16/07/2011
ယခုအချိန်တွင် Googleမှထားရှိပြီးသော ၀န်ဆောင်မှုများနှင့်အခြားဝက်ဘ်ဆိုက်များအားလုံးဝ တစ်ပေါင်းတစ်စည်းဖြစ်စေရန်ကြိုးစားနေပြီဟု ၄င်းတိုနာမည်ကျော် ၀န်ဆောင်မှုအချို့အား ရနာမည်ပြောင်းလဲအသုံးပြုတော့မည်ဖြစ်ကြောင်း Google အဖွဲ့ဝင်မောရှေဘဲလ်(Mashable)မှသတင်းမီဒီယာတစ်ခုနှင့်တွေ့ဆုံရာတွင်ပြောကြားသွားခဲ့သည်။ ပြောကြားသွားချက်များအရယခုပြောင်းလဲ သွားမည့်ဝန်ဆောင်မှု(2)ခုမှာ ပီကာဆာ(Picasa) နှင့်ဘလော့ဂါ(blogger)တို့ဖြစ်ကြောင်းသိရှိရပါသည်၊ သတင်းများဖော်ပြချက်အရ အဆိုပါဝန်ဆောင်မှုများလုံးဝဖျက်သိမ်းပျောက်ကွယ်မည်မဟုတ်သော်လည်း နာမည်များကို Google Photoနှင့် Google Blogsသို့ပြောင်းလဲသွားမည်ဟု သုံးသပ်ထားပါသည်။ အဆိုပါပြောင်းလဲမှုများအား လာမည့်(6) ပတ်အတွင်းပြုလုပ်ပြီးစီးသွားမည်ဖြစ်ပြီးနောက်ပိုင်းတွင် ပိုမို့ထူးခြားစွာတင်ဆက်သွားမည့် Google+နှင့်လည်းချိတ်ဆက်အသုံးပြုနိုင်ရန်စီစဉ်နေပြီဖြစ်ကြောင်းကို မလေးရှားနိုင်ငံထုတ် Today Special ၈ျာနယ်မှပြန်လည်တင်ပြအပ်ပါသည်။

0 comments:

Post a Comment