နှစ်ရှည်ထောင်ဒဏ်ကျခံနေရသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ ၄၉ နှစ်မြောက် မွေးနေ့ပွဲကို အောက်တို ဘာ ၁၈ ရက် နံနက်ပိုင်း တွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်၂ ရပ်ကွက် သမိုင်းဘူတာရုံ လမ်းရှိ သမိုင်းမြို့မ ပရိယတ္တိစာသင်တိုက် ၌ ကျင်းပမည် ဖြစ်သည်။ မွေးနေ့ပွဲကို နိုင်ငံရေးအကျဉ်းသားဟောင်း များက ကျင်းပခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် လူရွှင်တော် ဇာဂနာ တို့လည်း တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။ ကိုမင်းကိုနိုင်သည် ၂၀၀၇ ခုနှစ် သြဂုတ်လက လောင်စာဆီနှင့် ကုန် ဈေးနှုန်း ကျဆင်းရေးအတွက် ငြိမ်းချမ်းစွာလမ်းလျှောက်ဆန္ဒပြရာမှ အာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံရကာ ရှမ်းပြည် နယ် ကျိုင်းတုံ ထောင်တွင် ထောင်ဒဏ် ၆၅ နှစ် ကျခံနေရသည်။
Lwin Pwin
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment