မြန်မာ သတင်းများ  စက်တင်ဘာ   ၁၅၊ ၂၀၁၂

မန္တလေး ကျူးကျော်မြေများ ပြန် သိမ်းမည်


မန္တလေးတိုင်းဘက်မှာတော့ မြို့နယ်သုံးမြို့နယ်က  ကျေးရွာတွေက ထောင်ချီတဲ့ အိမ်ခြေတွေကို စက်တင်ဘာလမှာ နောက်ဆုံးထား ဖျက်သိမ်းပေးဖို့ မန္တလေးတိုင်းဒေသကြီး  အာဏာပိုင်တွေက ပြောဆိုလိုက်ပါတယ်။ ရက်ပိုင်းအတွင်းမှာ ကိုယ့်အစီအစဉ်နဲ့ ကိုယ်အမြန်ဆုံးပြောင်းကြဖို့ မန္တလေး စည်ပင်ဘက်က ခေါ်ပြီး သတိပေးတာဖြစ်တဲ့အတွက် ကျေးရွာသူ ရွာသားတွေ အခက်အခဲနဲ့ရင်ဆိုင်နေရတာပါ။

မန္တလေးတိုင်း တိုင်းဒေသကြီးထဲက ချမ်းမြသာစည်မြို့နယ်ပြည်ကြီး တံခွန်မြို့နယ် နဲ့ အမရပူရမြို့နယ်ထဲက မြို့ကွက်သစ်ဖော် ထားတဲ့နေရာတွေက ကျေးရွာ တွေမှာ နေထိုင်သူတွေကို ရက်ပိုင်း အတွင်းမှာဘဲ မိမိတို့အစီအစဉ်နဲ့ အမြန်ဆုံး ပြောင်းရွှေ့ကြဖို့ မန္တလေး စည်ပင်က ခေါ်ယူသတိပေး ပြောဆိုလိုက်တဲ့အတွက် ကျေးရွာသူ ရွာသားတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ မန္တလေး မြို့ခံတွေက ပြောပါတယ်။

“အခုလိုပဲ လက်လွတ်စပယ်ပဲ ရွှေ့လိုက်ပါ ဆိုတဲ့အခါကျတော့ သူတို့မှာ ပြေးစရာ မြေမရှိပဲ ဖြစ်သွားတာပေါ့ဗျာ။ အဲ့တော့ သူတို့ရပ်တည်နေတဲ့ ဘဝလေးက ပျက်စီး သွားမှာ စိုးတဲ့အတွက် ဒီလိုနည်းနဲ့ ဆောင်ရွက်မယ့်အစား တခြားသင့်တင့်တဲ့ နည်းလမ်းတွေနဲ့ ဆောင်ရွက်စေချင်တဲ့ ဆန္ဒတွေနဲ့ ပြောကြတယ်။ ဥပမာအားဖြင့် ဆိုရင် သူတို့ကို မြေကွက်အစားပြန်ချထားပေးမယ်ဆိုရင်လည်း ချထားပေးပေါ့။ ဝေးချင် ဝေးပါစေပေါ့ဗျာ။

နောက်တချက်က သူတို့ရဲ့ ဒီလိုဟာမျိုးလေးတွေကို  တက်နိုင်ရင် အခွန်အခတွေ နိုင်ငံတော်ကို ပေးဆောင်ပြီးတော့ မြေဂရမ်ဖောက်ပေးပါ။ နိုင်ငံတော်ရဲ့ အကျိုးစီးပွားအတွက်ဆို အခွန်အခတွေ ပေးဆောင်ပါ့မယ်။ မြေခွန်တွေ မြေဂရမ်ခတွေ လိုအပ်တဲ့ ဖိုင်းချရင်လည်း ချပေါ့ဗျာ။ ဒီအတွက် လိုအပ်တဲ့ ငွေကြေးတွေ ထပ်ပြီး ပေးဆောင်ပါဆို ပေးဆောင်ပါမယ်။ လက်ရှိနေမြဲအတိုင်းလေး နေချင်တယ်ပေါ့ဗျာ။  ဒီသဘောလေးကိုလည်း တချို့ပြည်သူများက ပြောပါတယ်။”

ဒီလိုမျိုး အစိုးရက သိမ်းယူထားခဲ့တဲ့ မြေကွက်တွေထဲက လယ်ယာမြေတွေမှာ တောင်သူတွေက အသုံးပြု နေထိုင်နေမူတွေကို မန္တလေးတိုင်း စည်ပင်သာယာရေး ကော်မတီ က လက်ရှိနေထိုင်သူတွေကို  တစုံတရာ ညိုနိုင်းခြင်းမရှိဘဲ ပြန်သိမ်းယူဖို့ကြိုးပမ်း ဆောင်ရွက်နေတာဖြစ်တယ်လို့ မန္တလေးမြို့ခံတွေကပြောပါတယ်။
အစိုးရရဲ့ ခွင့်ပြုမိန့်နဲ့ သိမ်းယူပြီးတော့ လျော်ကြေးတွေ ပေးထားပြီးသားဖြစ်တယ်လို့ မန္တလေးတိုင်း စည်ပင်က ပြောဆိုခဲ့တဲ့အကြောင်းကိုလည်း မန္တလေးမြို့ခံ ကိုမင်းထက်ငြိမ်းချမ်းကပြောပါတယ်။

“ အဲ့ဒီ့မြို့ကွက်သစ်တွေကို မြေသိမ်းယူစဉ်တုန်းကတဲ့၊ ၁၉၉၁ခုနှစ်ကပေါ့ တောင်သူတွေ နစ်နာမှုမရှိစေဖို့အတွက်  နစ်နာကြေးတွေ တဧကကို ငွေကျပ်လေးထောင်နှုန်းနဲ့  မြေအစားပေးပြီးသားဖြစ်ပါတယ်တဲ့။  ဒီမြို့ကွက်သစ်မြေတွေကို မြို့ကွက်သစ်ဖောက်ထုတ်ရေးအဖွဲ့က စနစ်တကျ အကွက်ရိုက်ဖော်ထုတ်ပြီးတော့ မူလမန္တလေးမြို့ထဲက ကျူးကျော်မြေတွေ၊ နောင်တခါ မီးလောင်ခံရတဲ့သူတွေ နောက် ပတ်လမ်းဖောက်စဉ်က ဖယ်ရှားပေးခံရတဲ့သူတွေ၊ နောက် ကန်တော်ကြီး ခရိုင်လှပရေးစီမံကိန်း ဆောင်ရွက်စဉ်က ဖယ်ရှားပေးခဲ့ရတဲ့သူတွေ နောက် လုပ်သက်၂၅နှစ်နဲ့ အထက် ဝန်ထမ်းတွေကို နေရာချထားပေးပြီးသား ဖြစ်ပါတယ်တဲ့။အဲ့သလို မြို့ကွက်သစ်ဖော်ထုတ်မူ လုပ်ငန်းတွေကို လွန်ခဲ့တဲ့ နှစ်၂၀ကျော် ကတည်းက ဆောင်ရွက်ထားခဲ့ပြီး ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ အညီ အကောင်အထည် ဖော်ထားပြီးသား ဖြစ်တဲ့အတွက် တောင်သူတွေ နစ်နာမူမရှိဖို့အတွက် အဲ့တုန်းကငွေကြေးတွေ မြေကွက်တွေကို စီမံပေးခဲ့ပြီး ဖြစ်တဲ့အတွက် ၀င်ရောက်ပြီး ဝင်းခြံကာရံပြီး နေတဲ့တချို့ထဲမှာ မူလလယ်ပိုင်ရှင်တချို့လည်းပါတယ်။

တချို့က မသိနားမလည်လို့ ဝယ်လို့ရတယ် ထင်ပြီးတော့ ဝယ်ပြီး နေတဲ့သူတွေ ရှိတယ်။ တချို့ကတော့ မြေပွဲစားတချို့က စည်းရုံးဟောပြော ဖြားယောင်း သွေးဆောင်လို့ မြေနေရာရလိုမှုနဲ့ ဝင်ရောက်နေထိုင်သူတွေလည်းရှိတယ်လို့ သူတို့သုံးသပ်ပါတယ်တဲ့။ အဲ့သလို နေတဲ့သူတွေဟာ တရားမဝင် ဝင်ရောက်နေထိုင်သူတွေ ဖြစ်ကြလို့ ဖိတ်ကြားပေးဖို့ သတင်းစာကနေ ၈လပိုင်း  ၁၅ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးဖို့ ကြေငြာထားခြင်း ဖြစ်ပါတယ်တဲ့။တချို့က ဖယ်ရှားခြင်းမရှိပဲ ဆက်လက်နေထိုင်တယ်လို့ သိရတယ်တဲ့။ ဒါကြောင့် မသိတဲ့သူတွေ သိရအောင်လို့ အခုလို ခေါ်ယူတွေ့ဆုံရှင်းလင်းတာပါဆိုပြီးတော့မှ သူတို့က ချမ်းမြ သာစည်မြို့နယ်မှာလည်း ပြောခဲ့ပြီးပြီ။

တခါ နိဂုံးချုပ်အနေနဲ့ဆိုရင် နိုင်ငံတော်က ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့ အညီ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ကတည်းက စနစ်တကျ ဆောင်ရွက်ထားတာဖြစ်တဲ့အတွက် အခုနေထိုင်သူတွေဟာ ဥပဒေမဲ့နေထိုင်သူတွေဖြစ်တဲ့အတွက်  ဖယ်ရှားပေးဖို့ သတ်မှတ်ချက်က ကျော်လွန်သွားပြီ ဖြစ်တဲ့အတွက်  ကိုယ့်အစီအစဉ်နဲ့ အေးအေးချမ်းချမ်း ဖယ်ရှားပေးဖို့  သူတို့ပြောလိုပါတယ်ပေါ့ဗျာ။တကယ်လို့ ဖယ်ရှားပေးခြင်း မရှိဘူးဆိုရင် တရားဥပဒေနည်းလမ်းအရေ အရေးယူဆောင်ရွက်သွားမယ်ဆိုပြီးတော့မှ ခေါ်ရှင်းပြတာ။ ဆွေးနွေးပွဲ မလုပ်ဘူး။
အဲ့တော့ အားလုံးက နားထောင်ပြီးပဲ ပြန်ကြရတယ်။

အဲ့ဒီ့အတွက် တော်တော်စိတ်မကောင်းဖြစ်ကြတယ်။ တချို့လည်း ကြိတ်မနိုင်ခဲမရဖြစ်ကြတယ်။ တချို့လည်း ရုတ်တရက်ပေါ့ဗျာ။ မူးမိုက်သွားပြီး ဘာလုပ်လို့ လုပ်ရမှန်းမသိဖြစ်သွားကြတာပေါ့ဗျာ။”

အစိုးရတာဝန်ရှိသူတွေဘက်က လက်ရှိနေထိုင်နေကြတဲ့ မန္တလေးတိုင်း ဒေသကြီးတွင်းက ရွာသူရွာသားတွေကို ဒီနေထိုင်နိုင်မူအတွက် အပြေလည်ဆုံးနည်းလမ်းနဲ့ ညင်ညင်သာသာ ကိုင်တွယ်ဖြေရှင်းပေးဖို့ကို မန္တလေးရပ်မိရပ်ဖတွေကလိုလားနေကြတယ်လို့လည်း ကိုမင်းထက်ငြိမ်းချမ်းကပြောပါတယ်။ချမ်းမြသာစည်မြို့နယ်တွင်းက ကျေးရွာတွေကို စက်တင်ဘာလ ၁၆ရက်နေ့ နောက်ဆုံး ထား ဖျက်သိမ်းခိုင်းပြီး ပြည်ကြီးတံခွန်မြို့နယ်တွင်းက နေအိမ်တွေကို စက်တင်ဘာလ ၁၉ရက်နေ့ နောက်ဆုံးထားပြီး ဖျက်သိမ်းခိုင်းနေတာဖြစ်ပါတယ်။တကယ်လို့ နောက်ဆုံးဖျက်သိမ်းပေးရမယ့် အချိန်ကျော်လွန်သွားရင် တာဝန်ရှိသူတွေ ဘက်က မြေထိုးစက်တွေနဲ့ ကော်ပြီး နေအိမ်တွေကို ဖျက်ပစ်မယ်လို့ ခြိမ်းခြောက်ကြောင်းကိုလည်း ကျေးရွာဒေသခံတွေက ပြောပါတယ်။နောက် အစိုးရပိုင်နေရာတွေမှာ တရားမ၀င်နေထိုင်မူနဲ့လည်း တရားစွဲဆိုခံရမယ်လို့ ခြိမ်းခြောက်နေတဲ့အတွက် ဒေသခံတွေမှာ နေထိုင်ရေးနဲပတ်သက်ပြီးတော့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။



ကျူးကျော်အဖြစ် သတ်မှတ်ခံရသူများ ပြောင်းရွှေ့ရန် မန္တလေး မြို့တော်ဝန်ပြောကြား

မန္တလေး မြို့ပြဧရိယာထဲက ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရမြို့နယ်တွေအတွင်းက လ/န ၃၉ စာရင်းပေါက် အိမ်နဲ့ ခြံ ၃၃၄၄ ခုမှာ လက်ရှိ နေထိုင်နေကြသူတွေကို ဒီလအတွင်း အပြီးပြောင်းရွှေ့ကြဖို့ မန္တလေး မြို့တော်ဝန်က ပြောကြားလိုက်ပါတယ်။


၂၀၁၅ အတွက် NLD ကြိုတင်ပြင်ဆင်မှုလုပ်နေ


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှု တခုအဖြစ် တိုင်းနှင့် ပြည်နယ် ၁၃ ခုမှ အဖွဲ့ဝင်လူငယ်များကို ပထမဆုံးအကြိမ် ၁၅ ရက်ကြာ ဖွံ့ဖြိုးရေးသင်တန်းပေးရာ ယမန်နေ့က သင်တန်းပြီးဆုံးသည်။အဆိုပါသင်တန်းတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ နိုင်ငံတကာဆက်ဆံရေး၊ ပြည်တွင်းဥပဒေ၊ လူ့အခွင့်အရေး၊ စီးပွားရေး၊ ဒီမိုကရေစီနှင့် နိုင်ငံရေး၊ သတင်းနှင့် နည်းပညာ စသည့် ကဏ္ဍများကို ရခိုင်ပြည်နယ်မှအပ တခြားပြည်နယ်နှင့် တိုင်းများမှ တက်ရောက် လာသော NLD အဖွဲ့ဝင် လူငယ် စုစုပေါင်း ၅၄ ဦးကို သင်ကြားပေးခဲ့ခြင်း ဖြစ်ကြောင်း တက်ရောက်ခဲ့သည့် လူငယ်များမှတဆင့် တိုင်း၊ ခရိုင်၊ မြို့နယ်၊ ထိုမှတဆင့် ကျေးရွာအဆင့်အထိ ဆင့်ပွားပညာပေး စည်းရုံးမှုများ ပြုလုပ်သွားမည်ဖြစ်သကဲ့သို့ အဆိုပါ ဖွံ့ဖြိုးရေးသင်တန်းကို ယခုလမှစတင်ကာ လစဉ် တလလျှင် တကြိမ်နှုန်း တိုင်းနှင့် ပြည်နယ် အသီးသီးမှ လူငယ်များကို ခေါ်ယူသင်ကြားပေးသွားမည် ဖြစ်သည်ဟု ဦးတင်ဦးက ပြောကြောင်း၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၁၉၇၄ မဆလ အစိုးရလက်ထက် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၁၉၄၇ မြန်မာနိုင်ငံ၏ ပထမဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အမေရိကန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတို့ကို တက်ရောက်သူများက တက်တက်ကြွကြွ ဆွေးနွေးသင်ယူကြကြောင်း ဖွဲ့စည်းပုံဆိုင်ရာ အခြေခံဥပဒေနှင့် ပတ်သက်ပြီး သင်ကြားပေးခဲ့သော ဥပဒေပညာရှင် ဦးကိုနီက ပြောကြောင်း သိရသည်။

