Photo: thisprisonwhereilive.co.uk
နိုင်ငံရေးအကျဉ်းသား လူရွှင်တော် ကိုဇာဂနာကို အစိုးရက လွှတ်ပေးလိုက်ပြီလို့ Lwin Pwin က စုံစမ်း သိရှိရပါတယ်။ တခြား နိုင်ငံရေး အကျဉ်းသားတွေ ပါဝင်ခြင်း ရှိမရှိတော့ မသိရသေးပါဘူး။သူ့ကို မြစ်ကြီးနားထောင် ကနေ ဒီကနေ့ မန္တလေးကို ခေါ်လာပြီး မနက်ဖန် မနက် လေယဉ်ပျံနဲ့ ရန်ကုန်လေဆိပ်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။
ဒီသတင်းကို နေပြည်တော် အသိုင်းအ၀န်း ကနေ Lwin Pwin က ရရှိတာ ဖြစ်ပြီး မိသားစုတွေကို ကြိုတင် အသိပေးထားခြင်း မရှိပဲ နေအိမ်ကို ထောက်လှမ်းရေးအဖွဲ့က လိုက်လံ ပို့ဆောင်မယ်လို့လည်း သိရပါတယ်။
Lwin Pwin

0 comments:

Post a Comment