25/08/2011


မြန်မာတစ်နိုင်ငံလုံး မီးတစ်ထိန်ထိန် လင်းစေရန်အတွက် ယခုတလော အပြုသဘောဆောင်သည့် နိုင်ငံရေး ငြိမ်းချမ်ရေး ကမ်းလှမ်းချက်များ ဖြင့် ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံတွင် နာမည်ကောင်း ရယူနိုင်ရန် ကြိုးပမ်းနေသော ငသိန်းစိန်နှင့် ၄င်အစိုးရသည် အပြောတစ်မျိုး အလုပ်တစ်မျိုး ဖြင့် ယခုလည်း ဧရာဝတီ မြစ်ခွဲ မေခ၊ မလိခ၊ မြစ်လက်သစ် အထက်ပိုင်းရှိ သဘာဝ စိမ်းလန်းစိုပြည်သည့် သဘာဝပတ်ဝန်းကျင်း ထိမ်းသိန်းမူ့ကိုဖောက်ဖျက်ကာ ဧရာဝတီ ရေအားလျှပ်စစ်စီမံကိန်း တစ်စိတ်တစ်ဒေသဖြစ်သည့် မေခ၊ မလိခ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို တရုတ်ရေအားလျှပ်စစ်ကုမ္မဏိ Sinhydro Bureau သို့ စိတ်ကြိုက် လုပ်ပိုင်ခွင့် ထိုးအပ်လိုက်ပါသည်၊ ယင်း၏ နောက်ဆက်သွယ် သဘောတူညီမူ စာချုပ်စာတမ်းများအရ ကျွန်ပ်တို့ ကချင်ပြည်နယ်ရှိ ကချင်မများနှင့် ဗမာမများမှာ တရုတ်လူအမျိုးသားများနှင့် အိမ်ထောင်ပြုရမလိုဖြစ်ပြီး ကချင်း ပြည်နယ်တစ်ဝှမ်းလုံးအား ကချင်တရုတ် ဆွေမျိုးပေါက်ဖော် စီမံကိန်းဟု ရှု့မြင်ရမလိုဖြစ်နေပြီ။
၎င်းစီမံကိန်းအရ စီမံကိန်းတွင် မြန်မာဘက်မှာ အလုပ်အကိုင်ရရှိရေးမှ သုညအောက်သို့ ကျဆင်းနေပြီး ယုတ်စွအဆုံး မြေတူး ကျောင်သယ် တွင်းဖောက် မြေသည် အောက်ခြေ လုပ်သားများကို မြန်မာနိုင်ငံမှ တရုတ်သို့ တံခါးမရှိ ဓားမရှိ လုပ်ပိုင်ခွင့်ပေးထားခြင်းအားဖြင့် တိုင်းရင်းသားအရေး အမျိုးပျောက်မှာ စိုးကြောက်လှပါသည်။
နဂိုကမှ ရှမ်း၊ ကချင်တို့သည် တရုတ်လူမျိုးတို့ကို ၄င်းတို့၏ အရှင်သခင်အဖြစ် မှတ်ယူထားကြပေရာ ၄င်းစီမံကိန်းတစ်စိတ်တစ်ပိုင်းကြောင့် စင်္ကာပူနိုင်ငံလောက် ကျယ်ဝန်းလှသည် မြစ်ဆုံ အထက်ဒေသ ပတ်ဝန်းကျင်း သဘာဝအလှအပများ တောရိုင်းတိရိစ္ဆာန် ရှားပါး လိပ်ပြာမျိုးစိတ် ဧရာဝတီလင်းပိုင် မျိုးစိတ် မျိုးတုန်းရမည့် အရေး ရင်ဆိုင်နေရသည့်အပြင် ကချင်ပြည်နယ်သည်လည်း တရုတ် ယူနန်ပြည်နယ်၏ စီးပွားရေး နိုင်ငံရေး ဘာသာရေး လက်အောက်ခံ နယ်မြေတစ်ခုအဖြစ် ရောက်ရှိနေမှာ ဧကန်မလွဲဖြစ်ပါသည်။
ထိုတက်ပိုဆိုးသည်မှာ ခေတ်အဆက်ဆက် ကြီးမားသော ရေအားလျှပ်စစ် အကြီးစားများနှင့် အသေးစား လက်ရှိ(၁၇)ခု မှထုတ်ယူရရှိသော ရေအားလျှပ်စစ်များကို ထိုင်းနိုင်ငံ/ တရုတ်နိုင်ငံ အိန္ဒိယားနိုင်ငံ တို့ ရောင်းချင်းအားဖြင့် ပြည်သူ့ဘဏ္ဍာငွေများအား ၄င်းတို့၏ကိုယ်ပိုင် Pocket Bank ထဲသို့ လက်ကြိတ်ထိုးထည့်ကာ ငသိန်းစိန်အပါအ၀င် ၊ နေ၀င်း၊စောမောင်၊ခင်ညွန့်၊ သန်းရွှေ၊ မောင်အေးတို့သည် လျှပ်စစ်ဖခင်ကြီး သောမတ(စ်)အလ်ဖာအင်ဒီဆင် ၏ ကျေးဇူးကို ဂုဏ်ပြုသောအားဖြင့် တစ်နိုင်ငံလုံးအား အမှောင်အတိချကာ ကျေးဇူးသိတတ်သူများဟု အမေရိကန်နိုင်ငံကပင် ဂုဏ်ပြု ချီးကျူးအပ်ပေသည်။
သို့သော်လည်း မြန်မာပြည်သူ ပြည်သားများသည် လျှပ်စစ်အရသာကို ကောင်းကောင်းသိပေသည်၊
“ဟဲကောင်းလေး ….နင် ..( မြန်မာကြေးမုံ သတင်းစာနှင့် မြန်မာ့အလင်း သတင်းစာ) သတင်းစာကို သွားမထိနဲ့နော် / သွားမကိုင်နဲ့နော် သေသွားမယ် ဓာတ်လိုက်ခံချင်လို့လား ‘’
ဟူသတည်း။


လွင်ပြင်ဝိုင်းတော်သားများ

0 comments:

Post a Comment