05/09/2011

စင်္ကာပူ ၀န်ကြီးချုပ်ဟောင်း နှင့် ၀ါရင့် စင်္ကာပူဝန်ကြီးဖြစ်သည့် လီကွမ်ယုက ၀ီကီလိက်စ်မှ သတင်းပေါက်ကြား စွပ်စွဲချက်ဖြစ်သည့် “ အစ္စ်လာမ်ဘာသာသည် အဆိပ်သောက် ဖြစ်စေသည့် ဘာသာရေး တစ်ရပ် ဖြစ်သည်ဟူသည့် ယင်းစွဲချက်ကို ပယ်ချလိုက်သည်၊
၂၀၀၅ ခုနှစ် ဇူလိုင်းလ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် စင်္ကာပူသို့ လာရောက်လည့်ပတ်ခဲ့စဉ်က ထုတ်ပြန်ကြေညာခဲ့သည့် သတင်း၏နောက်ပိုင်းပြီးမှ ယခုစွပ်စွဲချက် ကို ၀ီကီလိက်စ်မှ ဖေါ်ထွက်လာဖြင်းဖြစ်သည်။
US နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံခဲ့စဉ်ကလည်း ၎င်းကိုယ်တိုင် ဤကိစ္စကို ထုတ်ဖေါ်ပြောဆိုခဲ့ခြင်းမရှိကြောင်း ထပ်လောင်း၍ တစ်ဖန် ၎င်းပြောကြားခဲ့သည်မှာ အစွန်းရောက် ဂျမီးယား အစ္စလာမ်မစ် အဖွဲ့များနှင့် ဂျီဟတ် ဘာသာရေးဆရာများ အကြောင်းသာပြောကြားခဲ့ပါသည်။
ဆက်လက်၍ပြောကြားခဲ့သည်မှာ စင်္ကာပူနိုင်ငံရှိ အစ္စလာမ်ဘာသာရေးခေါင်းဆောင်များသည် ဆင်ခြင်တုံတရားရှိပြီး အစွန်းရောက်ဝါဒကို လက်ခံလိမ့်မည့် သူများမဟုတ်ကြောင်း ထပ်လောင်းပြောဆိုသွားခဲ့သည်။


အာရှပစိဖိတ်သတင်းဌာနမှ လွင်ပြင်ဝိုင်းတော်သားများ ဘာသာပြန်ဆိုတင်ပြပါသည်။

0 comments:

Post a Comment