မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လွှတ်တော် နိုင်ငံရေးမှာ ပါဝင်လာမယ်ဆိုရင် ကြိုဆိုရမှာ ဖြစ်တယ်လို့ ပြည်ထောင်စု လွှတ်တော် အကြီးအကဲ ဦးခင်အောင်မြင့်က ပြောကြား လိုက်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်မှာ ကျင်းပနေတဲ့ (၃၂) ကြိမ်မြောက် အာဆီယံ ပါလီမန် အမတ်များ ညီလာခံကို တက်ရောက်နေတဲ့ ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်မောင်မြင့်က
"ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ ချစ်တဲ့ ဗိုလ်ချုပ်ရဲ့ သမီးပဲလေ။ သူသာ လွှတ်တော်ထဲဝင်လာရင် ကျနော်တို့က ကြိုဆိုပါတယ်။"
ဒါ့အပြင် ဦးသိန်းစိန်အစိုးရ အဖွဲ့ အတွင်း ပျော့ပျောင်းသူတွေနဲ့ တင်းမာသူတွေအကြား အကွဲအပြဲ ပဋိပက္ခတွေ ဖြစ်ပေါ်နေတယ်ဆိုတဲ့ သတင်းတွေဟာ မဟုတ်မှန်ဘူးလို့ ဦးခင်အောင်မြင့်က ပြောပါတယ်။
အစိုးရအနေနဲ့ နိုင်ငံတည်ငြိမ်မှုကို အာမခံနိုင်တဲ့ အချိန်မှာ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးမှာ ဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို အလိုအလျောက်ထည့်သွင်းထားတာကိုလည်း မလိုအပ်တော့တဲ့အချိန်မှာ ထည့်သွင်းမှာ မဟုတ်ကြောင်း၊ ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်း ဆက်လက် အကောင်အထည်ဖော်ရေး၊ မဖော်ရေးနဲ့ ပတ်သက်လို့ လွှတ်တော်မှာ ဆွေးနွေးဖို့ စီစဉ်ထားကြောင်း ပြောပါတယ်။
Lwin Pwin

0 comments:

Post a Comment