UN Photo/Eskinder Debebe
နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပနေတဲ့ (၆၆) ကြိမ်မြောက် အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana က သူရဲ့ အစီရင်ခံစာကို မနေ့က တင်သွင်းခဲ့ပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အရင်ကထက် စာရင် အပြောင်းအလဲတွေ ဖြစ်လာတယ် ဆိုတာကို ကြိုဆိုပေမဲ့၊ မြန်မာ အစိုးရအနေနဲ့ တာဝန်ယူ ဖြေရှင်းရမယ့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေဆဲဖြစ် ပါတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရ အနေနဲ့ မကြာသေးခင်က နိုင်ငံရေး အကျဉ်းသား ၂၀၀ လောက် လွှတ်ပေးတာဟာ ကြိုဆိုစရာ ကိစ္စ ဖြစ်ပေမဲ့၊ နိုင်ငံရေး အကျဉ်းသား အရေအတွက် အမြောက်အမြား ကျန်ရှိနေသေးတာကို သူအပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းက စိုးရိမ်နေတယ်လို့ ပြောသွားပါတယ်။ ဒါကြောင့် ဒီနှစ် အကုန်ပိုင်းလောက်မှာ ကျင်းပဖို့ရှိတဲ့ ကြားဖြတ် ရွေးကောက်ပွဲ မတိုင်ခင် အကျဉ်းသား အားလုံး လွှတ်ပေးဖို့ မစ္စတာ ကင်တားနား က မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။
သူ့ရဲ့အစီရင်ခံစာမှာ နိုင်ငံရေး အကျဉ်းသား အားလုံး ချွင်းချက်မရှိ အစိုးရ အနေနဲ့ အမြန်ဆုံးလွှတ်ပေး ရေး မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ စနစ်တကျ ကျူးလွန်နေတာကို စုံစမ်း စစ်ဆေးဖို့ လွတ်လပ်တဲ့ ကော်မရှင် တစ်ရပ် အမြန်ဆုံး ဖွဲ့စည်း အကောင်အထည် ဖေါ်ပြီး၊ ဆုံးရှုံး နစ်နာသူတွေရဲ့ ဘ၀ ပြန်လည် တည်ဆောက်ရေးတွေမှာ ကူညီ ဆောင်ရွက်ပေးဖို့ အဆိုပြုထားပါတယ်။
Lwin Pwin

0 comments:

Post a Comment