23/08/2011



ယနေ့ ၂၃ရက် ၊နံက်၎နာရီ၊ ၈လပိုင်း၊ အဂါင်္နေ့ ၂၀၁၁ စ၍ မလေးရှားနိုင်ငံ လ၀က ၀န်ကြီးဌာနနှင့် UNHCR မလေးရှား တို့၏ သဘောတူညီချက်ဖြင့် မလေးရှားနိုင်ငံရောက် (၁၉)နိုင်ငံအသီးသီးမှ ဒုက္ခသည်များ အားလုံး 6-P WORK PERMiT ပုံစံကဲ့သို့ လက်ဆယ်ချောင်းလုံး လက်ဗွေနှိပ် ဓာတ်ပုံရိုက်ယူရမည် ဟူသည့် ညွန်ကြားချက်ကြောင့် မလေးရှားနိုင်ငံရောက် မြန်မာဒုက္ခသည်များ အပါအ၀င် နိုင်ငံအသီးသီးမှ ဒုက္ခသည်အားလုံး KUALA LUMPUR ရှိ ပိုထရာဂျာယာ လူဝင်မူ့ကြီးကြပ်ရေး IMMIGRATION ၀န်ကြီးဌာနချုပ်တွင် တဖြေးတဖြေးချင်း စုဝေး ရောက်ရှိလာရာ နံက်၈နာရီ အချိန်မှစ၍ ယခုသတင်းဖေါ်ပြချိန်အထိ တစ်သိန်းခန့်ရှိသော ဒုက္ခသည် ဦးရေးအားလုံးသည် သူ့ထက်ငှါ လက်ဗွေပုံစံရွက် ရရှိရန် တိုးဝှေ့နေကြရာ လ၀ကဌာနနှင့် UNHCR တို့မှ စီစဉ်ညံ့ဖျင်းမူ့ကြောင့် ထိန်းမနိုင် သိမ်းမရ ဖြစ်နေသည့် ဒုက္ခသည် လူအုပ်ကြီးအား မလေးရှား ရဲ့တပ်ဖွဲ့ဝင်များ၊ RELARများ၏ ရိုက်နှိက်ထိန်းသိမ်းမူကြောင့် အပြစ်မရှိသည့် မြန်မာဒုက္ခသည်များ ကလေးများ မိခင်များ သက်ကြီးရွယ်အိုများ လူငယ် လူရွယ်များ အားလူသားမဆန်စွာ နံပတ်ဒုတ်ဖြင့် ရိုက်နှိက်ထိုးကြိတ် သည်ကို မလေးရှားရောက် ဒုက္ခသည် မျက်မြင်ကိုယ်တွေ့တစ်ဦးက လွင်ပြင်သို့ သတင်းပေးပို့ပါသည်။
ဒုက္ခသည်များ ရရှိသည့် စာရွက်ထဲတွင်လည်း …..ရည်ညွန်း……PULANG KE NEGARA ASAL ဟုရေးသားထားသော နေရင်းအရပ်သို့ပြန်ပို့ရန်ဟု အဓိပ္ပာယ်ရသော စာသားများအား ထည့်တွင်းဖေါ်ပြထားရာ မြန်မာဒုက္ခသည်များသည် ဒုက္ခပေါ်ဒုက္ခဆင့်ပြီး မလေးရှားနိုင်ငံအတွင်း ဆက်လက်နေထိုင်ပါကလည်း လ၀က ပြစ်မူဖြင့် ကြိမ်ဒဏ်၊ ငွေဒဏ်၊ ထောင်ဒဏ်စသည့် ပြစ်ဒဏ်ကြီးကြီးခံရဖွယ်ရှိသည့်အပြင် စစ်မှန်သော ဒီမိုကရေစီ မရရှိသေးသည့် မြန်မာနိုင်ငံသို့ ပြန်လည် အပို့ခံရဘွယ်ရှိနေပါသည်။
လူ့အခွင့်အရေးနှင့် ဒုက္ခသည်အရေး ဆောင်ရွက်ပေးနေသော မလေးရှားနိုင်ငံရှိ UNHCR ဌာနမှလည်း ၄င်းဒုက္ခသည်များအရေးအတွက် ရေရာတိကျသော သတင်းထုတ်ပြန်နိုင်ခြင်း မရှိသည့်အတွက် UNHCR ဌာနသည် မလေးရှားနိုင်ငံ အစိုးရ၏ ဒုက္ခသည် ညှင်းပန်းနှိပ်စက်ရေး ဌာနတစ်ခု ဟု ဆိုရလောက်အောင် မေးခွန်းထုတ်စရာ ဖြစ်နေပါသည်။


လွင်ပြင်ဝိုင်းတော်သားများ

1 comments:

Co2zeиith said...

လူလိုမှမသိတတ်ကြတာဗျာ

နောက်ဆုံးတော့လဲ

ကျနော်တို့ ကံကိုက ဒီလိုတွေကြုံတွေ့ရဖို့ ပဲ ရှိတော့တာလားတောင်

တစ်ခါတလေ တွေးမိတ၇်၊၊

Post a Comment