အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဌာနက ထုတ်ပြန်တဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်မှု အစီရင်ခံစာမှာ မြန်မာ အပါအ၀င် နိုင်ငံ (၈) နိုင်ငံ ကို နာမည်ပျက် စာရင်း သွင်းခဲ့ပါတယ်။၂၀၁၀ ခုနှစ် ပထမနှစ်ဝက် အတွက် ထုတ်ပြန်တဲ့ အဲဒီအစီရင်ခံစာမှာ တရုတ်၊ ဆော်ဒီအာရေဗျ၊ မြန်မာ၊ မြောက်ကိုရီးယား၊ အီရီထရီးယား၊ အီရန်၊ ဆူဒန် နဲ့ ဥဇဘက်စတန် နိုင်ငံတွေကို ၂၀၀၉ ခုနှစ်ကစပြီး ဘာသာရေး လွတ်လပ်ခွင့်အတွက် ဘာအပြောင်းအလဲမှ မရှိတဲ့၊ အထူးစိုးရိမ်ဖွယ် နိုင်ငံတွေ အဖြစ် သတ်မှတ် ဖေါ်ပြထား ပါတယ်။
ဘာသာရေးဆိုင်ရာ အခွင့်အရေးတွေကို ကာကွယ် စောင့်ရှောက်ပေးဖို့ ပျက်ကွက်တဲ့ နိုင်ငံ (၁၀) နိုင်ငံစာရင်းထဲမှတော့ - အာဖဂန်နစ္စတန်၊ အီဂျစ်၊ အီရတ်၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ ရုရှ၊ တာဂျစ်ကစ္စတန်၊ တာ့မင်စတန်၊ ဗင်နီဇွဲလား နဲ့ ဗီယက်နမ် နိုင်ငံတွေ ပါဝင်ကြပါတယ်။
Lwin Pwin

0 comments:

Post a Comment