မြန်မာနိုင်ငံ၊ ရန်ကုန်မြို့အနီးရှိ နာမည်ဆိုးဖြင့် ကျော်သော အင်းစိန်ထောင် ဖြစ်ပါသည်။
အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြည်တွင်း ငြိမ်းချမ်းရေး မရှိပဲ စစ်မှန်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး မရရှိနိုင်ဘူးလို့ အင်းစိန် အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေက မနေ့က ပြောဆိုလိုက်ပါတယ်။
ထောင်တွင်းကနေ အစိုးရဆီကို အောက်တိုဘာ (၈) ရက်နေ့ နေ့စွဲနဲ့ ပေးပို့ခဲ့တဲ့ လက်ရှိနိုင်ငံရေး အပေါ် သဘောထား အိတ်ဖွင့်ပေးစာမှာ ဖေါ်ပြထားတာ ဖြစ်ပါတယ်။
စစ်မှန်တဲ့ အပြောင်းအလဲ ဖြစ်ပေါ်လာဖို့ နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေးကို အားလုံးက မျှော်လင့်နေတယ်လို့ ပြည်တွင်း နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေး ကွန်ယက်အဖွဲ့ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ကိုစိုးအောင်က ပြောပါတယ်။
Lwin Pwin
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment