအက်စ်အမ်၊ စီဒီအမ်အေ (၈၀၀) ကမ်းရိုးတန်းဖုန်းများ၏ ကြိုတင်ငွေဖြည့်ကတ်များကို အွန်လိုင်းမှ တိုက်ရိုက်ဝယ်ယူနိုင်တော့မည်ဖြစ်ကြောင်း အဆိုပါဝန်ဆောင်မှုကို ပြုလုပ်ပေးသည့် Myanmar Softgate Technology မှ ကိုရန်နောင် စိုး၏ပြောပြချက်အရ သိရသည်။
အဆိုပါ ငွေဖြည့်ကတ်များကို အွန်လိုင်းမှ ၀ယ်ယူအသုံးပြုလိုသူများအနေဖြင့် Myan Pay Account ရှိရမည်ဖြစ်ပြီး မိမိဝယ်ယူလိုက်သည့် ဖုန်းငွေဖြည့်ကတ်၏ ငွေပမာဏကို Myan Pay Account မှ နှုတ်ယူသွားမည်ဖြစ်သည်။


၂၃၇ ဧကကျော်ရှိသည့် တညင်းကုန်းအုတ်စက်ရုံကို မြေတစ်ဧကလျှင် တစ်လငှားရမ်းခကျပ် ၇၄၀၀၀ ကျော်ဖြင့် Mother Industrial ကုမ္ပဏီလီမိတက်သို့ စက်မှုဝန်ကြီးဌာနမှ တင်ဒါမခေါ်ဘဲ လုပ်ကိုင်ခွင့်ပေး

၂၃၇ ဧကကျော် ကျယ်ဝန်းသည့် တညင်းကုန်းအုတ်စက်ရုံကို မြေတစ်ဧကလျှင် တစ်လငှားရမ်းခ ကျပ် ၇၄၀၀၀ ကျော်ဖြင့် စက်မှုဝန်ကြီးဌာနမှ Mother Industrial ကုမ္ပဏီလီမိတက်သို့ လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း စက်မှုဝန်ကြီးဌာနနှင့် Mother Industrial တို့ လက်မှတ်ရေးထိုးချုပ်ဆိုသည့် သဘောတူစာချုပ်ပါ အချက်များအရ သိရသည်။
ချထားပေးရာတွင် တင်ဒါခေါ်ကာ ယှဉ်ပြိုင်ဆွဲယူရသည့် စနစ်မျိုးဖြင့် မဟုတ်ကြောင်း၊ လက်ရှိ အဆိုပါ အုတ်စက်ရုံအနီး တစ်ဧက မြေငှားရမ်းခမှာ ဂိုဒေါင်အပါဆိုပါက လမ်းမကြီး မျက်နှာစာတန်းမှာ တစ်လလျှင် ကျပ် ၁၆ သိန်းကျော်မှ သိန်း ၂၀ အထိရှိပြီး ဂိုထောင်မပါမြေသီးသန့်ဆိုပါက ကျပ်ရှစ်သိန်းမှ ကိုးသိန်းအကြားဈေးရှိသည်ဟု သိရှိရသည်။
၂၃၇ ဧကကျော်ကျယ်ဝန်းသည့် အုတ်စက်ရုံအတွက် ၀န်ကြီးဌာနမှရရှိမည့် မြေငှားရမ်းခနှုန်းမှာ ရှိသင့်သည်ထက် အဆမတန် နည်းပါးနေပြီး တင်ဒါခေါ်သည့် စနစ်ကိုသာ ကျင့်သုံးခဲ့ပါက ယခုထက်ပို၍ ငှားရမ်းခရရှိနိုင်မည်ဖြစ်သည်။
အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်း၊ တညင်းကုန်း အုတ်စက်ရုံနှင့် Mother Industrial ကုမ္ပဏီလီမိတက်တို့မှာ ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့က သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး စက်မှုဝန်ကြီးဌာန၊ အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် Mother Industrial ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်မြတ်တို့က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
တညင်းကုန်းအုတ်စက်ရုံအား ငှားရမ်းရာတွင် စက်ရုံနှင့် မြေနေရာ၊ ဆက်သွယ်ရေးပစ္စည်းများ၊ ယာဉ်နှင့် ယန္တရားများပါ ပါဝင်ပြီး မြေငှားရမ်းခ တစ်ဧက တစ်လလျှင် ကျပ် ၇၄၀၀၀ ကျော်ဖြင့်ငှားရမ်းခွင့်ကို ၁၅ နှစ်အထိ နှစ်ရှည်ခွင့်ပြုခဲ့သည်။
