ထိုင်း မြန်မာ နယ်စပ်က မြန်မာ ဒုက္ခသည် ကလေးငယ်တွေ အတွက် အကူအညီ ပေးနေတဲ့ ဗြိတိန်နိုင်ငံ အခြေစိုက် Thai Children's Trust ထိုင်း ကလေးငယ်များ ရံပုံငွေ အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံအားပေး လိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သ၀ဏ်လွှာ ကို အဖွဲ့ နှစ်ပတ်လည် အစည်းအဝေးမှာ ဖတ်ကြားခဲ့ပါတယ်။
Thai Children's Trust ရဲ့ ညွှန်ကြားရေးမှူး Andrew Scadding ကလည်း - ထိုင်း မြန်မာ နယ်စပ်က ဒုက္ခသည် စခန်းတွေမှာ ဒုက္ခသည် အရေအတွက်က ကြောက်ခမန်းလိလိ အမြဲ တိုးပွားနေတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောက်ခံအားပေးမှုဟာ အချိန်သင့် အခါသင့် ဖြစ်ပါတယ်။ ကျေးဇူး အထူး တင်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။
Lwin Pwin
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment