မြန်မာ့တပ်မတော်၏ ဒုတိယအကြိမ် တပ်မှူးများ ညီလာခံ (လေးလပတ်) အစည်းအဝေးကို ယနေ့နံနက် ၈ နာရီက နေပြည်တော်၌ စတင် ကျင်းပလျှက်ရှိရာ သက်မှတ်ကာလထက် ၂ လစော၍ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း နေပြည်တော် စစ်ဘက် အသိုင်းအ၀န်းမှ သိရသည်။ ပထမအကြိမ် တပ်မှူးများ ညီလာခံ (လေးလပတ်) ကို ပြီးခဲ့သည့် ဇွန်လက ကျင်းပခဲ့ပြီးနောက် ၂ လခန့်အကြာတွင် ဒုတိယအကြိမ် အစည်းအဝေး ထပ်မံခေါ်ယူခြင်း ဖြစ်သည်။ ထိုသို့ သတ်မှတ်ကာလထက် စော၍ ကျင်းပခြင်းသည် KIA နှင့် ထိတွေ့ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားမှု ပိုမိုများလာခြင်းကြောင့် စစ်ရေး အရေးယူမှုများ ပြုလုပ်ရန် ဖြစ်နိုင်ကြောင်း စစ်ဘက်အသိုင်းအဝန်းနှင့် နီးစပ်သူတဦးက ခန့်မှန်းပြောဆိုသည်။
ယခုအခါ KIA နှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများသည် ကချင်ပြည်နယ်အတွင်းတွင် သာမက ရှမ်းပြည်အရှေ့မြောက်ပိုင်း ဒေသ KIA တပ် မဟာ ၄ ထိန်းချုပ်ရာ ဒေသများ၌လည်း ပျံနှံ့လျှက်ရှိနေသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၂၁ ရက်နေ့ကလည်း မူဆယ်-လားရှိုး လမ်းမ အနီးရှိ ရွှေပြည်သစ် ရဲဘက်စခန်းကို KIA တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၉ က တိုက်ခိုက်ပြီး အကျဉ်းသားကို လွှတ်ပေး ခဲ့သည်။
ထို့အတွက် အစိုးရက လက်တုံ့ပြန်သည့် အနေဖြင့် အဆိုပါဒေသနှင့် ကချင်ပြည်နယ် လွယ်ဂျယ်ဒေသတို့တွင် စစ်ဆင်ရေးများ ပြုလုပ်နေသည်။
Lwin pwin

0 comments:
Post a Comment