25/07/2011
ဖိုးခင်ညွန့်တစ်ယောက်တော့ ခုချိန်မှာ တရာဓမ္မနဲ့ ဘ၀နေ၀င်ချိန်ကိုဖြတ်ကျောာ်နေရပါပြီဟု ပြောဆိုသံကြားရတော့ လူသားချင်းစာနာထောက်ထားပီး စိတ်မကောင်းဖြစ်မိပါသည်၊ သို့သော် ဖိုးခင်ညွန့်သည် မြန်မာပြည်ကြီးကို ဖျက်ဆီးချင်တိုင်းဖျက်ဆီး၊ အတိုက်အခံနိုင်ငံရေးသမားတွေကို ဖမ်းချင်သလိုဖမ်း၊ သတ်ချင်သလိုသတ်၊ဖြတ်ချင်သလိုဖြတ်ပြီး သမိုင်းတရားခံတစ်ယောက်အဖြစ် မှတ်တမ်းတင်ခြင်းကိုခံထားရတဲ့ သူတစ်ယောက်မဟုတ်ပါလား၊ သူသည် သူပြုလုပ်ခဲ့သမျှတွေအားလုံးအတွက် ပေးဆပ်ရမည်၊ရှောင်ပုန်းလို့မရ၊မဟုတ်ပါဘူးလို့ ငြင်းပယ်လို့မရ၊အမှန်တရား၏ ဒဏ်ခတ်အရေးယူခြင်းကို မလွဲမသွေ မုချခံစားစံစားရမည်။
အာဏာဟူသည် ရေဗွက်ပမာ တစ်ခဏတာဖြစ်သည်ကို အာဏာရူးလူတန်းစားများ အထူးသတိပြုသင့်ကြပေသည်။အာဏာလက်ဝယ်ရှိချိန်မှာ အာဏာကို မိမိတစ်ကိုယ်ရေကောင်းစားရေးအတွက် အလွဲသုံးစားလုပ်သူများသည် အာဏာလက်မဲ့ဖြစ်ချိန်တွင် ခွေးတစ်ကောင် ကြောင်တစ်မြီးကအစပြု၍ တန်ဖိုးမထားကြတော့သည်ကို သဘောပေါက်ကြရမည့်အချိန်သို့ရောက်နေပေပြီ။
န အ ဖ စစ်အာဏာရှင်များ၏နောက်ဆုံး နေ၀င်ချိန်သည် မျက်ရည်ပေါက်ကြီးငယ်ကျဆင်းပြီး အဆုံးသတ်ခဲ့ကြရသည် ကိုသတိထားမိကြရဲ့လား။ စစ်အာဏာရှင် ၀န်ကြီးချူပ်ဟောင်း
ဖိုးခင်ညွန့် ဟာ စားဝတ်နေရေး အကြပ်အတည်းနဲ့ ဒုက္ခတွေ ပလူပျံနေပြီး မိသားစုဘ၀မှာလဲ ပညာရေးစားဝတ်နေရေးတွေအတွက် ရတက်မအေး
ပူဆွေးသောကတွေရောက်နေရတယ်လို့ သတင်းများမှာ ဖော်ပြထားတာတွေ့ရပါတယ်။ ဖိုးခင်ညွန်ကြီး ကောင်းစားစဉ်အခါက တိုင်းသူပြည်သား
တွေကို ဘယ်လို့ စားဝတ်နေရေးတွေ ဖြေရှင်းပေးနိုင်ခဲ့သလဲ၊ တိုင်းသူပြည်သားတွေအားလုံးဟာ ယနေ့ထိပင် စစ်အာဏာရှင်ကြီးများရဲ့ အခြခံ ဥပဒေ
လက်အောက်မှာ သောက ဒုက္ခတွေနဲ့ ရင်ဆိုင်နေကြရပြီး၊ ဖိုးခင်ညွန့်ကြီးလဲ တိုင်းသူပြည်သားတွေ ခံစားနေရသလို့ မြတ်ဗုဒ္ဓဟောကြားခဲ့သည့်
ဝဋ်မှာအမြဲ ငရဲမှာအပဆိုတာ သိလောက်ပါပြီ။ နောက်ပြီး ၀ဋ်မှာအမြဲ ငရဲမှာအပ ဆိုသည့် အတိုင်း၊ တိုင်းသူပြည်သားများ စားဝတ်နေရေး ဒုက္ခအကြပ်
အတည်းရောက်ခဲ့ရသလို့ စစ်အာဏာရှင် ခေါင်းဆောင်ကြီးများအားလုံး မြတ်ဗုဒ္ဓဟောကြားခဲ့သည့်အတိုင်း ၀ဋ်မှာအမြဲ ငရဲမှာအပဆိုတာ စစ်အာဏာရှင်
ကြီးများအားလုံးနေ၀င်ချိန်ကြရောက်လို့လာပါပြီဆိုတာကို အထူးသတိပြုသင့်ကြပြီး ပြုပြင်ပြောင်းလဲရေးကို အမြန်ဆုံးပြုလုပ်ကြဖို့လိုပြီဆိုတာကို လွင်ပြင်အဖွဲ့သားများမှ သတိပေးရေးသားအပ်ပါသည်။
လွင်ပြင်အဖွဲ့သားများ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment