21/08/2011

ထိပ်ပြောင်ငသိန်းစိန် ဦးဆောင်သော စစ်တပ် လိုလားသည့် အစိုးရနှင့် ၄င်း၏ ရုပ်သေးကြိုးဆွဲ ငအောင်ကြည် တို့ NLD နှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေး တွေ့ဆုံခဲ့ကြသည် ဆိုသော်ငြားလည်း NLD နှင့် ဒေါ်အောင်ဆန်းစုကြည် ဘက်ကလည်း ပြည်သူ လူထုအတွက် တိကျရေရာသော Agenda အစီအစဉ်များ ထုတ်ပြန်နိုင်ခြင်း မရှိသည့် အတွက် လက်ရှိနိုင်ငံရေး အခင်းအကျင်းကို ကြည့်မယ်ဆိုလျှင် ၂ဘက်လုံးမှ တိုးတက်မူ့ ခြေလှမ်း တစ်ရပ်အဖြစ် ရှုမြင်သော်လည်း ခေတ်အဆက်ဆက် မြန်မာ့ တပ်မတော် အာဏာရှုး စစ်ခေါင်ဆောင်များ ကျင့်သုံးခဲ့သော (Time-gap နှင့် Generation-gap ) အချိန်ဆွဲဆန့်သော ပေါ်လစီနှင့် မျိုးဆက်ခြား စနစ်ကျင့်သုံးမူ့တို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဒီမိုကရေစီလိုလားသော ကျောင်းသား ပြည်သူလူထု၏ကြား ပိုမိုနက်ရှိုင်း သိမ်မွေ့ ၍အလွယ်တကူ စေ့စပ်၍ မရနိုင်သော နိုင်ငံရေး အက်ကွဲကြောင်းကြီး ကြောင့် လက်ရှိ ငသိနုးစိန် စစ်အစိုးရနှင့် စစ်တပ်၏ ကချင်၊ ကရင်၊ရှမ်း၊ မွန် ၊ရခိုင်၊ ချင်းတိုင်ရင်းသား လက်နက်ကိုင် အဖွဲ့စည်းများသို့ ကြီးမားသော စစ်ရေး ထိုးစစ်ဆင်မူများကြောင့် တရုတ်၊ ထိုင်း၊ အိန္ဒိယနယ်စပ်တလျှောက် ၊ ဘင်္ဂလားဒေရှ့့် အချို့နယ်စပ်နှင့် မလေးရှားနိုင်ငံ အနံ့အပြားတို့တွင် တစ်နေ့တစ်ခြား ဒုက္ခသည်များ တိုးပွား လာသည်မှာ ၆သိန်း၎သောင်းကျော် ရှိသွားပြီဖြစ်သည်၊
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်ရေး အထူးစုံစမ်းစစ်ဆေးရေး မှူး မစ္စတာ သောမတ်စ် အိုးဟေး ကန်တားနားကိုယ်တိုင် ထိုင်း၊ မလေး၊ အိန္ဒိယ ရှိဒုက္ခသည်များအရေးကို ၄င်း ကိုယ်တိုင်လည်း သွားရောက် စုံစမ်းစစ်ဆေး အတည်ပြု ထုတ်ဖော်ပြောဆို ခဲ့ပြီးဖြစ်သည်၊
ထို့ကြောင့် NLD နှင့် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သတိပြုရမည့် အချက်မှာ လက်ရှိ ငသိန်းစိန် အစိုးရ၏ အစီအစဉ် တစ်ရပ်ချင်းကို အချိန်စောင့်နေမည့်အစား နိုင်ငံရေးအကျဉ်းသား ချက်ချင်းလွတ်မြောက်ရေး၊ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ၊ အပစ်အခတ်ရပ်ဆဲရေး၊ စေ့စပ်ငြိမ်းချမ်းရေးတို့ကို ငသိန်းစိန် အစိုးရ၏ အပြုသဘောမဆောင်ပဲ နိုင်ငံတကာက တောင်းဆိုသည့်အတိုင်း လက်တွေ့ အကျိုးဖြစ်ထွန်းအောင် လုပ်ဆောင်ပြနိုင်မှသာ ၄င်းတို့ဘက်က တောင်းဆိုသော စီးပွားရေး ပိတ်ဆို့မူ့ ရုတ်သိမ်းရေးကို ဆွေးနွေး သဘောတူညီမူမှသည် မြန်မာ့တိုင်းရင်းသားများအားလုံးနှင့် ကိုက်ညီသည့် လူ့ဘောင်အဖွဲ့အစည်း တစ်ရပ်သို့ ဦးတည်မည့် ငြိမ်းချမ်းပြီး တရားမျှတသော၊ ပြည်ထောင်စု ညီညွတ်မှု့ ဖယ်ဒရယ်စနစ်သို့ အမြန်ဆုံး လုပ်ဆောင် သွားနိုင်မှသာလျှင် အများပြည်သူ လူထုနှင့် တိုင်းရင်းသားလူမျိုးအသီးသီး ငတ်မွတ် တောင့်တနေသော ဒီမိုကရေစီ လွင်ပြင်သစ်ကြီးဆီသို့ ပြည်တွင်း လွင်ပြင်ဝိုင်းတော်သားများ မှ မတောက်တခေါက် နိုင်ငံရေး အသိစိတ်ဖြင့် မီးမောင်းထိုးပြအပ်ပါသည်။

လွင်ပြင်ဝိုင်းတော်သားများ

0 comments:

Post a Comment