ကုလသမဂ္ဂရဲ့ သိပ္ပံနဲ့ယဉ်ကျေးမှုအေဂျင်စီ UNESCO က ပါလက်စတိုင်းကို ကုလသမဂ္ဂရဲ့ တင်းပြည့်အဖွဲ့ဝင်နိုင်ငံအဖြစ် မဲပေးထောက်ခံလိုက်တာကို အကြောင်းပြုပြီး အမေရိကန်ပြည်ထောင်စုက UNESCO ကို ထောက်ပံနေမှုကို ဖြတ်တောက်လိုက်တဲ့အကြောင်း ပါလက်စတိုင်းကို အဖွဲ့ဝင်အဖြစ် လက်ခံတဲ့ ဘယ် ကုလသမဂ္ဂအေဂျင်စီကိုမဆို အမေရိကန်ပြည်ထောင်စုက အကူအညီ မပေးရေးဆိုတဲ့ ဥပဒေအရ UNESCO ကို နိုဝင်ဘာလမှာ ပေးချေရမယ့် ဒေါ်လာသန်း ၆၀ ကို ပေးတော့မှာမဟုတ်တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။
UNESCO ကို ရန်ပုံငွေ အများဆုံး ထည့်ဝင်နေသူဟာ အမေရိကန်ပြည်ထောင်စု ဖြစ်ပါတယ်။ ၂၂ % ကို ထောက်ပံ့နေပါတယ်။ပဲရစ်အခြေစိုက် UNESCO အဖွဲ့ကိုယ်စားလှယ်တွေက တနင်္လာနေ့က ပါလက်စတိုင်းနိုင်ငံ တင်းပြည့် ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေးအတွက် ထောက်ခံမဲ ၁၀၇ မဲ၊ ကန့်ကွက်မဲ ၁၄ မဲ၊ ကြားနေမဲ ၅၂ မဲနဲ့ ထောက်ခံအတည်ပြုခဲ့တာ ဖြစ်ပါတယ်။
Lwin Pwin

0 comments:

Post a Comment