၁၅နှစ်အကြာတွင် သက်တမ်းကုန်ဆုံးမည်ဆိုသော်လည်း ဆက်လက်သက်တမ်းတိုးခွင့်ကို တစ်ကြိမ်လျှင် ၅ နှစ်ဖြင့် သုံးကြိမ်အထိ တိုးခွင့်ပြုထားသဖြင့် စုစုပေါင်းနှစ် ၃၀ အထိ နှစ်ရှည်ငှားရမ်းသည့် အနေအထားဖြစ်ကြောင်း သိရှိရသည်။
Mother Industrial ကုမ္ပဏီလီမိတက်အနေဖြင့် အုတ်စက်ရုံလုပ်ငန်းအပြင် ကျယ်ဝန်းသည့် မြေဧရိယာပေါ်တွင် အခြားလုပ်ငန်းများ လုပ်ကိုင်မည်ဖြစ်ပြီး ယခုအခါ အဆောက်အအုံသစ်များ စတင်တည်ဆောက်ရန်စီစဉ်နေသည်ဟု စက်ရုံဝန်ထမ်း များက ပြောကြားခဲ့သည်။
တညင်းကုန်းအုတ်စက်ရုံရှိ ၀န်ထမ်းတစ်ဦးက''တင်ဒါမခေါ်ဘူး။ ဒီအတိုင်းပေးတာ။ အခု ပြည်ထောင်စု ၀န်ကြီးအသစ်လက်ထက်မှာ မဟုတ်ဘူးနော်။ အရင်ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းရှိတဲ့အချိန် သြဂုတ်လ ၂၄ ရက်နေ့မှာ စာချုပ်ကြတာ။ စက်ရုံ၊ ယာဉ်ယန္တရား၊ ဆက်သွယ်ရေးပစ္စည်း အစုံနဲ့ စက်ရုံမြေဧက ၂၃၇ ဒသမ ၆၂၉ ဧကပါ ပါတယ်။ တစ်ဧကကို ကျပ် ၇၄၀၀၀ ကျော်ပဲ တစ်လ ငှားရမ်းခပေးရတာပေါ့။ ဒီတော့ နိုင်ငံတော်ကရမယ့် မြေငှားခကလည်း မဖြစ်စလောက်ပဲရတယ်''ဟု ဆိုသည်။
တညင်းကုန်းအုတ်စက်ရုံမှ ၀န်ထမ်းတစ်ဦးကလည်း ''နိုင်ငံတော်သမ္မတကြီးက ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကို အားပေးရမယ်ဆိုတဲ့ စကားလုံးအပေါ်မှာ လက်တစ်လုံးခြား လုပ်တယ်လို့ မြင်တယ်။ တင်ဒါမခေါ်တာကအစ ထင်သာမြင်သာမရှိဘူးဆိုတာ ပေါ်လွင်နေတာပဲ''ဟု သုံးသပ်ခဲ့သည်။
နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်းပြီးနောက် နိုင်ငံတော်အတွက် အကျိုးရှိစွာဆောင်ရွက်နိုင်မှု ရှိ/မရှိကို ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က စိစစ်သွားမည်ဖြစ်ပြီး  စိစစ်တွေ့ရှိသည့် အကျိုးကျေးဇူးများနှင့် အားနည်းချက်များကို သုံးသပ်တင် ပြပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည်ဟုလည်း ထုတ်ပြန်ထားပြီးဖြစ်သည်။
''စစ်သင့်တယ်။ ဘယ်လောက်ထိ ဒီလိုနည်းတွေနဲ့ လွှဲပြောင်းပြီးပြီလဲ၊ နိုင်ငံနဲ့ဝန်ထမ်းတွေ ဘယ်လောက်နစ်နာခဲ့ပြီလဲပါ စစ်သင့်တယ်။ အခုက တကယ်စက်ရုံလိုချင်တာထက် မြေကို ဦးထားမယ်၊ အခြား စီးပွားရေးလုပ်မယ်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေလာရင် ပေါင်းလုပ်မယ်ဆိုတာ ပိုများပါတယ်။ နိုင်ငံပိုင်တွေကို ပုဂ္ဂလိကပိုင်လွှဲတဲ့အခါ ပိုင်ရှင်အမည်မပြောင်းရလို့ပါတယ်။ ပြောင်းတာတွေရော ဘယ်လောက်ရှိပြီလဲပါ စစ်သင့်တယ်''ဟု လည်းလေ့ လာသူတစ်ဦးက ပြောသည်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment