မကြာခင်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို လာရောက်မယ့် ထိုင်းနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် မစ္စယင်လပ် ရှင်နာဝပ် ဟာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံပြီးနောက် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် မစ္စ ယင်လပ် ရှင်နာဝပ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက Lwin Pwin ကို ဒီကနေ့ အတည်ပြု ပြောကြားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့အခါ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို အလေးထား ဆွေးနွေးကြလိမ့်မယ်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။
ပြည်ပရောက် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ရဲ့ ညီမဖြစ်သူ မစ္စယင်လပ်ဟာ မြန်မာနိုင်ငံ ခရီးစဉ်အပြီး မလေးရှားနိုင်ငံကို ဆက်လက် ခရီးထွက်ခွာမှာ ဖြစ်တယ်လို့ ထိုင်းအစိုးရ အရာရှိတွေက ပြောပါတယ်။

ဒီအတောအတွင်း ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာသက်ဆင်ရဲ့ ကိုယ်ပိုင် ဂျက်လေယာဉ်တစင်းဟာ အခုလ ၂၂ ရက် ကြာသပတေးနေ့ မနက်ပိုင်းက နေပြည်တော် လေယာဉ်ကွင်းကို ဆင်းသက်ခဲ့ကြောင်း အစိုးရ ဝန်ကြီးတွေနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

Lwin Pwin

0 comments:

Post a Comment