ကင်ဆာဖြစ်စေနိုင်တဲ့ လေထုညစ်ညမ်းမှုတွေ ပျံ့နှံ့အောင် လုပ်ဆောင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ တရုတ်နိုင်ငံ အရှေ့ပိုင်းက နေရောင်ခြည်ကတဆင့် စွမ်းအင်ထုတ်ပေးတဲ့ လျှပ်စစ်ဓာတ်ပြား စက်ရုံရှေ့မှာ ဆန္ဒပြသူတွေ ၃ ရက်ဆက်တိုက် စုဝေး ဆန္ဒပြနေကြတယ်လို့ တရုတ်အစိုးရပိုင် သတင်းစာမှာ ဖော်ပြထားပါတယ်။
ဇီဂျီယန်း (Zhejiang) ခရိုင်၊ ဟိုင်နင်း (Haining) မြို့မှာရှိတဲ့ အဲဒီစက်ရုံနားမှာရှိတဲ့ မြစ်တွေထဲက ငါးအများအပြား ဘာကြောင့် သေဆုံးရတယ်ဆိုတာ ဖြေရှင်းချက် ထုတ်ပေးဖို့ ဒေသခံ ၅၀၀ လောက်
ကြာသပတေးနေ့ကတည်းက စက်ရုံရှေ့မှာ စုဝေး ရောက်ရှိနေကြတာလို့ ဆင်ဟွာသတင်းဌာနမှာ တနင်္ဂနွေနေ့က ဖော်ပြထားတာပါ။
ဒါ့အပြင် စက်ရုံတွေက ထွက်လာတဲ့ အညစ်အကြေးတွေ၊ လေထုညစ်ညမ်းမှုတွေကြောင့် ဟိုင်နင်းမြို့ ဟောင်ရှောင်း (Hongxiao) ကျေးရွာသား ၃၁ ယောက် ကင်ဆာရောဂါ ဖြစ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ရဲတွေ ၀င်ရောက် မတားဆီးနိုင်ခင်အထိ အဲဒီ ဂျင်ကို ဆိုလာပြားစက်ရုံ (Jinko Solar) အတွင်းကို ဒေသခံတွေ အတင်းဝင်ရောက်ပြီး အုပ်ချုပ်ရေးရုံးအတွင်းက ပစ္စည်းတွေနဲ့ စက်ရုံအတွင်းက မော်တော်ယာဉ်တွေကို မှောက်ပစ်ခဲ့ကြတယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်
By ဗွီအိုအေ (မြန်မာဌာန)
Retold by Lwin Pwin

0 comments:

Post a Comment