ဖိုတိုအနာလက်စစ် – Facebook Photo Analysis for Burma (Myanmar)

By ၀တ်မှုန် (စင်ကာပူ)

သြဂုတ်လ၊ ၂၀၁၂ မြန်မာနိုင်ငံ အောက်ပိုင်းမြို့ကြီးများရေကြီးစဉ် ဒီဓါတ်ပုံထွက်ပေါ်လာပါတယ်။ ကလေးများဟာ ၀၀ဖြိုးဖြိုးလေး ဖြစ်နေတဲ့ အတွက် ကျွန်တော်တို့မြန်မာနိုင်ငံ အဟာရဓါတ် ပြန်လည်တိုးတက်လာပြီလို့ မှတ်ယူရပါတယ်။ သို့သော် ဒါလောက် ယင်ကောင်များစွာကြားမှာ ကလေးများအိပ်နေကြခြင်းအတွက် စဉ်းစားစရာများစွာ ရှိပါတယ်။

ပြသနာတခုကို အဖြေရှာတဲ့အခါ ပထမဆုံး လူတိုင်းဖြေရှင်းတဲ့နည်းက အပြစ်တင်ခြင်းနဲ့ စတင်လေ့ရှိပါတယ်။
ထူးခြားတဲ့လူများကတော့ ပြသနာကို အရင်ချကြည့်လိုက်ပါတယ်။ Problem Description လို့ခေါ်ပါတယ်။ What, Where, When, Who, Why, How ..စတဲ့ ဒဘလျူတွေနဲ့ ကိုယ်အဖွဲ့သားတွေ၊ မိတ်ဆွေတွေ အနာလိုက်စ် လိုပ်ကြပါတယ်။ ပြီးမှ အဲဒီပြသနာကို ယာယီဖြေရှင်းနည်း Containment Action ကို ရှာရပါတယ်။ နောက်ဆုံးကြမှ နောက်နောင်ဒါပြီးပြသနာမဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ ထာဝရဖြေရှင်း နည်းကို Preventive Action စဉ်းစားရပါတယ်။ အဲဒီ အက်ရှင်များမှာ Containment Action & Preventive Action ဘယ်သူက၊ ဘယ်အချိန် အတွင်းမှာ၊ ဘယ်လိုလုပ်ပေးရမယ် ..ဆိုတဲ့အချက်ကို လုပ်ပေးရမဲ့လူက ဟုတ်ကဲ့ လုပ်ပေးပါမယ်..လို့ပြောရပါတယ်။ လုပ်မလုပ်ကို စောင့် ကြည့်တဲ့အဖွဲ့အစည်းလည်း ရှိရပါတယ်။ ဒါကတော့ စနစ်တကျ ဖြေရှင်းတဲ့နည်းလမ်းပါ။
အခုပြသနာကိုကြည့်ရင် ဓါတ်ပုံ ဖိုတိုရှော့ပ်တော့မဟုတ်ဘူး သေချာအောင် လုပ်ရပါတယ်။ လူတွေက ဟေးလားဝါးလား လုပ်တတ်တာကိုး၊ နေရာ၊ အချိန်များကို ဓါတ်ပုံရိုက်တဲ့လူက ဖေါ်ထုတ်ပေးရပါတယ်။ အခုကိစ္စမှာ What ဆိုတာပဲသိတယ်။ ယင်ကောင်တွေကြားမှာ ၀၀ချစ်စရာ ၁ နှစ်အောက်ကလေးငယ် ၄ ဦး အိပ်နေချိန် နိုးနေတဲ့ကလေးတစ်ဦးက ယင်ကောင်များစွာ မျက်နှာပေါ်တွယ်ကပ်နေတဲ့ကြားက နို့မပါတဲ့နို့ဗူး စုတ်နေတဲ့ပုံပါ။ ကျန်တဲ့ကလေးငယ် ၃ ယောက်ကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေကြပါတယ်။
ဓါတ်ပုံရိုက်တဲ့လူက ရိုက်ပြီးတော့ ဘာလုပ်ပေးခဲ့သလဲဆိုတာလည်း မသိရပါဘူး။ အချက်အလက်မစုံလင်တဲ့ ဓါတ်ပုံဖြစ်နေတဲ့အတွက် ထင် တာတွေ (ဖြစ်နိုင်ခြေ) ရေးရပါတော့မယ်။
ရေဘေးဒုက္ခမှာ မိဘများ စားဝတ်နေရေး (သို့မဟုတ်) တခြားလူတွေရဲ့အရေးကိစ္စများ အရေးပေါ်ဆောင်ရွက်နေချိန်မှာ ကလေးထိန်းအဖွဲ့ဆီ သူတို့ကလေးများကို အပ်နှံထားရတယ်။ ကလေးထိန်းအဖွဲ့ကလည်း ယင်ကောင်များစွာရှိတဲ့ နေရာမှာ စာကြွင်းကျန်ရှိရင် ယင်ကောင်လာတာ ဆင်းရဲနိုင်ငံများရဲ့ ၀ိသေသအချက်ပါ။ ဒီကလေးတွေကို ထိန်းတဲ့လူများက အနီးကပ် ယပ်တောင်တောက်လျှောက် မခပ်ပေးနိုင်ဘူး။ သူ့ဆီ လာကပ်တဲ့ ယင်ကောင်များကို မောင်နှင်ထုတ်နေရသေးတယ်။ ပြီးတော့ ခြင်ထောင်ထဲ ထည့်ထားရအောင်၊ ယင်လုံ အခန်းတခုလုပ်ရ အောင်လည်း မဖြစ်နိုင်တော့၊ ကလေးတွေကို ပစ်ထားလိုက်ရတယ်။ မသေရင်ပြီးရောပေါ့။ တကယ်လဲ သေလောက်တဲ့ကိစ္စ မဟုတ်ပါဘူး။ နောက်ပိုင်း ၀မ်းလျှောရောဂါရပြီး တပတ်အတွင်း သေသွားနိုင်တယ်။
မိဘများရဲ့ နံပါတ် (၁) အလုပ်ဟာ သားသမီးရတနာများကို ကာကွယ် – ကလေးထိန်းနိုင်တဲ့ ငွေကြေး၊ မိတ်ဆွေ၊ အခြေအနေကောင်းသူများ ကတော့ သူတို့ကလေးကို ဘယ်နည်းနဲ့မှ ဒီလိုပစ်ထားမှာမဟုတ်ဘူး။ အခု ကလေးများမိဘများ စားဝတ်နေရေး (သို့မဟုတ်) တခြားလူတွေရဲ့ အရေးကိစ္စများ အရေးပေါ်လုပ်နေရချိန်မှာ (ဥပမာ ..မိဘများ ဘုရားရှိခိုးနေချိန်၊ တရားနာနေချိန်) ကလေးထိန်းအဖွဲ့နဲ့ထားခဲ့တယ်။ မိဘများ သွားရှာလေပြီလား..လို့တောင် မေးစရာပဲ။
Containment Action & Preventive Action တွေလုပ်ဖို့ အချက်အလက်မပြည့်စုံတော့ မှတ်ချက် Conclusion နဲ့ အကြံပေးချက် Comment လောက်ပဲလုပ်နိုင်မှာပါ။ ဖေ့ဟုတ် Ba La ဆီကတဆင့် သူငယ်ချင်း Thein Thein Aung ကဖေါ်ပြလို့ ကြည့်လိုက်တော့ 26 Likes, 17 comments တွေ့ရတယ်။ ကွန်မင့်အားလုံးနီးပါးကတော့ ပြသနာကို အပြစ်တင်ကြတာချည်းပါ။ ကျွန်တော့်ကွန်မင့်ကတော့ ဒါမျိုးတွေ့ရင် တာဝန်ရှိလူတစ်ယောက်အနေနဲ့ ကလေးထိန်းအဖွဲ့ကို အသစ်ပြောင်းပြီး၊ ယင်လုံတဲ့နေရာတခုအမြန်ဆုံး ဖန်တီးပစ်မှာပါ။ တွေ့တဲ့လူက ဆယ်ကျော်သက်အရွယ် ဘာမှမလုပ်ပေးနိုင်။ တာဝန်သိကလေးငယ်ဆိုရင်တော့ အဲဒီယင်ကောင်တွေ အကုန်လိုက်ဖမ်းဖို့ သူငယ်ချင်းတွေ သွားခေါ်မှာ သေချာပါတယ်။ သူ့အဖေကို ဆွဲခေါ်လာနီုင်ရင်လဲ အဖေကြည့်လုပ်ပေးပါဦးဗျာလို့ ပြောမှာပါ။
ဒီလိုလူက တစ်ရာမှာ တစ်ယောက်ပဲရှိပါတယ်။ ဒီလိုလူမျိုး တိုင်းပြည်ခေါင်းဆောင်ဖြစ်ပြီး၊ အတိုက်အခံခေါင်းဆောင်လည်း ဒီလိုလူမျိုးဖြစ်ပြီး သူတို့လိုလူမျိုးများများ ၇၅ ရာနှုန်းလောက် ခေါင်းဆောင်၊ ၀န်ကြီး၊ လွှတ်တော်အမတ်ဖြစ်တဲ့အချိန် အမေရိကန်နိုင်ငံ၊ ဂျပန်၊ ကိုးရီးယားတို့လို သာယာဝပြောတဲ့ မြန်မာနိုင်ငံကြီး ဖြစ်လာမှာပါ။
နောက်ထပ်တစ်ပုံကတော့ ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသယ်မီးနေပြီးစ၊ ကလေးငယ်ချီပိုးထားတဲ့ မိခင်ငယ်တစ်ဦး၊ ထမင်းချည်းထည့်ထား တဲ့ပန်ကန်နဲ့ စားသောက်နေတဲ့ပုံပါ။ Tu Lum Marip shared Khon Ja’s photo. လို့ ဖေ့စ်ဘုတ်မှာ တွေ့ပါတယ်။ မီးနေသည်တယောက် ဘာစားနေသလဲ.. ကြည့်စမ်းပါ။။ စစ်ခွေးများ.. ရှင်တို့ရဲ့သားသမီး၊ မြေးမြစ်တွေ ဒီလိုအဖြစ်မျိုး .. ပြန်ကြုံရပါစေ… ကျိန်ဆဲလိုက်တယ်။။ မုန်း တယ်…. .ဆိုတဲ့ ကွန်မင့်ကိုတွေ့သလို United ourself is the best. Please, organize home cell for prayer worship for people in Kachin State. Start with pray and continue to pray.. Action will follow up ..လို့ရေးထားတာလည်း တွေ့ရပါတယ်။ အဓိက တရားခံကတော့ ပြည်တွင်းစစ်ပါ။ ကချင်လူမျိုးတစ်ယောက်ကတော့ သရုပ်ပြပုံနဲ့ တရုတ်စီးပွားရေး (ငွေနံပါတ်တစ်) ဦးစားပေးမှုကို မြန်မာ အစိုးရက နိုင်ငံရေးကစားမှု၊ ကချင်သူပုန် KIA ရဲ့ ပျေက်ကျားစစ်ဆင်ရေးနဲ့ မရှိမာန၊ ကချင်မျိုးချစ်စိတ်ဓါတ်တို့ ဖြစ်ပျက်နေပုံမှာ စစ်ဘေးဒုက္ခ သည်များပဲ မချိမဆန့် ခံစားနေရတာကို ဖေါ်ပြထားပါတယ်။ အင်အားကြီးသူ မြန်မာစစ်တပ်၊ အစိုးရက မလျှော့ပေးရင် ဒီပြည်တွင်းစစ်က ပျောက်ကျားစစ်အဖြစ် နိုင်ငံတကာ လက်ညှိုးထိုးစရာဖြစ်နေမှာပါ။ မြန်မာနဲ့တရုတ် အားစမ်းတဲ့၊ ပေါလတစ်ထဲမှာ ကချင်များ စကိတ်ဂုတ် ကြားညှပ်ဖြစ်သွားရတာကတော့ ဘယ်သူ့ကို အပြစ်တင်ရမှာလဲ။ ကျွန်တော် မတတ်နိုင်ပါ။ မြန်မာနဲ့ကချင်ခေါင်းဆောင်များအတွက် တဦး ချင်း၊ မိသားစုတွင်းဆုတောင်းပေးခြင်း၊ လူအများနဲ့အတူ ဆုတောင်းပေးခြင်းပဲ လောလောဆယ်တတ်နိုင်ပါတယ်။
ဒုတိယ ကလေးအမေဓါတ်ပုံအတွက် အကောင်းဆုံးအကူအညီပေးခြင်း၊ ယာယီဖြေရှင်းဖို့ ကျွန်တော်လုပ်နိုင်တာက ခွင့်ယူပြီး တပါတ်လောက် အဲဒီဒုက္ခသယ်စခန်းကို သွားကြည့်ပေးဖို့ပဲဖြစ်ပါတယ်။
ဓါတ်ပုံအနာလိုက်စ်လုပ်ခြင်းကို ဒါလောက်နဲ့ပဲ အဆုံးသပ်ပါတယ်။

LWIN PWIN
NLABR
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/
Facebook:                   Sa Maung

0 comments:

Post a Comment