ထိုင်းနယ်စပ်မှ ဒုက္ခသည် တသိန်းကျော် တနှစ်အတွင်း ပြန်ရဖွယ်ရှိ


ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည် ၁၂၀၀၀၀ ခန့်သည် တနှစ်အတွင်း မြန်မာနိုင်ငံသို့ ပြန်ရဖွယ် ရှိကြောင်း သိရသည်။ ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး အတွက် မြေမြှုပ်မိုင်းများ ရှင်းလင်းခြင်း၊ နေရာ ထိုင်ခင်းများ ပြင်ဆင်ခြင်း၊ အဆောက် အအုံများ တည်ဆောက်ခြင်း တို့ကို မြန်မာ အစိုးရက ပြုလုပ်လျက် ရှိသည်ဟု ထိုင်း အမျိုးသား လုံခြုံရေး ကောင်စီ အထွေထွေ အတွင်းရေးမှူး Wichean Potephosree က ယမန်နေ့တွင် ပြောကြားကြောင်း AFP သတင်း၌ ဖော်ပြထားသည်။ ယင်း ဒုက္ခသည်များမှာ စစ်ပွဲများကြောင့် ထွက်ပြေးလာရသော ရှမ်း နှင့် ကရင်တိုင်းရင်းသားများ ဖြစ်ကြောင်း၊ ဒုက္ခသည်များ အတွက် အလုပ်အကိုင်များ ဖန်တီးပေးပြီး လုပ်ငန်းခွင် ၀င်နိုင်ရန် လေ့ကျင့် သင်ကြားမှုများ ပြုလုပ်ပေးမည် ဖြစ်သည်ဟု ပြီးခဲ့သည့် အပတ် အတွင်း နေပြည်တော်၌ သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းနှင့် တွေ့စဉ် ပြောဆို လိုက်ကြောင်းလည်း သတင်းတွင် ပါရှိသည်။

“လွှတ်တော် ဂျာနယ်” ထုတ်ဝေ


မြန်မာ့ လွှတ်တော်က ပထမဆုံး ထုတ်ဝေသည့် “လွှတ်တော် ဂျာနယ်”ကို စက်တင်ဘာ ၁၀ ရက်နေ့တွင် စတင် ဖြန့်ချိလိုက်ကြောင်း သိရသည်။ ယင်းဂျာနယ်တွင် လွှတ်တော်တွင်း ဆွေးနွေးချက်များနှင့် မြင်ကွင်းများကို ဖော်ပြ ထားကြောင်း၊ ထပ်မံကျင်းပမည့် လွှတ် တော် အစည်းအဝေး ကာလများအတွင်း အပတ်စဉ် ထုတ်ဝေသွားမည် ဖြစ်ကြောင်း MRTV4 ရုပ်သံ သတင်းက ဆိုသည်။ စတင် ထွက်ရှိသည့် ဂျာနယ် မျက်နှာဖုံးကို ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်း ၏ ဓာတ်ပုံဖြင့် ဖြော်ပထားသည်။


‘ဇွတ်ခေါ်တဲ့ လွှတ်တော်’ မကြာမီ ထွက်တော့မည်

လျှပ်စစ်မီး မရရှိမှု အပါအဝင် အခြားတိုင်းပြည် အခြေအနေများကို ပြည်ထောင်စု လွှတ်တော် အတွင်း ကိုယ်စားလှယ်များ ဆွေးနွေးချက်များအား ထောက်ပြ၍ လှောင်ပြောင် သရော်ထားသည့် ‘ဇွတ်ခေါ်တဲ့ လွှတ်တော်’ ဗီဒီယိုဇာတ်လမ်းခွေကို မကြာမီ ဖြန့်ချိတော့မည် ဖြစ်သည်။အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB မှ ထုတ်လုပ်သော ၄၇ မိနစ်ကြာ အဆိုပါ ဗီဒီယို ဇာတ်လမ်းခွေကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကြာသာပတေးနေ့က မိတ်ဆက် ပြသခဲ့သည်။ အစိုးရ ဝန်ထမ်းများအား လစာတိုးမြှင့်ပေးရေးအား လွှတ်တော်အတွင်း ဆွေးနွေးချက်များ၊ တောင်သူ လယ်သမားများ ထံမှ ပုဂ္ဂလိက ကုမ္ပဏီများ လယ်ယာသိမ်းယူမှုများအပေါ် လွှတ်တော် ကိုယ်စားလှယ်များအကြား ဆွေးနွေးမှုကို သရော်ထားချက်များ၊ အမျိုးသမီး လွှတ်တော်အမတ်တဦး၏ တင်ပြလိုချက်များကိုလည်း ထည့်သွင်း သရော်ထား သည်ကို တွေ့ရသည်။


မြန်မာ့ရာဘာ အရည်အသွေး မြှင့်ဖို့ အလုပ်ရုံဆွေးနွေးပွဲ လုပ်မည်

ဘရာဇီး၊ တရုတ်နှင့် အရှေ့တောင်အာရှ နိုင်ငံများ ပါဝင်သည့် နိုင်ငံတကာ ရာဘာဖွံ့ဖြိုးမှု သုတေသန အဖွဲ့ဝင်နိုင်ငံများက စနေနေ့နှင့် တနင်္ဂနွေနေ့များတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည် ဖြစ်သည်။


ဂျပန်ထုတ်ကုန်ပစ္စည်းများ ပြသမည်

ဂျပန် ထုတ်ကုန်ပစ္စည်းပြပွဲ ၂ဝ၁၂ ကို အောက်တိုဘာလ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ ဒဂုံမြို့နယ်ရှိ တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါပွဲ စီစဉ်သည့် Myanmar Professioinal Services Company Limited မှ Executive Director ဒေါက်တာ ဇာနည်မောင်မောင်က ပြောသည်။
ထိုပွဲတွင် ဂျပန်နိုင်ငံမှ Sony, Fuji Films စသည် ကုမ္ပဏီ ၄ဝ ခန့်မှ လျှပ်စစ်ပစ္စည်း၊ ကင်မရာ၊ ပရင်တာ၊ အဝတ်အထည်၊ ကားအပိုပစ္စည်း၊ အိုင်တီပစ္စည်းများ ပါဝင်ပြသ ရောင်းချမည်ဖြစ်ကြောင်းနှင့် ဂျပန်နိုင်ငံမှ ကုမ္ပဏီများနှင့် ချိတ်ဆက်လုပ်ကိုင်နေသော ပြည်တွင်းမှ ကုမ္ပဏီများလည်း ပါဝင်မည်ဖြစ်သည်။

ဂျန်ပန်နိုင်ငံ၏ မြန်မာနိုင်ငံတွင်း ဈေးကွက်ချဲ့တွင်မှု ခြေလှမ်းဖြစ်သည့် အဆိုပါ ပြပွဲသည် ၂ဝ၁၂ ခုနှစ်အတွင်း ဂျပန်ကုမ္ပဏီများ၏ ဒုတိယအကြိမ်မြောက် အရာင်းမြှင့်တင်ရေး အစီအစဉ်တစ်ခုဖြစ်သည်။
၂ဝ၁၂ ခုနှစ် ဇူလိုင်လကုန်အထိ မြန်မာနိုင်ငံသို့ ဂျပန်နိုင်ငံ၏ သွင်းကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ သန်းပေါင်း ၃၃၇.၁၉ ရှိပြီး မြန်မာနိုင်ငံ၏ ဂျပန်နိုင်ငံသို့ ပို့ကုန်တန်ဖိုးမှာ ဒေါ်လာသန်းပေါင်း ၁ဝ၆.၄၆ သန်းရှိသည်။


SEA Games ကျင်းပမည့် နေပြည်တော်က အားကစားရုံ (၈၅) ရာခိုင်နှုန်းပြီးစီး

၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပွဲတော် (SEA Games) ကို အိမ်ရှင်နိုင်ငံအဖြစ် မြန်မာနိုင်ငံက လက်ခံ ကျင်းပမှာ ဖြစ်ပြီး နေပြည်တော်မှာ တည်ဆောက်နေတဲ့ အားကစားရုံကြီး (၃) ခုဟာ အခုအခါ (၈၅) ရာခိုင်နှုန်း ပြီးစီးနေပြီလို့ မလေးရှား Banama သတင်းက ဖော်ပြပါတယ်။

 

ပျဉ်းမနားမြို့ သကြားစက်ရုံ အခြေခံအလုပ်သမား အစည်းအရုံးဖွဲ့စည်း

နေပြည်တော် ပျဉ်းမနားမြို့အမှတ် (၂) နဲ့ အမှတ် (၃) သကြားစက်ရုံတွေမှာ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးမယ့် ပထမဆုံး အခြေခံအလုပ်သမား အစည်းအရုံးတွေကို စက်တင်ဘာလ ၁၄ ရက် မနေ့က အခမ်းအနားကျင်းပပြီး တရားဝင် ဖွဲ့စည်း ထူထောင်လိုက်ပါတယ်။


ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီးစဉ် တနင်္ဂနွေနေ့ စတင်မည်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဲ့ အမေရိကန်ပြည်ထောင်စု ခရီးအတွက် လာမယ့် တနင်္ဂနွေနေ့မှာ မြန်မာနိုင်ငံကနေ အမေရိကန်ပြည်ထောင်စုကိုထွက်ခွာမှာဖြစ်ပါတယ်။

မြန်မာ့သွင်းကုန်ပိတ်ဆို့မှုတချို့ ဖြေလျှော့ပေးဖို့ အမေရိကန်အစိုးရ ကြိုးပမ်းနေ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ရဲ့ အမေရိကန် ခရီးစဉ်ကာလနဲ့ တိုက်ဆိုင်ပြီး မြန်မာနိုင်ငံကနေ အမေရိကန်ကို တင်ပို့တဲ့ သွင်းကုန်ပိတ်ဆို့ အရေးယူမှုတချို့ကို ဖြေလျှော့ပေးဖို့ အမေရိကန် အစိုးရက ကြိုးပမ်းနေတယ်လို့ မနေ့ကထုတ်ဝေတဲ့ Financial Times သတင်းစာကြီးက ရေးသားလိုက်ပါတယ်။

မြန်မာနိုင်ငံဒေသအနှံအပြား နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့လှုပ်ရှားမှု ကျင်းပမည်

အခုလာမယ့် စက်တင်ဘာ (၂၁) ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ကို အရပ်ဘက် လူ့အဖွဲ့အစည်း (၂၃) ဖွဲ့ ဦးဆောင်ပြီး တစ်နိုင်ငံလုံးမှာရှိတဲ့ စစ်ပွဲတွေချက်ချင်းရပ်ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ မြန်မာနိုင်ငံ ဒေသအနှံအပြားမှာ လှုပ်ရှားမှုတွေကို အသွင်အမျိုးမျိုးနဲ့ လုပ်ဆောင်သွားမယ့် အစီအစဉ်တွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ရန်ကုန်မြို့ ရန်ကင်းမြို့နယ်အတွင်းရှိ ရွှေသံလွင်ကွန်ဒိုမှာ မနေ့က မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

ကားတပ်ဆင်ထုတ်လုပ်ရေးစက်ရုံ အလုပ်သမားများ ဆန္ဒပြ

ရန်ကုန်တိုင်း၊ ရွှေပြည်သာ စက်မှုဇုန်မှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် ခိုင်ခိုင်စန္ဒာ ကားတပ်ဆင် ထုတ်လုပ်ရေးစက်ရုံမှာ လုပ်ငန်းကျွမ်းကျင် အထောက်အထား စာရွက်စာတမ်း မတင်ပြနိုင်တဲ့ အလုပ်သမားတွေကို အလုပ်မဆင်းခိုင်းတဲ့အတွက် အလုပ်သမား (၆၀) ကျော်လောက် စက်ရုံရှေ့မှာ ဒီကနေ့ စုဝေးဆန္ဒပြခဲ့ကြပါတယ်။

တိုင်းရင်းသားလူမျိုးများ ညီလာခံ ချင်းမိုင်မြို့တွင် ကျင်းပ

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အပါအ၀င် ပြည်တွင်း ပြည်ပမှာရှိတဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ လူထုအခြေပြု အဖွဲ့အစည်း အဖွဲ့ဝင်တွေနဲ့ ပညာရှင်တချို့ပါဝင်တဲ့ တိုင်းရင်းသားလူမျိုးများ ညီလာခံတစ်ရပ်ကို မနေ့က စက်တင်ဘာ ၁၄ ရက်နေ့ကစပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေပါတယ်။

 

မြန်မာနိုင်ငံမှာ Debit Card အသုံးပြုနိုင်ပြီ


မြန်မာနိုင်ငံမှာရှိတဲ့ အစိုးရပိုင်ဘဏ်တွေနဲ့ ပုဂ္ဂလိကဘဏ် (၁၇)ဘဏ် ပူးပေါင်းပြီး ရင်းနှီးငွေ အမေရိကန်ဒေါ်လာ လေးသန်း မတည် ထူထောင်ထားတဲ့ မြန်မာပေးမန့် ယူနီယံကနေ Debit Card တွေ စတင်အသုံးပြုနိုင်ပြီ ဖြစ်တဲ့အကြောင်း မိတ်ဆက်ပွဲ အခမ်းအနားကို ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှာ မနေ့က မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။




Visa ကတ်စနစ်ကို မြန်မာနိုင်ငံတွင် သုံးလအတွင်း အသုံးပြုနိုင်ရန် ပြင်ဆင်နေပြီး ကနဦး အနေဖြင့် မြန်မာဘဏ်များဖြစ်သော ကမ္တောဇဘဏ်၊ သမ၀ါယမဘဏ်(CB)နှင့် မြန်မာ့စီးပွားရေးဘဏ်များနှင့် စတင် ချိတ်ဆက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း  သတင်းရရှိပါသည်။
Visa Inc ၏ မြန်မာနိုင်ငံအတွင်း လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ Visa Incမှ တာဝန်ရှိသူများနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်နှင့်   စက်တင်ဘာလ ၁၃ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း အစိုးရသတင်းစာတွင် ဖော်ပြချက်အရ သိရပါသည်။




ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည်အများစုပါဝင်သော အထောက်အထားမဲ့ မြန်မာလူမျိုး ၅ သိန်းနှင့် တစ်သန်းကြားကို ယခုနှစ်မကုန်မီ အထောက်အထားများ ပြုလုပ်ပေးရန် စီစဉ်လျက်ရှိကြောင်း လူမှုဝန်ထမ်းနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သိရသည်။
ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည်များနှင့် အထောက်အထားမဲ့ မြန်မာ လူမျိုးများအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးအဖွဲ့တို့မှ အဓိကထား၍ အထောက်အထားများ လုပ်ဆောင် ပေးသွားမည်ဟု သိရှိရသည်။အထောက်အထားများ ထုတ်ပေးခြင်းကို ကူညီဆောင်ရွက်ပေးရာတွင် ပြည်ထဲရေးဝန်ကြီးဌာနမှ ၅၀%၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ၂၅%၊ လူဝင်မှုကြီးကြပ်ရေးအဖွဲ့မှ ၂၅% ဖြင့် အသီးသီး လုပ်ဆောင်သွားမည်ဖြစ်သည်။
အထောက်အထားများ ရရှိခြင်းဖြင့် မြန်မာဒုက္ခသည်များတွင် မိမိနေရပ်သို့ ပြန်လာလိုသူများအနေနှင့် တရားဝင်ပြန်လာခွင့်ရရှိမည်ဖြစ်ပြီး ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်မည်ဆိုလျင်လည်း အဆင်ပြေစေမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည် တစ်သိန်းနှစ်သောင်းကျော်မှာ တစ်နှစ်အတွင်း နေရပ်သို့ ပြန်ဖွယ်ရှိနေကြောင်း ထိုင်းနိုင်ငံ၏ အမျိုးသားလုံခြုံရေးကောင်စီ NSC မှပြော ကြားခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြချက်အရ သိရသည်။


ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်အရေး ပွင့်လင်းမြင်သာမှုရှိရန် HRW ပန်ကြား

ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်း ၁ဝ ခုမှ ဒုက္ခသည်များ လုံခြုံရေးအရ စိတ်ချရစွာ
နေရပ်ရင်း ပြန်နိုင်ရန်အတွက် ပွင့်လင်းမြင်သာသည့် ဒုက္ခသည် ပြန်လည် နေရာချထားရေး အစီအစဉ်များအား ချမှတ်သင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW အာရှဒေသ လက်ထောက် ဒါရိုက်တာ ဖီးလ် ရောဘတ်ဆန် Phil Robertson က ပြောကြားလိုက်သည်။

“ကျနော် ထောက်ပြချင်တာက အစိုးရတပ်ကရော၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကပါ မြေမြှုပ်မိုင်းတွေ သုံးစွဲနေကြတယ်။ ဒါတွေကို ရှင်းလင်းပစ်ဖို့ လိုပါတယ်။ ဒုက္ခသည်တွေ နေရပ်ပြန်ပြီး အခြေချနေထိုင် လုပ်ကိုင် စားသောက်ဖို့ မြေယာတွေကို ခရိုနီ စီးပွားရေး လုပ်ငန်းရှင်တွေက စိုက်ပျိုးမြေနဲ့ အခြား စီးပွားရေး လုပ်ငန်းတွေ အတွက် သိမ်းပိုက်ထားမှုတွေ၊ နောက်တချက်က ဒီဒုက္ခသည်တွေ နေရပ် ပြန်နိုင်ဖို့ အသေးစိတ် အစီအစဉ် ချမှတ်မှုမှာ UNHCR၊ ထိုင်းအစိုးရ၊ မြန်မာအစိုးရတွေအကြား ပွင့်လင်းမြင်သာတဲ့ အစီအစဉ်ကို ထုတ်ပြန် ကြေညာမှု မရှိသေးဘူး” ဟု
မီဒီယာကို ပြောသည်။

သက်ဆိုင်ရာ UNHCR၊ ထိုင်းနှင့် မြန်မာ အစိုးရတို့အကြား ဒုက္ခသည်များ နေရပ် ပြန်နိုင်ရေးအတွက် ဆောင်ရွက်
နေကြသည်ဟု ဆိုသော်လည်း လက်တွေ့ လုပ်ဆောင်ရာ၌ အခက်အခဲများ ရှိနေဆဲဟု ဆိုသည်။

ဒုက္ခသည်များ နေရပ် ပြန်နိုင်ရန် အစီအစဉ် ရေးဆွဲချမှတ်ရာ၌ စခန်းတခုချင်း၊ မိသားစု တစုချင်း၊ ဒုက္ခသည် တဦးချင်း အပေါ် သဘောထားအမြင် ကောက်ခံရန် လိုအပ်ပြီး ၎င်းဒုက္ခသည် များ၏ ပြန်လို မပြန်လို ဆန္ဒများကိုလည်း သက်ဆိုင်ရာ အစိုးရများမှ အလေးအနက် ကောက်ခံရန်နှင့် ဒုက္ခသည်များနှင့် ဆွေးနွေး တွေ့ဆုံပွဲများကိုလည်း ကျယ်ကျယ် ပြန့်ပြန့် ပြုလုပ်ရန် လိုအပ်သည်ဟု ၎င်းက ထောက်ပြ ပြောဆိုလိုက်သည်။

