ပုဂ္ဂလိက ပညာသင်ကျောင်း တစ်ကျောင်း၏ မုန့်စားဆောင်အား တွေ့ရစဉ်
မူလက သတ်မှတ်ထားသည့် ငါးတန်းမှ ဆယ်တန်းအထိဖွင့်မှသာ ပုဂ္ဂလိက ပညာသင်ကျောင်းအဖြစ် သတ်မှတ် ခွင့်ပြုထားခြင်းအား အလယ်တန်း၊ အထက်တန်းသီးသန့် ကျောင်းများအဖြစ် ဖွင့်မည်ဆိုလျှင် လည်းခွင့်ပြုသွားမည်ဟု ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ဥပဒေမူကြမ်းပါ အရ သိရှိရသည်။ ကိုယ်ပိုင်ကျောင်းမှတ်ပုံတင် ဥပဒေမူကြမ်းပါ အချက်အလက်များ မှာ ကိုယ်ပိုင်စာသင်ကျောင်း တည်ထောင်သူမှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသား ဖြစ်ရမည့်အပြင် စာသင်ကျောင်းများတွင်လည်း ကျန်းမာရေးနှင့် ညီညွတ်သည့် စားရိပ်သာများ စီစဉ်ထားရှိရမည်ဆိုသည့် အချက်များလည်း ပါဝင်ကြသည်။ ထို့ပြင် ကိုယ်ပိုင်ကျောင်းများ အနေဖြင့် တူညီဝတ်စုံသတ်မှတ်ချက်ကို မြန့်မာ့ရိုးရာယဉ်ကျေးမှု နှင့်ဆီလျော်ပါက မူလတန်းမပါဘဲ အလယ်တန်း၊ အထက်တန်းမှစတင်ကာ တူညီဝတ်စုံ ခွင့်ပြုထားရှိခဲ့ကြောင်း သိရှိရသည်။ရန်ကုန်တွင် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများ အဖြစ် စမ်းသပ်လုပ်ကိုင်ခဲ့သည်မှာ ၂၀၀၉-၂၀၁၀ ပညာသင်နှစ်မှ စတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
Lwin Pwin

0 comments:

Post a Comment