ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းရဲ့ မြန်မာ့မိတ်ဆွေများ အဖွဲ့ အစည်းအဝေးကို မနေ့က နယူးရောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပခဲ့ရာမှာ မြန်မာနိုင်ငံမှာ မကြာသေးခင်က ပေါ်ပေါက်လာတဲ့ တိုးတက်မှုတွေကို ကုလသမဂ္ဂ အနေနဲ့အသိအမှတ်ပြုတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းပြောပါတယ်။ ဒ့ါအပြင် ပြောင်းလဲနေတဲ့ ကမ္ဘာနဲ့အညီ ရင်ဘောင်တန်း လိုက်နိုင်အောင် မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲဖို့ အတွက် သမ္မတဦးသိန်းစိန်ရဲ့ ကတိကိုလည်း ကြိုဆိုတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာ တိုးတက်မှု အတွက် အခွင့်အရေးတွေ ရှိနေတယ် ဆိုပေမယ့် အားလုံး ပါဝင်ပြီး နောက်ပြန်မဆုတ်တဲ့ အသွင်ကူးပြောင်းမှု ဖြစ်ဖို့ အစိုးရဘက်က ကြိုးစား ဆောင်ရွက်ပေးဖို့ အတွင်းရေးမှုးချုပ်က မြန်မာအစိုးရကို တိုက်တွန်းသွားပါတယ်
Lwin Pwin

0 comments:

Post a Comment