ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ KIO နဲ့ အစိုးရတပ်တွေကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ် အတွင်း ဘေးလွတ်ရာ ထွက်ပြေးရသူ ဒေသခံ ၁ ထောင်လောက် ရှိသွားပြီလို့ သိရပါတယ်။ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ၂ဝ၁၁ ခုနှစ် ဇွန်လအတွင်း တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ကို ဝင်ရောက် ခိုလှုံလာသော မြန်မာနိုင်ငံသား တချို့ကို တွေ့ရပုံ။အစိုးရတပ်တွေက လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်ပြီး တက်လာတဲ့အတွက် ရွာတွေကို လက်နက်ကြီး ထိမှန်မှာ စိုးရိမ်တာကြောင့် ထွက်ပြေးရတာဖြစ်ပြီး အများစုဟာ တောတောင်တွေထဲမှာ ပုန်းအောင်းနေရတယ်လို့ ဆိုပါတယ် လောလောဆယ် လိုင်ဇာမြို့မှာ ဒုက္ခသည် ၂ သောင်းလောက် ရှိနေပြီး တရုတ်-မြန်မာနယ်စပ် မိုင်ဂျာယန်မှာ ၅ ထောင်ကျော် ရှိနေတယ်လို့ သိရပါတယ်။
Lwin Pwin

0 comments:

Post a Comment