အစိုးရသစ် လက်ထက်တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် နှင့် ဒေါ်အောင်ဆန်းစုကြည် တို့မှာ စတုထ္ထအကြိမ်မြောက် အဖြစ် အောက်တိုဘာလ ၃၀ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း သိရှိရပါသည်။ |
ကိုဖိုးဖြူနှင့် ဆန္ဒပြသူများ တရားစွဲခံရ
ရှေ့နေကိုဖိုးဖြူအပါအ၀င် ၇ ဦးကို ရန်ကုန်မြို့တွင် တရားမ၀င် စုဝေးမှုဖြင့် တရားစွဲဆိုလိုက်သည်ဟု ရဲတပ်ဖွဲ့က ပြောဆိုကြောင်း AP သတင်းတပုဒ်တွင် ယနေ့ ရေးသားထားသည်။ လူစုခွဲရန် ငြင်းဆန်ခဲ့မှုအတွက်လည်း အရေးယူမည်ဟု ဆိုသည်။ ကိုဖိုးဖြူ နှင့် လယ်သမားများသည် အသိမ်းခံထားရသည့် လယ်ယာမြေများ ပြန်လည် လုပ်ကိုင်ခွင့်ရရန် ယမန်နေ့က ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။
အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Posner မြန်မာပြည်သွားမည်
အမေရိကန် အဆင့်မြင့်အရာရှိတစ်ဦး နောက်တပတ်ထဲမှာ မြန်မာပြည်ကိုသွားဖို့ ရှိပါတယ်။ အမေရိကန် ပြည်ထောင်စု ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ပို့စနာ (Michael Posner) မြန်မာပြည်ကို ၄ ရက်ကြာခရီးနဲ့ သွားမယ်ဆိုတာ သေချာတယ်လို့ သူ့ရဲ့ရုံးက ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ဗွီအိုအေကို အတည်ပြုပြောဆိုပါတယ်။
Lwin Pwin
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment