28/09/2011
ယနေ့ည ယှဉ်ပြိုင်မည့် နာမည်ကျော် မန်ချက်စတာယူနိုက်တက်အသင်းသည် ပရီမီးယားလိဂ်ဆုကြီး ကို (၁၉)ကြိမ်မြောက် ဆွတ်ခူးရရှိပိုင်ဆိုင်ထားသော အသင်းကြီးဖြစ်ပါသည်။ ၄င်း မန်းချက်စတာ ယူနိုင်တက်အသင်းနှင့်  အာဆယ်နယ်အသင်းတို့ ယနေ့ည ပရီးမီးယားလိဂ်၏ တတိယပွဲစဉ်အဖြစ် အိုးထရက်ဖိုဂ့်ကွင်းတွင် သက်တမ်းရှည်ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်နှင့် အာဆင်နယ်တို့တွေ့ဆုံကြမည်ဖြစ်ရာ ပွဲမစတင်မီ အန်ဒါဆန်က မိမိတို့အသင်းသည် အဆင်နယ်အသင်းအား အိုးထရတ်ဖိုဂ့်တွင် နှိပ်ကွပ်နိုင်လိမ့်မည်ဟုပြောဆိုလိုက်သည် ။ ကြီးမှားသည့် မဟာပြိုင် ဘက်အသင်းတွေ ဖြစ်ကြသည့်အတွက်ကြောင့် ဘောလုံးအားကစား ၀ါသနာရှင်များအနေဖြင့် ကြည့်ကောင်းမည့် ပွဲ တစ်ပွဲဖြစ်ပါတယ်။ မန်ယူVs အာဆယ်နယ်အသင်းတို့ သည်၊ ယနေ့ ည မြန်မာစံတော်ချိန် ည( ၁၁း ၀၀ )နာရီ အချိန်တွင် ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုင်အသင်းမှ ကွမ်းလယ်ကစားသမား အန်ဒါဆင်နှင့် တိုက်စစ်မူး ဟာနန်ဒက်ဟာအပါဝင် ကစား သမားများ အားလုံးက အရှုံးမပေးသော စိတ်ဓာတ်ဖြင့် အာဆယ်နယ်အသင်းကို မန်ချက်စတာ နည်းပြကြီး ဖာဂူဆန်နှင့်အတူ အလှဲထိုးအနိုင်ယူမည်ဖြစ်ကြောင်းသိရပါတယ်။ ၄င်းနည်းတူ အာဆင်နယ်နည်းပြကြီး ၀င်းဂါး ကလည်း ပြိုင်ဘက်မန်ချက်စတာ အသင်းကို အရှုးံမပေး အနိုင်ကန်သွားမည်ဖြစ်ကြောင်း ESPN သတင်းဌာနာမှာ ပြောကြားသွာပါတယ်။ သို့သော် အာဆယ်နယ်အသင်း၏ ပြဿနာကတော့ အသင်းမှာ မတည်မငြိမ်ဖြစ်နေရုံမက ကစားသမားကောင်းတွေ အသင်းမှ ထွက်ခွာသွားချိန်က စပြီး အာဆယ်နယ်အသင်းသည် မန်ချက်စတာယူနိုင်တက်အသင်းကို နိုင်ဖို့ ကတော့ မလွယ်ဘူးဆိုတာရှင်းနေပါတယ်။ ပြည်တွင်း ပြည်ပ ဘောလုံးအာကစားဝါသနာရှင်တွေ ကတော့ သမိုင်းကြောင်းနဲ့ ကြည့်ရင် မန်ချက်စတာ အနိုင်ရဖို့များတယ်ဆိုတာ အများအာဖြင့် ခန့်မှန်းထားကြောင်း သိရပါတယ်။ အာဆယ်နယ်အသင်း အနေနဲ့ တိုက်စစ်အားနဲ့ နောက်တန်းဟာ မြန်မာနိုင်ငံဘောလုံးအသင်းကဲ့သို့ ယနေ့အချိန်ထိ မတည်ငြိမ်သလို့ တစ်ဘက် ရှေးတန်းကစားသမားတွေကိုလဲ မထိန်းချုပ်နိုင်ခြင်း ၊ ရှေ့တိုက်စစ်မှာလည်း ဗန်ပါစီ၊ ၀ါကော့၊ မပါရင် ဂိုးပေါက်နဲ့ အနိုင်ဆိုတာ မရနိုင်ဘူးလို့ ခန့်မှန်းပြောဆိုသွားပါတယ်။ မန်ချက်စတာ ယူနိုက်အသင်းကတော့ တစ်သင်းလုံး အာဆယ်နယ်အသင်းကို အိုးထရတ်ဖိုဂ့်တွင် နှိပ်ကွပ်အနိုင်ယူလိမ့်ဖြစ်ကြောင်း ESPN သတင်းဌာနာမှ ကြေညာသွားပါသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment