ထိုင်း-မြန်မာနယ်စပ် တာ့ခ် ခရိုင် ဖုတ်ဖရ မြို့နယ် အုန်းဖျန်ဒုက္ခသည်စခန်း (ဓာတ်ပုံ - ဧရာဝတီ)
ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြန်လာရန် သမ္မတ ဦးသိန်းစိန်၏ ဖိတ်ခေါ်မှုကို အကောင်းမြင် ယုံကြည်သည်ဟုဆိုကာ ထိုင်းနယ်စပ် ဒုက္ခသည်စခန်းရှိမြန်မာသံဃာ၂ ပါး ယမန်နေ့က မဲဆောက်မြို့မှတဆင့် မြ၀တီမြို့ဘက်ဝင်ရောက်၍ မြန်မာနိုင်ငံ သို့ ပြန်သွားသည်။ ထို သံဃာ၂ ပါးမှာ ထိုင်း-မြန်မာနယ်စပ် တာ့ခ် ခရိုင် ဖုတ်ဖရ မြို့နယ် အုန်းဖျန်ဒုက္ခသည်စခန်းရှိ ကမ္ဘာလုံးချမ်းသာ ဘုန်းတော်ကြီး ကျောင်းမှ ဦးဝိသုဒ္ဓနှင့် ဦးနန္ဒိယတို့ ဖြစ်ပြီး နိုင်ငံရေးအမှုများဖြင့် ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်လာကြခြင်း ဖြစ်သည်။
ဦးဝိသုဒ္ဓ က ၁၉၈၈ အရေးအခင်းတွင် ပါဝင်ခဲ့ပြီးနောက် အဖမ်းခံရကာ သေဒဏ်ကျခံခဲ့ရပြီး တသက်တကျွန်းသို့ ပြစ်ဒဏ်ပြောင်းလဲခဲ့ကြောင်း၊ အကျဉ်းထောင်တွင်း ၁၀ နှစ်နေခဲ့ရပြီးနောက် သာသနာ့ ဘောင်သို့ဝင်ရောက်ခဲ့ကာ အုန်းဖျန်စခန်းသို့ ၂၀၀၉ နှစ်ကုန် ပိုင်းတွင် ရောက်ရှိလာခြင်း ဖြစ်ကြောင်း မိန့်ဆိုသည်။
ဦးနန္ဒိယမှာ၂၀၀၇ ရွှေဝါရောင်သံဃာ့လုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ရန်ကုန်တိုင်း စမ်းချောင်း မြို့နယ် ကိုးထပ်ကြီး စာသင်တိုက် မှဖြစ်ပြီး သံဃာ့လှုပ်ရှားမှုအပြီး နိုဝင်ဘာလတွင် ထိုင်းနယ်စပ်သို့ရောက်ရှိလာကာ အုန်းဖျန်စခန်းတွင် သတင်းသုံး နေထိုင်ခဲ့ သည်။
Lwin Pwin

0 comments:
Post a Comment