ပခုက္ကူ ရေဘေး NLD က ဆန် နဲ့ ငွေလှူ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူမှုအထောက်အကူပြု အဖွဲ့အနေနဲ့ မကွေးတိုင်းအတွင်းက ရေဘေးသင့် ဒုက္ခသည်တွေကို ဒီကနေ့ ဆန် နဲ့ အလှူငွေတွေ ထောက်ပံ့နေပါတယ်။

ကလေးစစ်သား အမှု အိုင်အယ်လ်အို တိုင်ကြား

ပြည်မြို့က အသက် (၁၄) နှစ် အရွယ် ကလေးစစ်သား အဓမ္မ စုဆောင်းခံရတဲ့ အမှုကို HRDP လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ရက် အကူအညီနဲ့ ရန်ကုန်မြို့ အိုင်အယ်လ်အို နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်ရုံးမှာ ဒီကနေ့

ဓာတ်ငွေ့ စီမံကိန်း ရပ်တန့်ပေးဖို့

ရခိုင်ပြည်နယ် ကျောက်ဖြူဒေသကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ သွယ်တန်းဖို့ ဆောင်ရွက်နေတဲ့ တရုတ်ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် မြေယာအသိမ်းခံရမှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေကြောင်း ဒေသခံတွေနဲ့ လေ့လာသူတွေက ပြောပါတယ်။
ဖွံ့ဖြိုးရေးအတွက် အခြေခံလွတ်လပ်ခွင့်တွေ လိုအပ်
ဖွံဖြိုးတိုးတက်မှုလို့ ဆိုတဲ့နေရာမှာ လွတ်လပ်မှုကို ချုပ်ခြယ်တာတွေမရှိမှသာ တိုးတက်ဖွံဖြိုးမှု ရှိနိုင်မယ်လို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။ တရားမဲ့မှု၊ မမျှတမှု၊ အာဏာရှင်ဆန်မှု၊ လူထုအပေါ် တာဝန်ယူလိုစိတ်ကင်းမဲ့မှု ဒါတွေကို ဖယ်ထုတ်ရေးဟာ ဖွံဖြိုးတိုးတက်မှုအတွက် အရေးကြီးတယ်လို့ ပြောဆိုသွားတာပါ။ ဖွံဖြိုးတိုးတက်မှုဆိုတဲ့နေရာမှာ အခြေခံလွတ်လပ်မှုတွေကို ချန်ထားလို့မရဘူးလို့ အမေရိကန်ပြည်ထောင်စု၊ မီရှိဂန်တက္ကသိုလ်ကနေ ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်တဲ့ Wallenberg ဆုပေးပွဲ အခမ်းအနား မိန့်ခွန်းထဲ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုသွားတာပါ။ စီးပွားရေးနိုဘဲလ်ဆုရှင် ဒေါက်တာ Amartya Sen ရဲ့ ဖွံဖြိုးတိုးတက်မှုနဲ့ လွတ်လပ်မှု ဒွန်တွဲနေတယ် ဆိုတဲ့အမြင်ကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ တိုင်းပြည်တရပ်၊ လူ့အဖွဲ့အစည်းတရပ် ဖွံဖြိုးတိုးတက်လာရေးအတွက် ချုပ်နှောင်မှုတွေကို ဖယ်ရှားပစ်ဖို့ လိုအပ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။
ဖရီးဒမ်းဟောက်စ် ဆု ဒေါ်စုရရှိ
ဝါရှင်တန်အခြေစိုက် FreedomHouse အဖွဲ့ကြီးက နှစ် ၇၀ မြောက် နှစ်ပတ်လည် အခမ်းအနားမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို Freedom Award လွတ်လပ်မှုဆုကို ချီးမြှင့်လိုက်ပါတယ်။ နှစ်ပေါင်းများစွာ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးစားရုန်းကန် လှုပ်ရှားမှုတွေအတွက် အခုလို ဆုချီးမြှင့်လိုက်တာလို့ Freedom House အဖွဲ့ကြီးက ပြောပါတယ်။
Freedom House အဖွဲ့ဟာ ကမ္ဘာတ၀ှမ်း လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ လွတ်လပ်မှုတွေအတွက် လှုပ်ရှားနေသူတွေကို ၁၅ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် ဆုချီးမြှင့်တာဖြစ်ပြီး  လွတ်လပ်စွာ ရေးသားမှုမှာ ဦးဆောင်တဲ့ Google နဲ့ နိုးကြားမှုရှိစေဖို့ ဆောင်ရွက်ခဲ့တဲ့ Washington Post  သတင်းစာ အယ်ဒီတာ အဖွဲ့တွေကိုလည်း ဆုချီးမြှင့်ခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်ဒဏ် ခံနေရချိန် ၁၉၄၁ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ Freedom House အဖွဲ့ဟာ သက်တမ်းအရင့်ဆုံး လူ့အခွင့်ရေး အဖွဲ့ကြီးဖြစ်ပါတယ်။  Freedom House အဖွဲ့ကြီးရဲ့ နှစ် ၇၀ ပြည့်  နှစ်ပတ်လည် အခမ်းအနားမှာ ချီးမြှင့်မယ့်  Freedom Award လွတ်လပ်မှုဆုကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့  Freedom House အဖွဲ့ကြီးရဲ့ ဥက္ကဋ္ဌ ဒေးဗစ် ဂျေ ခရေမာ David J. Kramer ကပြောပါတယ်။
သူ့နိုင်ငံနဲ့ သူ့နိုင်ငံသားတွေအတွက် အခက်အခဲ အမျိုးမျိုးကို ကျော်ဖြတ်ရုန်းကန်ကြိုးစားခဲ့တဲ့  ဒေါ်အောင်ဆန်းစုကြည်ကို မြတ်နိုးလေးစား ဂုဏ်ယူကြောင်း ပြသနေသူတွေထဲမှာ  Freedom House ကလည်း ပါဝင်တယ်ဆိုတာ ပြချင်လို့ပါ။ နောက် အရှေ့အလယ်ပိုင်းနဲ့ အာဖရိက မြောက်ပိုင်းဒေသအရေးကို အားလုံးက စိတ်ဝင်တစား ဖြစ်နေကြချိန်မှာ အလားတူ လွတ်လပ်ရေးအတွက် ကြိုးပမ်း နေကြတဲ့ မြန်မာနိုင်ငံလို နိုင်ငံမျိုးလည်း ရှိနေသေးတယ်ဆိုတာ ကမ္ဘာက မမေ့စေချင်တာလည်း ပါပါတယ် လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ အတွင်း ကမ္ဘာတ၀ှမ်း လွတ်လပ်မှု အရသာ အပြည့်အ၀ ခံစားကြစေဖို့အတွက် ပညာပေး အစီအစဉ် အမျိုးမျိုးနဲ့ ကိုယ်တိုင်လှုပ်ရှားခဲ့တဲ့ အဖွဲ့ကြီးက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၁၅ နှစ် အတွင်း ပထမဆုံး ဂုဏ်ပြုနိုင်တဲ့အတွက် ၀မ်းမြောက်တယ်လို့ ဆိုပါတယ်။ Freedom House အဖွဲ့ဟာ ဗုဒ္ဓဟူးနေ့ ညနေ ၇ နာရီခွဲမှာ  ၀ါရှင်တန်ဒီစီမှာရှိတဲ့ နယူဆီယမ် Newseum အဆောက်အဦးမှာ ထင်ရှားတဲ့ အမေရိကန် လွှတ်တော်အမတ်တွေ ပါဝင်တဲ့ ကော်မတီ ရှေ့မှောက် ဆုပေးပွဲ ကျင်းပမှာ ဖြစ်ပါတယ်။ ပေးမယ့်ဆု အားလုံးပေါင်း လေးခုပါ။ Freedom Award လွတ်လပ်မှုဆုရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗီဒီယို မိန့်ခွန်းကို အခမ်းအနားမှာ ဖွင့်ပြမှာဖြစ်ပါတယ်။ ဒီအခမ်းအနားမှာ ပေးမယ့်ဆုတွေထဲမှာ Corporate Leadership Award လို့ခေါ်တဲ့ လွတ်လပ်စွာ ထုတ်ဖေါ်မှု အတွက် ဦးဆောင်တဲ့ဆုကို ချီးမြှင့်မှာဖြစ်ပြီး  ဒီဆုကို Google အဖွဲ့က ရရှိခဲ့ပါတယ်။ ကမ္ဘာတ၀ှမ်း လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး ဆိုင်ရာဆောင်းပါးတွေ အယ်ဒီတာ့ အာဘော်တွေကို ထူးထူးခြားခြား တင်ဆက်လေ့ရှိတဲ့ ၀ါရှင်တန်ပို့စ် သတင်းစာကြီးရဲ့ အယ်ဒီတာအဖွဲ့ကိုတော့  Raising Awareness Award လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ လွတ်လပ်မှုဆိုင်ရာ အသိပညာကို မြှင့်တင်နိုင်တဲ့ ဆုကို ချီးမြှင့်တာဖြစ်ပြီး  Freedom House အဖွဲ့ကြီးရဲ့ ဘုတ်အဖွဲ့ဝင် လူကြီးတဦးဖြစ်သူ၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ သံတမန်ရေးရာတွေကို တသက်တာလုံးဆောင်ရွက်ခဲ့သူ Max M. Kampelman ကိုတော့ Lifetime Achievement Award တသက်တာ အောင်မြင်မှုဆုကို ချီးမြှင့်တာ ဖြစ်ပါတယ်။
တရုတ်လုပ်သားတွေ မြစ်ဆုံက ထွက်ခွာ
မြစ်ဆုံဆည်စီမံကိန်းကို ရပ်တန့်ဖို့ ဆုံးဖြတ်လိုက်တဲ့နောက်  ဒီရက်ပိုင်းအတွင်းမှာ  မြစ်ဆုံဆည် တည်ဆောက် နေတဲ့ တရုတ်အလုပ်သမား အတော်များများ နေရပ်ကို ပြန်လည် ထွက်ခွာနေတယ်။ ဒါပေမဲ့ စက်ယန္တားတွေကို မူလအတိုင်းပဲ ဆက်လက်ထားရှိပြီး မြစ်ဆုံအထက်ပိုင်းက မေခ၊ မလိခမြစ်ပေါ်က ရေကာတာတွေ တည်ဆောက်မယ့် ဒေသဘက်တွေကို လမ်းဖောက်လုပ်တာတွေတော့ ဆက်ပြီး ရှိနေဆဲဖြစ်တယ်လို့ မြစ်ကြီးနား ဒေသခံတွေက ပြောပါတယ်။
နိုင်ငံရေး အကျဉ်းသားများ လျှော့ရက်ရရေး အစာငတ်ခံ ဆန္ဒပြ
ထောင်ဒဏ် လျှော့ရက် ရရှိရေးအတွက် ရန်ကုန်မြို့ အင်းစိန် အကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသား ၁၅ ဦးက  ဗုဒ္ဓဟူးနေ့ မွန်းတည့်မှစ၍ အစာငတ်ခံ ဆန္ဒပြမှု စတင်နေပြီဟု နိုင်ငံရေး အကျဉ်းသား မိသားစုများ အကျိုးဆောင်ကွန်ယက်က ထုတ်ပြန်လိုက်သည်။အဆောင် ၅ ဒုထောင်မှူး ဦးမြင့်မောင်မှ တဆင့် ထောင်တာဝန်ခံ ဦးစီးအရာရှိ ဦးဝင်းနိုင်အား နေ့လည်စာ ထမင်း မစားတော့ဘဲ အစာငတ်ခံ ဆန္ဒပြမှု စတင်ကြောင်း အကြောင်းကြားလိုက်ပြီး ဖြစ်သည်ဟု ကြေငြာချက်တွင် ဖော်ပြ ထားသည်။
လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ် ၃၄၇ တွင်  “နိုင်ငံတော်သည် မည်သူ့ကို မဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည်။ ထို့ပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့် ပေးရမည်။”ဟု ဖော်ပြညွှန်းဆို  ပြဋ္ဌာန်းထားသည်။

                    

အကျဉ်းဦးစီး၏ ထောင်လက်စွဲအရလည်း သေဒဏ်ကျ အကျဉ်းသားများ၊ နှစ်အကန့်အသတ် မရှိနှင့် ထောင်တသက် တကျွန်း ကျခံနေရသော အကျဉ်းသားများမှလွဲ၍ အကျဉ်းသားတိုင်း လျှော့ရက် ခံစားခွင့်ပေးရန် ပြဋ္ဌာန်းထားသည်။မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများကို လျှော့ရက်ခံစားခွင့် ပိတ်ပင်မှုကို ၁၉၉၇ ခုနှစ်ကတည်းက စတင်ခဲ့ သည်။

အင်းစိန်ထောင် နိုင်ငံရေးအကျဉ်းသား ၁၅ ဦး အစာငတ်ခံ ဆန္ဒပြ

 အင်းစိန်ထောင်တွင်းရှိ နိုင်ငံရေး အကျဉ်းသား ၁၅ ဦးသည် ယမန်နေ့ နေ့လယ်ပိုင်းက စတင်၍ အကျဉ်းသား ရပိုင်ခွင့်များအတွက် အစာငတ်ခံ ဆန္ဒပြနေကြောင်း သိရသည်။ ကိုညီညီထွန်း၊ ကိုကောင်းမြတ်လှိုင်၊ ကိုသော်ဇင်၊ ကိုဉာဏ်ထွန်းလင်း ခေါ် ကိုရန်နိုင်တို့ အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၁၅ ဦးသည် ၄င်းတို့၏ သက်ဆိုင်ရာ ၅ ဆောင် ၊ ဒုထောင်မှူး ဦးမြင့်မောင်မှတဆင့် မိန်းဂျေးလ် တာဝန်ခံ ဦးစီးအရာရှိ ဦးဝင်းနိုင် အား သတင်းပို့လိုက်ပြီး ယမန်နေ့ကစတင်၍ နေ့လယ်စာ ထမင်းကို မစားတော့ဘဲ ဆန္ဒပြခြင်းဖြစ်သည်။ သီးသန့်အကျဉ်းသား၊ သာမန်သီးသန့် အကျဉ်းသားများအား အကျဉ်းသား ရပိုင်ခွင့်၊ လျှော့ရက်ခံစားခွင့် စသည့် အကျဉ်းသား ရပိုင်ခွင့် ဆုံးရှုံးနစ်နာနေမှုများ ပြန်လည်ရရှိရေးအတွက် ယင်းသို့ ဆန္ဒပြခြင်းဖြစ်သည်ဟု အောက်တိုဘာ၂၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သော နိုင်ငံရေးအကျဉ်းသား မိသားစုများ အကျိုးဆောင် ကွန်ရက် ၏ ကြေညာချက်၌ ဖော်ပြထားသည်။ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) အတွင်းရေးမှူး ကိုတိတ်နိုင် ကလည်း ၁၉၉၉ ခုနှစ် ကတည်းက နိုင်ငံရေးပြစ်မှုနှင့် အကျဉ်းချထားသူများကို လျှော့ရက်မပေးတော့ဘဲ သာမာန် ရာဇ၀တ်သား များကို လျှော့ရက်ပေးကြောင်း၊ ထိုသို့ ခွဲခြားဆက်ဆံခြင်းကြောင့် ၁၉၉၉ နောက်ပိုင်း လျှော့ရက် ပြန်ပေးရန် တောင်းဆို ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ကြောင်း ပြောသည်။
ရန်ကုန်တွင် လယ်သမား ဆန္ဒပြမှုဖြစ်ပွား
ရှေ့နေ ကိုဖိုးဖြူ ဦးဆောင်၍ လယ်သမား ၅၀ ခန့်သည် မိမိတို့ လယ်မြေများ ပြန်လည်ရရှိရေးအတွက် ရန်ကုန်မြို့ ဗိုလ်ချုပ် အောင်ဆန်း လမ်းရှိ အိုးအိမ်ဦးစီးဌာနရုံး အနီးတွင် ယနေ့ နံနက်ပိုင်း က စီတန်းလှည့်လည် ဆန္ဒပြကြောင်း သိရသည်။
Lwin Pwin







0 comments:

Post a Comment