ဓာတ်ပုံ Reuters
ဗန်မြို့ ငလျင်ဒဏ်ကနေ အသက်မသေ ကျန်ရစ်သူတချို့ ကြောက်လန့်တကြား အော်ဟစ်ပြေးလွှားနေကြပုံ (အောက်တိုဘာလ ၂၃၊ ၂၀၁၁)
တူရကီနိုင်ငံ အရှေ့တောင်ပိုင်းမှာ ပြင်းထန်တဲ့မြေငလျင်တစ်ခု လှုပ်သွားတာကြောင့် လူအနည်းဆုံး ၁၃၈ ဦးသေဆုံးပြီး လူ ၃၅၀ ဒဏ်ရာ ရရှိသွားပါတယ်။ ပြင်းအား ၇ ဒဿမ ၂ ရှိတဲ့ ငလျင်လှုပ်သွားပြီး နာရီပေါင်းများစွာကယ်ဆယ်ရေးလုပ်သားတွေဟာအမှောင်ထဲမှာပျောက်ဆုံးနေသူတွေကို ရှာဖွေနေကြပါတယ်။
ငလျင်ကြောင့် လျှပ်စစ်မီးတွေလည်း ပြတ်တောက်ခဲ့ရပြီး အထပ်မြင့် အဆောက်အဦးတွေလည်း ပြိုကျခဲ့ရပါတယ်။ Ercis ဆိုတဲ့မြို့ကတော့ အထိအနာဆုံးဖြစ်ပြီး နောက်ပိုင်းမှာ အင်အားပြင်း နောက်ဆက်တွဲ မြေငလျင်တွေလည်း လှုပ်ခဲ့ပါသေးတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ အစ္စရေး အပါအဝင် နိုင်ငံတွေက အကူအညီပေးထားကြပြီး ဒီမြေငလျင်သတင်းကို အမေရိကန်ပြည်ထောင်စုက ဂရုတစိုက် စောင့်ကြည့်နေ ပါတယ်။
Lwin Pwin
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment