08/08/2011

မြန်မာနိုင်ငံ၏လယ်ယာကဏ္ဍတွင် ဥရောပနှင့် အာရှအင်အားကြီးနိုင်ငံများ လာရောက် ရင်းနှီးမြုပ်နှံ ရန် ကမ်းလှမ်းမှုများ ရှိလာကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်၏ ထုတ်ပြန်ချက်များအရ သိရသည်။
“ အရင်တုန်းကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံကို အာရှနဲ့ ဥရောပနိုင်ငံတွေက နိုင်ငံခြားတိုက်ရိုက်ရင်းနှိးမြုပ်နှံဖို့ဆွေးနွေးကြတဲ့အခါ စက်မှုတို့ ၀န်ဆောင်မှုတို့ကို ဆွေးနွေးကြတယ်။ အခုတော့ လယ်ယာကဏ္ဍကို လုပ်ချင်တယ်လို့ ဖြစ်လာတယ်။ ဒါကလည်း ဘာဖြစ်လို့လဲ ဆိုတော့
ကမာတစ်ဝှမ်းလုံးမှာ ရာသီဥတု ဖောက်ပြန်နေတာဆိုတော့ အဲဒီအကျိုးဆက်က တစ်ကမာလုံးရဲ့ စားနပ်ရိကာဖူလုံမှုကို ခြိမ်းခြောက်နေတာဆိုတော့ နိုင်ငံတိုင်းနိုင်ငံတိုင်းဟာ ရာသီဥတု လူဦးရေနဲ့ စားနုပ်ရိကာဖူလုံမှုကို ချိန်ဆပြီး တတိယနိုင်ငံတွေကို နေရာယူလာကြပြီ။ ကျွန်တော်တို့ဆီမှာလည်း အဲသလို နိုင်ငံကြီးတွေက
သူတို့နိုင်ငံမှာ စားနပ်ရိကဖူလုံဖို့အတွက် ကျွန်တ်ာတို့နိုင်ငံမှာ လာစိုက်ကြပျိုးကြမှာဖြစ်လို့ ဒါမျိုးကို ခွင့်ပြုတဲ့အခါ စဉ်းစားပေးစေလိုပါတယ်။ ခု မြန်မာနိုင်ငံမှာ တ၇ုတ်နဲ့ အိနိယက ရေအားလျှပ်စစ်လာထုတ်ပြီး သူတို့နိုင်ငံအတွက် သူတို့လုပ်တဲ့ဟာမျိုးကို ပြောတာပါ”ဟု စီးပွားရေးပညာရှင်တစ်ဦးကထောက်ပြခဲ့သည်။

မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်နှင့် တောင်ပိုင်း ရခိုင်ပြည်နယ်တို့တွင် တရုတ်နှင့်အိနိယက ယင်းတို့နိုင်ငံများတွင် အသုံးပြုရန် ရေအားလျှပ်စစ်စီမံကိန်းများ ဆောင်ရွက်နေမှုကြောင့် ဒေသတွင်း ပြည်တွင်းစစ်ဖြစ်သည်အထိ ပြသနာများ ပေါ်နေခြင်းကို အဆိုပါ စီးပွားရေးပညာရှင်က ထောက်ပြခဲ့သည်။
မကြာသေးမီက အိနိယက ၀ါစိုက်ပျိုးထုတ်လုပ်မှုနှင့် ကဏ္ဍတွင် ၀ါကြိတ်စက်များ တည်ဆောက်ရန် ကမ်းလှမ်းထားပြီး တရုတ်က စပါး စိုက်ပျိုးရန် ကမ်းလှမ်းထားကြောင်း မြန်မာစိုက်ပျိုးရေးလုပ်ငန်းမှ သိရသည်။

ပေးပို့သူ နေပြည်တော် ၀ိုင်းတော်သားများအား ကျေးဇူးအထုးတင်ရှိပါသည်။

0 comments:

Post a Comment