အင်းစိန်တွင် ဆန္ဒပြသူများ ထောင်ဝင်စာပိတ်ခံရ
နိုင်ငံရေး အကျဉ်းသားများ လျှော့ရက်ရရှိရေးအတွက် အင်းစိန်ထောင်အတွင်း ဗုဒ္ဓဟူးနေ့မှစပြီး အစာငတ်ခံဆန္ဒပြနေသူများ ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ခံထားရကြောင်း ၎င်းတို့၏ မိသားစုဝင်များထံမှ သိရသည်

CCTV ရုပ်သံလိုင်း မြန်မာ၌ စတင်ထုတ်လွှင့်

တရုတ်နိုင်ငံ CCTV International ရုပ်သံလိုင်း မြန်မာနိုင်ငံ၌ စတင် ထုတ်လွှင့်ခြင်းအခမ်းအနားကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ် ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပသည်။ ယင်းရုပ်သံလိုင်းတွင် CCTV-4 , CCTV-News နှင့် CCTV-9 Documentary သတင်းနှင့်မှတ် တမ်းတင် အစီအစဉ်များကို ထည့်သွင်း ပြသသွားမည်ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ရေးထားသည်။ CCTV International ရုပ်သံလိုင်း ထုတ်လွှင့်မှုကို မြန်မာနိုင်ငံမှ MRTV - 4 , SKY NET နှင့် တရုတ်နိုင်ငံ CCTV ရုပ်သံ ဌာနတို့ ပူးပေါင်း စီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။

မန္တလေးတွင် ဘိုးဘွား ရန်ပုံငွေပွဲ ကျင်းပမည်

မန္တလေးမြို့ ချမ်းမြသုခ လူမှုရေးအသင်း၏ မှီခိုရာမဲ့ ဘိုးဘွားများ စောင့်ရှောက်ရေး ရန်ပုံငွေအတွက် မဇ္စျိမလှိုင်း တေးဂီတ၏ ဖျော် ဖြေပွဲကို ယနေ့ ညနေ ၆ နာရီတွင် ချမ်းအေးသာစံ မြို့နယ် ရှမ်းတိုင်းရင်းသားများ သာရေးနာရေးအသင်း ခန်းမတွင် ပြုလုပ်မည်ဖြစ် သည်။ ဂီတဖျော်ဖြေပွဲတွင် ခင်မောင်တိုး၊ ကိုနေဝင်း၊ သားထွေး၊ ဂျေမောင်မောင်၊ သျှီ၊ ဆုန်သင်းပါရ်၊ ရတနာ၊ ခင်ဘုဏ်း စသည့် အဆိုတော်များ ပါဝင်မည်ဟု သိရသည်။
အမျိုးသမီး နိုင်ငံရေး အကျဉ်းသား နှစ်ဦး ကျန်းမာရေး ဆိုးရွား

