မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသမှာ အကောင်အထည် ဖေါ်မယ့် ထမန်သီ ရေအား လျှပ်စစ် စီမံကိန်းနဲ့ ပတ်သက်ပြီး အိန္ဒိယနိုင်ငံပိုင် NHPC ကုမ္ပဏီကြီးက ရှေ့လထဲမှာ သူတို့ အစိုးရထံ အသေးစိတ် အစီရင်ခံစာ တစောင် တင်သွင်းမှာ ဖြစ်ကြောင်း NHPC ရဲ့ ညွှန်ကြားရေးမှူး Mr. Bhargava က ပြောကြားလိုက်ပါတယ်။
အိန္ဒိယအစိုးရက မြန်မာနိုင်ငံ အပေါ် တရုတ်အစိုးရရဲ့ သြဇာ လွှမ်းမိုးမှုကို ထိမ်းချုပ်ဖို့ ကြိုးပမ်းတဲ့ အနေနဲ့ ချင်းတွင်း မြစ်ဝှမ်းဒေသမှာ ထမန်သီ နဲ့ ရွှေစာရေး ရေအား လျှပ်စစ် စီမံကိန်းတွေကို အိန္ဒိယသုံး ရူပီးငွေ သန်းပေါင်း ၂ သိန်းကျော် အကုန်ခံပြီး တည်ဆောက်ပေးဖို့ ကမ်းလှမ်းထားပြီး ဖြစ်ပါတယ်။
Lwin Pwin

0 comments:

Post a Comment