19/08/2011


ငြိမ်းချမ်းရေးဖော်ဆောင်လိုတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ စစ်တပ်လိုလားတဲ့ ဦးသိန်းစိန်အစိုးရရဲ့ ယမန်နေ့ညက သတင်းထုတ်ပြန်ကြေညာချက်ကို ပြည်တွင်း၊ ပြည်ပ လွင်ပြင်ကလည်း အကြီးအကျယ် ကြိုဆိုလိုက်ပါတယ်။
ပြန်လည်သင့်မြတ်ရေးအတွက် ပြည်တွင်း ၊ ပြည်ပ လွင်ပြင် ၀ိုင်းတော်သားများမှလည်းတန်ပြန် ငြိမ်ချမ်းရေး တောင်းဆို ကမ်းလှမ်းလိုက်ပါသည်။ စစ်မှန်သော ငြိမ်းချမ်းရေး ရရှိရန်အတွက် ဦးသိန်းစိန် ဦးဆောင်သည့် မြန်မာအစိုးရအနေဖြင့် အောက်ဖော်ပြပါ တန်ပြန်ကမ်းလှမ်းချက်များကို အပြု သဘောမပါပဲ လက်တွေ့ကျကျ တစ်ဆင့်ချင်းနှင့် အနေးအမြန် ချက်ချင်း ဆောင်ရွက်ပေးမည်ဆိုပါက မိမိတို့အနေဖြင့်လည်း ဦးသိန်းစိန်အစိုးရနှင့် စေ့စပ် ဆွေးနွေးရန်အသင့်ရှိပါသည်။
၎င်းတို့မှာ (၁) နိုင်ငံရေး အကျဥ်းသားများအားလုံးကို ချွင်းချက်မရှိ ချက်ချင်း လွှတ်ပေးရန်နှင့် ၄င်းတို့အား မြန်မာ့နိုင်ငံရေးတွင် လွှတ်လျှင်လွှတ်ချင်း ချက်ချင်းလုပ်ဆောင်ပါဝင်ခွင့်ပေးရန်။
(၂) ပြည်းတွင်း၊ ပြည်ပ မြေပေါ် ၊ မြေအောက်အထူးအထွေထွေ လွတ်ငြိမ်းချမ်းသားခွင့် ပြုရန်၊
(၃) ပြည်တွင်း၊ပြည်ပရောက် တတ်သိပညာရှင်များ ၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမူ့ရေး၊ ဘာသာရေး၊ ပညာရှင်များ ကျွမ်းကျင်လုပ်သားအားလုံးနှင့် ရဟန်းရှင်လူ ပုဂ္ဂိုလ်အသီးသီး တို့အား လက်ကမ်းကြိုဆို မြေတောင်မြှောက်၍ တရားဝင် အသိအမှတ်ပြု လုပ်ပိုင်ခွင့် ပေးရန်၊
(၄) စီးပွားရေး အလုပ်ရုံဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည်ကို တက်ရောက်ခွင့် ပြုရုံသာမက NLD နှင့် နယ်ပယ်အသီးသီးရှိ အသိပညာရှင်၊ အတတ်ပညာရှင်များ ကို လည်း ဖိတ်ကြား၍ လွတ်တော်၂ရပ်လုံး၏ အထူးကိုယ်စားလှယ်များအဖြစ် နိုင်ငံရေးရာ စီးပွားရေးရာ၊ လူမူ့ရေးရာစသည့် အသီးသီးတို့တွင် တရားဥပဒေပြုခွင့် ပေးရန်၊
(၅) တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံးနှင့် ယခုချက်ချင်း အပစ်အခတ်ရပ်စဲရေးကို ထုတ်ပြန်ကြေညာပြီး မြေပေါ်မြေအောက် တိုင်းရင်းသား မျိုးနွယ်စု (၁၃၂) စု၏ တိုင်းရင်းသားခေါင်းဆောင် ကိုယ်စားလှယ် များနှင့် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံ၍ ဖယ်ဒရယ် စနစ်ကို အခြေပြု ဦးတည်သည့် ငြိမ်းချမ်းမည့် ဒုတိယ ပင်လုံညီလာခံကို ချွင်းချက်မရှိ လွတ်တော်ခေါ်ယူရန်၊
(၆) NLD ပါတီအား တရားဝင် ခွင့်ပြု၍ အခြားပါတီအဖွဲ့အစည်းများကဲ့သို့ လွတ်လပ်စွာ နိုင်ငံရေး လုပ်ဆောင်ခွင့်ပြုရန် ၊
(၇) မြန်မာ့သမိုင်းတွင်သာမက ကမ္ဘာ့သမိုင်းတွင် မည်သည့်အခါကမှ ပေါ်ပေါက်ခြင်းမရှိသေးသည့် စစ်တပ်၏ ၂၅%ရာခိုင်နှုန်းဆိုသည့် အခန်းကဏ္ဍကို တရားဝင် ပယ်ဖျက်ပေးရန် ၊
အထက်ဖေါ်ပြပါ တန်ပြန်ကမ်းလမ်းချက်များကို မြန်မာအစိုးရအနေဖြင့် အရေးတယူ ဆောင်ရွက် လုပ်ဆောင်ပေးမည်ဆိုပါက ပြည်တွင်း၊ပြည်ပ လွင်ပြင်ဝိုင်းတော်သားများအားလုံးအနေဖြင့် ဦးသိန်းစိန်ဦးဆောင်သည့် မြန်မာအစိုးရနှင့် တရားဝင် စေ့စပ်ဆွေးနွေးရန် အသင့်ရှိနေပါကြောင်း........



လွင်ပြင်ဝိုင်းတော်သားများ

0 comments:

Post a Comment