ရန်ကုန် အင်းစိန်ထောင်အတွင်း ထောင်ဒဏ် တသက်တကျွန်း ကျခံနေရသည့် အမျိုးသမီး အကျဉ်းသား အသက် ၄၅ နှစ်အရွယ် မသန္တာနှင့် ထောင်ဒဏ် ၁၇ နှစ်ချခံနေရသူ မခင်ခင်နုတို့သည် ကျန်းမာရေး ဆိုးရွားနေသည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။အလုံမြို့နယ်၊ အိမ်မဲမြို့နယ် NLD ပါတီ၏ စည်းရုံးရေးမှူး မသန္တာသည် ကျောက်ကပ်၊ သွေးချို၊ ဆီးချို၊ နှလုံး စသည့်ရောဂါများ ခံစားနေရသဖြင့် လမ်းလျှောက်၍ မရဘဲ ဖြစ်နေပြီး ၉၀ ရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ် ဘူးသီးထောင် လွတ်တော် ကိုယ်စာလှယ်၏ သမီး မခင်ခင်နုသည်လည်း အသည်းရောဂါ ခံစားနေရသည်ဟု ကြာသပတေးနေ့ကထောင်ဝင်စာ ပို့ခဲ့သူ နိုင်ငံရေး အကျဉ်းသား မိသားစုဝင် တဦးထံမှ သိရခြင်း ဖြစ်သည်
ပြင်ဆင်လိုက်သော ပါတီမှတ်ပုံတင် ဥပဒေ အောက်လွှတ်တော် အတည်ပြု
ထောင်ဒဏ်ကျခံနေရသူကို နိုင်ငံရေးပါတီဝင်မဖြစ်ရဟု ကန့်သတ်ထားချက်ကို ပယ်ဖျက်ခြင်း အပါအဝင် အချက်သုံးချက်ကို ပြင်ဆင်ခဲ့သော "နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း" ဥပဒေမူကြမ်းကို
အောက်လွှတ်တော်တွင် ကြာသပတေးနေ့က အတည်ပြုလိုက်သည်။၂ဝ၁ဝ ရွေးကောက်ပွဲ အတွက် ပြဋ္ဌာန်းခဲ့သော "နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း" ဥပဒေဟောင်းတွင် ပါတီဝင်များ သည် ထောင်ဒဏ် ကျခံနေရသူများ မဟုတ်ရဟု ကန့်သတ်ထားချက်ကို ပယ်ဖျက်လိုက်ပြီ ဖြစ်သလို ပါတီတခုသည်
ရွေးကောက်ပွဲများ တွင် အနည်းဆုံးသုံးနေရာ ဝင်ပြိုင်ရမည်ဟု ကန့်သတ်ထားချက်ကိုလည်း ရွေးကောက်ပွဲ အပြီးပေါ်ပေါက်လာသော ပါတီသစ်များနှင့် သက်ဆိုင်မှုမရှိဟုလည်း ပြင်ဆင်လိုက်သည်။ထို့အပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို "ထိန်းသိမ်း စောင့်ရှောက်ရမည်" ဟူသော စကားရပ် အစား "လေးစား လိုက်နာရမည်" ဟုလည်း ပြင်ဆင်လိုက်သည်။
လယ်သိမ်းခံလယ်သမားတွေ ရန်ကုန်တက် ဆန္ဒပြ
မြန်မာနိုင်ငံမှာ အသစ်ပြဌာန်းဖို့ ပြင်ဆင်နေတဲ့ လယ်ယာမြေ ဥပဒေကို မကျေနပ်လို့ လယ်သမားတချို့ ဒီကနေ့ ရှားရှားပါးပါး ဆန္ဒပြခဲ့ကြတာကို ရဲက လူစုခွဲလိုက်ပါတယ်။ စုစုပေါင်း လယ်မြေဧက ၁၀,၀၀၀ လောက် အသိမ်းခံထားရတဲ့ လယ်သမား ၆၀ လောက်စုပြီး ရန်ကုန်မြို့၊ အိုးအိမ်ဦးစီးဌာနရှေ့မှာ ထိုင်သပိတ် မှောက်ခဲ့ကြတာပါ။လယ်သမားတွေ ဘ၀အာမခံချက် ရှိရေးအတွက်ကို အဓိကထား တောင်းဆိုခဲ့ကြပါတယ်။ ဒီလို လယ်မြေတွေ အတင်းအဓမ္မ အသိမ်းခံရတဲ့ကိစ္စကို လွှတ်တော်မှာ ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ပေမဲ့ ဘာမှ ထူးမလာတဲ့အတွက် မခံနိုင်ကြတော့တဲ့ လယ်သမားတွေက သူတို့ရဲ့နစ်နာမှုတွေကို သိအောင် အခုလို ဆန္ဒ ဖော်ထုတ်ခဲ့ကြတာဖြစ်တယ်လို့ ဆန္ဒပြပွဲကို စီစဉ်သူ ရှေ့နေ ကိုဖိုးဖြူက ပြောပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေကြတဲ့ လယ်သမားတွေဆီက ဆိုင်းဘုတ်တွေကို ရဲက သိမ်းပြီး လူစုခွဲခိုင်းခဲ့တယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။ ဆန္ဒပြသူ ၇ ယောက်ကို ရဲက ထိန်းသိမ်းခဲ့တယ်လို့ ပြောပေမဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။ မကြာခင်ကပဲ လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ မြန်မာ့လယ်ယာကဏ္ဍဆိုင်ရာ ဥပဒေကြမ်းက လယ်ယာမြေအားလုံးကိုဖြစ်စေ၊ တစိတ်တပိုင်းကိုဖြစ်စေ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ လွှဲပြောင်းခွင့်နဲ့ အငှားချခွင့်တွေကို ခွင့်ပြုထားပါတယ်။ ဒါပေမဲ့ အဲဒီ ဥပဒေကြမ်းထဲမှာ လယ်လုပ်တဲ့လယ်သမားတွေ လယ်မြေပိုင်ဆိုင်ခွင့်ရှိတယ် ဆိုတဲ့အချက် မပါပါဘူး။
Lwin Pwin





 



0 comments:

Post a Comment