ပြည်တွင်းနေ နိုင်ငံသားနှင့် ပြည်ပနေနိုင်ငံသားများသည် နိုင်ငံခြားငွေဖြင့်ရရှိသည့် ၀င်ငွေအပေါ်ပေးဆောင်နေရသော ၀င်ငွေခွန်ကို နှစ်ရာခိုင်နှုန်းသာ ပေးဆောင်ရတော့မည်ဖြစ်ကြောင်း သိရသည်။
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနသည် ၀င်ငွေခွန်ဥပဒေပုဒ်မ ၄တွင် အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ၂၀၁၁ခုနှစ် သြဂုတ်လ ၁၈ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် ၁၈/၂၀၁၁မှ သဘောတူခွင့်ပြုချက်အရ အမိန့်ကြော်ငြာစာတစ်စောင်ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ ၂၀၀၆ ခုနှစ် ဇွန် ၅ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၂၄/ ၂၀၀၆၏ အပိုဒ်၂၊ အပိုဒ်ခွဲ(ခ)နှင့် အပိုဒ် ၃တို့တွင်ထုတ် ပြန်ပြဋ္ဌာန်းချက်များအရ ပြည်တွင်းနေ နိုင်ငံသားနှင့် ပြည်ပနေ နိုင်ငံသားများက နိုင်ငံခြားငွေဖြင့်ရရှိသည့် လစာခေါင်းစဉ်မှ ၀င်ငွေစုစုပေါင်းအပေါ် ရရှိသည့် နိုင်ငံခြားငွေအမျိုးအစားဖြင့်ပေးဆောင်စေသည့် ၀င် ငွေခွန်ကို ၁၀ရာခိုင်နှုန်းအစား နှစ်ရာခိုင်နှုန်းသို့လျှော့ ပေါ့သတ်မှတ်လိုက်ကြောင်း နိုင်ငံပိုင်သတင်းစာများ၏ ဖော်ပြချက်အရ သိရသည်။
အဆိုပါအမိန်ကြော်ငြာစာအရ ထုတ်ပြန်လိုက်သော နိုင်ငံခြားငွေဖြင့် ရရှိ သည့် ၀င်ငွေအပေါ် ပေးဆောင်စေသည့် ၀င်ငွေခွန်ကို ၂၀၁၁ခုနှစ် သြဂုတ် ၁၉ရက် မှစ၍ ၂၀၁၂ခုနှစ် ဖေဖော်ဝါရီ ၁၈ရက် အထိ ခြောက်လအကျိုးသက်ရောက်မည် ဖြစ်ကြောင်း သိရသည်။
အထက်ပါကြေငြာချက်ကို လက်ရှိကြံဖွတ်အစိုးရမှ တရားဝင်ကြေငြာချက်ထုတ်ခဲ့ပြီး နိုင်ငံပိုင်သတင်းစာများမှ ကြေငြာခဲ့သော်လည်း မလေးရှားနိုင်ငံ မြန်မာသံရုံးတွင်မူ ယနေ့အထိ အခွန်သွားဆောင်သူများထံမှ ၀င်ငွေခွန်ကို ၁၀% ကောက်ခံလျက်ရှိကြောင်း သိရပါသည်။
''ကျနော်စာအုပ်သက်တမ်းကုန်သွားတာ ထပ်တိုးဖို့အတွက် သံရုံးကို အခွန်သွားဆောင်ရပါတယ်။ ကျနော်စာအုပ်က သက်တမ်းနှစ်နှစ်ရှိသွားပြီဆိုတော့ နှစ်နှစ်စာ ဆောင်ရတာပေါ့။ တလကို ၀င်ငွေက ၄၈၈ ရင်းဂစ်နှုန်းတွက်တာဆိုတော့ ၁၀% ကို ၄၈.၈ ရင်းဂစ်ယူတယ်။ နှစ်နှစ်စာဆိုတော့ ၁၁၇၁ ရင်းဂစ် ၂၀ ပြား ကျပါတယ်။ ပတ်စပို့စာအုပ်က အသစ်ပြန်လုပ်ရတာဆိုတော့ စာအုပ်ဖိုးကို ၃၂၀ ရင်းဂစ် ထပ်ပေးရတယ်။ အရင်တုန်းက ၃၅၀ ယူတယ်။ ခု ၃၀ လျော့ပေးတယ်လို့တော့ ပြောတယ်ခင်ဗျ။ အားလုံးစုစုပေါင်းက ၁၄၉၁ ရင်းဂစ်နဲ့ ၂၀ ပြားကုန်သွားတယ်။
သံရုံးကိုသွားရင် အကြွေဆောင်သွား၊ နို့မဟုတ်ရင် ပြန်မအမ်းဘူးလို့ သူငယ်ချင်းတွေပြောလို့ ကျနော်လည်း အကြွေဆောင်သွားပြီး အတိအကျပဲ ပေးခဲ့ပါတယ်" ဟု လွန်ခဲ့သော သုံးရက်ခန့်က စာအုပ်သက်တမ်းတိုးရန် သံရုံးသို့ အခွန်သွားဆောင်သူတဦးက ပြောပြသည်။ စာအုပ်သက်တမ်းတိုးသူများအားလုံးမှာ  ကြေငြာချက်ပါ ၀င်ငွေခွန်၏ ၂% ပေးဆောင်ရခြင်းမဟုတ်ဘဲ ၁၀% သာပေးဆောင်နေရကြောင်း သိရှိရပါသည်။
Lwin Pwin

0 comments:

Post a Comment