စက်တင်ဘာလ ၁၂ ရက်နေ့ကလည်း ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းများ၏ အခြေအနေများနှင့် ပတ်သက်၍ HRW အဖွဲ့က Ad Hoc and Inadequate (Thailand’s Treatment of Refugees and Asylum Seekers) အမည်ရှိ စာမျက်နှာ ၁၅၃ မျက်နှာရှိ အစီရင်ခံစာ တစောင်အား ထုတ်ပြန်ခဲ့ပြီး ထိုင်းအစိုးရ၏ ဒုက္ခသည်များအပေါ် ကိုင်တွယ်ပြုမူမှုများနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် ထောက်ပြခဲ့သည်။

“ထိုင်းနိုင်ငံသည် ဒုက္ခသည် သိန်းဂဏန်း ကျော်အား ဆယ်စုနှစ် သုံးခု ကျော်ခန့် လက်ခံထားပြီး ဖြစ်သော်လည်း ၎င်း၏ ဒုက္ခသည်ဆိုင်ရာ မူဝါများမှာ အားနည်းချက် များစွာ ရှိနေသေး၍ အာဏာပိုင်များအတွက် ဒုက္ခသည်များအပေါ် ထင်သလို ပြုမူနိုင်နေသေးသည့် အနေအထား ရှိ၍ ၎င်းပေါ်လစီမှာ အားနည်းမှု၊ မပြည့်စုံမှုများကို ဖော်ပြနေဆဲ” ဟု အဆိုပါအစီရင်ခံစာ၌ ဖော်ပြထားသည်။

“စခန်း အာဏာပိုင်တွေ၊ ထိုင်းပြည်သူ့ရဲတွေ၊ အော်ဆော် (စခန်း လုံခြုံရေးရဲ) တွေက အကျင့်ပျက် ခြစားမှုနဲ့ ဒုက္ခသည်တွေအပေါ် ရုပ်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေ ရှိနေပါတယ်။ စခန်း ဒုက္ခသည်တွေအတွက် ရိက္ခာတွေကိုလည်း အာဏာပိုင်တွေနဲ့ အဆင့်ဆင့် ဝန်ထမ်းတွေက ဖြတ်တောက်မှုတွေ ရှိနေပါတယ်။ ဒါနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံမှာ ချမှတ်ထားတဲ့ လာဘ်စားမှု တိုက်ဖျက်ရေးနဲ့ အခြား ဆိုင်ရာဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူဆောင်ရွက်သင့်ပါတယ်” ဟု ဖီးလ် ရောဘတ်ဆန် က
မီဒီယာကို ပြောသည်။ထိုင်း-မြန်မာ နယ်စပ်တွင် ဒုက္ခသည် စခန်းများတွင် ဒုက္ခသည်ပေါင်း ၈၅,၈၇၆ ဦး ရှိပြီး ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည် စခန်း (IDP) ခုနှစ်ခုတွင် ဒုက္ခသည် ၁၇,၄၄၄ ဦး ရှိသည်ဟု HRW အစီရင်ခံစာ၌ ဖော်ပြထားသည်။ ဒုက္ခသည် စခန်းများရှိ လူမျိုး များအနက် ကရင်လူမျိုးမှာ ၇၈.၈ ရာခိုင်နှုန်း ရှိပြီး ကျန် တိုင်းရင်းသားများ ဖြစ်ကြသည့် ကရင်နီ (ကယား)၊ မြန်မာ၊ မွန်၊ ရှမ်း၊ ရခိုင်၊ ချင်း၊ ကချင်နှင့် အခြား လူမျိုးများလည်း ပါဝင်ကြောင်း သိရသည်။

အဆိုပါ ထိုင်းနိုင်ငံ၏ ဒုက္ခသည်ဆိုင်ရာပေါ်လစီ အားနည်းမှုကြောင့် အာဏာပိုင်များအတွက် အကျင့်ပျက်ခြစားမှုနှင့် ချိုးဖောက်မှုတို့ ကျူးလွန်နိုင်စေရန် တွန်းအားပေးသကဲ့သို့ ဖြစ်နေပြီး အခြား လူ့အခွင့်အရေး ချိုးဖောက်မှုများ အပါအဝင် ဒုက္ခသည်များ၏ အခွင့်အရေးဖြစ်သည့် လွတ်လပ်စွာ သွားလာခွင့်နှင့် အခြား ရပိုင်ခွင့်များကို ပိတ်ပင် ထားသည့် အုပ်ချုပ်မှုများ ရှိနေသည်ဟု ရောဘတ်ဆန် က ဆိုသည်။HRW သည် နိုင်ငံတကာ အဖွဲ့အစည်းတခု ဖြစ်ပြီး ရုံးချုပ်အား အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ထားရှိကာ အခြား ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၄ဝ ကျော်၌လည်း ရုံးများ ဖွင့်လှစ်ထားသည်။ နိုင်ငံများ၌ ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ အစီခံစာများ ပြုစုခြင်း၊ ပညာပေးခြင်း၊ သုသေတန လုပ်ခြင်းများကို ဆောင်ရွက် လျက် ရှိသည်။


LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment