လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသား ၆ ထောင်ကျော် ပြန်လွှတ်ပေးမယ်လို့ မြန်မာအစိုးရက ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း မနေ့ကစလို့ အကျဉ်းသားတချို့ ပြန်လွှတ်ရာမှာ နိုင်ငံရေးအကျဉ်းသားကတော့ အနည်းစုသာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအထဲမှာ တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်တွေ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုခေါင်းဆောင် သံဃာတော်တွေလည်း ပါဝင်ခြင်းမရှိသေး ဒါကြောင့် HRW စိတ်ပျက်မိတယ်လို့ ဆိုကြပါတယ်။
နိုင်ငံရေးအကျဉ်းသား အားလုံး ပြန်လွတ်ဖို့ အရေးကြီးတဲ့တချိန်တည်းမှာပဲ မြန်မာလူထုရဲ့ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို အာမခံနိုင်တဲ့ ဥပဒေဆိုင်ရာ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့လည်း အရေးကြီးတယ်လို့ မနေ့က ထုတ်ပြန်တဲ့ Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
နယူးယောက်မြို့ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ တာဝန်ခံတစ်ဦးဖြစ်တဲ့ အီလိန်း ပီယာဆန် ဖြစ်ပါတယ်။ မနေ့က နိုင်ငံရေးအကျဉ်းသားတချို့ ပြန်လည် လွတ်မြောက်လာတဲ့အပေါ်မှာ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International နဲ့ Christian Solidarity Worldwide (CSW) တို့ကလည်း ကြိုဆိုကြောင်း ထုတ်ဖော် ပြောဆိုခဲ့ကြသလို နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ကိုလည်း သူတို့က ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ကြပါတယ်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က မြန်မာ့အရေး ကျွမ်းကျင်သူ ဘန်ဂျမန် ဇ၀က်ကီး (Benjamin Zwacki) က နိုင်ငံရေးအကျဉ်းသား ဆိုတာ အစကတည်းက မရှိသင့်ဘူးလို့ ပြောဆိုပါတယ်။
Lwin Pwin


0 comments:

Post a Comment