မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူး ကိုယ်စားလှယ်အဖြစ် ဧပြီလက သမ္မတ အိုဘားမားက အမည်တင်သွင်း ခဲ့ပြီးတော့ ဇွန်လမှာ အထက်လွှတ်တော် ကြားနာစစ်ဆေးပွဲ ကျင်းပပြီးနောက် ခန့်အပ်ခံခဲ့ရတဲ့ မစ္စတာ ဒဲရက်မစ်ချဲလ် ကို တနင်္လာနေ့က အမေရိကန် နိုင်ငံခြားရေးဌာနမှာ တရားဝင် ကျမ်းသစ္စာကျိန်ဆို ခန့်အပ်ခဲ့ပါတယ်။ မြန်မာ့အရေး အောင်မြင်အောင် အားလုံးနဲ့ တိုက်ရိုက် ဆက်ဆံပြီး အဖြေရဖို့ ကြိုးစားမှာဖြစ်သလို မြန်မာနိုင်ငံ အခြေအနေကို အမေရိကန် သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးဆီ မပြတ် လေ့လာတင်ပြပြီး အပြောင်းအလဲတွေ အတွက် မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်ဖို့ ကြိုးစားမယ်လို့ မစ္စတာ မစ်ချဲလ်က ကျမ်းသစ္စာကျိန်ဆိုရာမှာ ကတိပေးပြောကြားခဲ့ပါတယ်။
Lwin Pwin
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment