24/08/2011


တစ်နေ့တစ်ခြားများပြားလာသော မြန်မာဒုက္ခသည်များကြောင့် UNHCR မလေးရှားသည် လက်ရှိ ဒုက္ခသည် ပြဿနာကို အလွယ်တကူဖြေရှင်းနိုင်ရန်အတွက် လူသားချင်းစာနာထောက်ထားသော ဒုက္ခသည် ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များကို ချိုးဖောက်၍ မလေးရှားနိုင်ငံလ၀က 6-P WORK PERMIT အစီအစဉ်ကို အခွင့်ကောင်းယူ၍ မလေးရှား လ၀က ၀န်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ကာ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားဒုက္ခသည် အားလုံးကို နေရပ်သို့ ပြန်ပို့ရန် ဓာတ်ပုံရိုက် လက်ဗွေနှိပ် အစီအစဉ်ကို သြဂုတ်လ( ၂၃)ရက် နံနက်၈နာရီ မှစ၍ (၂၆)ရက်နေ့အထိ ပထမပိုင်း အစီအစဉ်အဖြစ် တိုင်းရင်းသား အခြေပြု အဖွဲ့အစည်းများ အားလုံးနှင့် ဒုတိယပိုင်းအစီအစဉ်ဖြစ် ကျန်ရှိသော လူမူရေး၊ နိုင်ငံရေးပါတီအဖွဲ့အစည်းများ တစ်သီးပုဂ္ဂလ များ အား နိုဝင်ဘာလမှ စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း
ယခုရရှိသော နောက်ဆုံးသတင်းအရ ….
UNHCR Reg-Documents စာရွက်ကိုင်ဆောင်သူများကို မလေးရှား လ၀က ၀န်ကြီးဌာနမှ ဓာတ်ပုံရိုက် လက်ဗွေနှိပ်ခွင့်မပေးတော့ပဲ UNHCR မှလည်း ၄င်းစာရွက်ကိုင်ဆောင်သူများကို ယနေ့မှစ၍ လုံးဝ တာဝန်မယူနိုင်တော့ကြောင်းအသိပေး ပြန်လွှတ်ခဲ့ကြောင်း ကိုယ်တိုင် ခံစားခဲ့ရသော စာရွက်ကိုင်ဆောင်သည့် ဒုက္ခသည် တစ်ဦးမှ လွင်ပြင်သို့သတင်းပေးပို့ခဲ့ပါသည်။
ဤကဲ့သို့ UNHCR မလေးရှား၏ ရှက်ဖွယ်လိလိ တာဝန်မဲ့သော လုပ်ရပ်အတွက် ကမ္ဘာတစ်ဝှမ်းရှိ ဒို့ မြန်မာဟု ကြွေးကြော်နေကြသော မြန်မာ့ဒီမိုကရေစီ တော်လှန်ရေး အဖွဲ့အစည်းအသီးသီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအသီးသီး ဒုက္ခသည် အရေးကို ဆောင်ရွက်ပေးနေကြသော NGOs အဖွဲ့အစည်းအသီးသီး သတင်းဌာနအသီးသီး မှ လက်ပိုက်ကြည့်မနေသင့်ဘဲ မြန်မာဒုက္ခသည်များ အရေးကို ထိရောက်သော ဖိအားပေးမူ့များဖြင့် ကမ္ဘာ့ ကုလသမဂ္ဂ ၊ လူ့အခွင့်အရေး ကောင်စီနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာဝန်ရှင်တော်မင်းကြီး ရုံးချုပ်သို့ UNHCR မလေးရှား၏ လုပ်ရပ်ကို ထိရောက်စွာအရေးယူပေးရန်နှင့် လက်ရှိဖြစ်ပေါ်နေသော မလေးရှားနိုင်ငံရောက် မြန်မာဒုက္ခသည်များအရေးကို ချက်ချင်းဆောင်ရွက်ပေးရန် ပြည်တွင်းလွင်ပြင်မှ သတင်းဖေါ်ပြအပ်ပါသည်။


လွင်ပြင်ဝိုင်းတော်သားများ

0 comments:

Post a Comment