သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ညီလာခံစတင်

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ဆက်နွှယ်တဲ့ စီးပွားရေးလုပ်ငန်းတွေ မြန်မာနိုင်ငံမှာဖွံ့ဖြိုးစေဖို့အတွက် ဆွေးနွေးပွဲတစ်ခု ဒီကနေ့ကျင်းပမည်။

ဗေဒါကျောင်း သင်တန်းဆင်းပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

၃၁.၁၀.၂၀၁၁ နေ့ မနက် ဆယ်နာရီက သင်္ဃန်းကျွန်း မြို့ နယ်မှာ ကျင်းပတဲ့ ဗေဒါ အခမဲ့ ပညာရေးကျောင်း စာကြည့်တိုက် ဖွင့်ပွဲ နဲ့  သင်တန်းဆင်းပွဲ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ ပါတယ်။

ကုလအတွင်းရေးမှူးချုပ် အကြံပေး မြန်မာပြည်ရောက်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ ဗီဂျေးနမ်ဘီးယားဟာ ဒီကနေ့မနက်က ရန်ကုန်မြို့ကို ရောက်ရှိလာပါတယ်။




ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီယာသည် အောက်တိုဘာလ ၃၁ရက်နေ့ နံနက်ပိုင်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း သတင်းရရှိပါသည်။
ကိုရီးယားနိုင်ငံသို့ EPS ဖြင့် အလုပ်သွားရောက်လုပ်ကိုင်သူများထဲမှ အလုပ်သွားရောက်မလုပ်ကိုင်မီ လုပ်သားနှင့် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီတို့အကြား ချုပ်ဆိုသည့်စာချုပ်ပါအချက်များနှင့် ငြိစွန်း၍ ကိုရီးယားနိုင်ငံသို့ ရောက်ရှိပြီးမှ ပြန်လာရသူ ၁၂ ဦးရှိပြီဖြစ်ကြောင်း အလုပ် သမားဝန်ကြီးဌာန အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီမှ သတင်းရရှိသည်။   အစိုးရပြည်ပအလုပ်အကိုင်နှင့်  ကိုရီးယားသမ္မတနိုင်ငံသို့သွားရောက်လုပ်ကိုင်မည့် လုပ်သားတို့အကြားချုပ် ဆိုသည့်ဝန်ခံစာချုပ်တွင် အသက်လိမ်ညာခြင်း၊ နိုင်ငံကူးလက်မှတ် (pass-port) ပါအချက်အလက်များကို လိမ်ညာခြင်း၊ ကိုရီးယားသမ္မတနိုင်ငံတွင် တရားမ၀င် နေထိုင်ခဲ့ဖူးခြင်း(သို့) ပြစ်မှုကျူးလွန်ခဲ့ဖူးခြင်း၊ အကြောင်းတစ်ခုခုကြောင့် ပြန်လည်စေလွှတ်မှုခံခဲ့ရခြင်းစသည့် အချက်တစ်ခုခုနှင့် ငြိစွန်းခဲ့ပါက တရားဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ပါကြောင်း ထည့်သွင်းချုပ်ဆိုမှုရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မတီတွင် ဂျပန်၊ ကိုရီးယား၊ တရုတ် လုပ်ငန်းရှင်များ လာရောက်ဆွေးနွေးနေ ရင်းနှီးမြှုပ်နှံမှုများနှင့်အတူ အလုပ်အကိုင်အခွင့်အလမ်းများ ရှိလာမည်ဖြစ်၍ အများပြည်သူဘက်မှ ကျွမ်းကျင်လုပ်သားအဖြစ် ပြင်ဆင်ထားရန်သာ လိုအပ်ဟု MIC ဥက္ကဋ္ဌ ပြောကြား
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မတီ(MIC) တွင် ဂျပန်၊ ကိုရီးယားနှင့် တရုတ်လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှုများအတွက် လာရောက်ဆွေးနွေးနေကြောင်း MIC ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားခဲ့ပါသည်။
ရန်ကုန်မြို့တော်ခန်းမအတွင်း ဗုံးတွေ့ရှိသည်ဟု သတင်းထွက်ပေါ်ခဲ့ပြီးနောက် အနီးပတ်ဝန်းကျင်တွင် ဖြတ်သန်းသွားလာမှုများကို သုံးနာရီကျော်ကြာကန့်သတ်ခဲ့
အောက်တိုဘာလ ၃၀ ရက် နေ့ ညနေပိုင်းက ရန်ကုန်မြို့တော်ခန်းမအတွင်းရှိ စင်ဝင်အောက်တွင် ဗုံးတွေ့ရှိသည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက် မြို့တော်ခန်းမရှေ့ အနီးပတ်ဝန်းကျင်တွင် ဖြတ်သန်းသွားလာမှုများကို သုံးနာရီကျော်ကြာ ကန့်သတ်ခဲ့ကြောင်း သိရှိရသည်။
ရွှေဂုံတိုင်မူနှင့် မှတ်ပုံတင်ရေး/ မတင်ရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေဖြင့် ပြန်လည် မှတ်ပုံတင်ရေး/ မတင်ရေးနှင့် ပါတ်သက်၍ ပါတီခေါင်းဆောင်များအတွင်း ဆွေးနွေးညှိနှိုင်းကာ ဤရက်သတ္တပါတ်အတွင်း ဆုံးဖြတ်ချက် ချမည့် သတင်းများ ထွက်ပေါ်လာနေသည်။ NLD အနေဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ရေး/မဝင်ရေးနှင့်ပတ်သက်၍ သဘောထားရပ်တည်ချက်အား ၂ဝဝ၉ ဧပြီ ၂၉ ရက်စွဲဖြင့် ‘ရွှေဂုံတိုင် ကြေညာစာတမ်း’ အား ထုတ်ပြန်တုန့်ပြန်ခဲ့ဖူးသည်။
ကြေညာစာတမ်းတွင် ‘နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးလျှင်၊ ၂ဝဝ၈ အခြေခံ ဥပဒေမှ ဒီမိုကရေစီစံနှုန်းများဖြင့် မကိုက်ညီသည့် အချက်များကို ပြင်ဆင်ပေးလျှင်၊ လွတ်လပ်၍ တရားမျှတသော
ရွေးကောက်ပွဲ အဖြစ် နိုင်ငံတကာ စောင့်ကြပ်လေ့လာမှုကို ခွင့်ပြုလျက် ကျင်းပမည်ဆိုလျှင်’ ရွေးကောက်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ရန် အလေးထား စဉ်းစားမည်ဟု ပါတီ၏သဘောထားကို ထုတ်ပြန်ခဲ့ပြီး ၂ဝ၁ဝ နိုဝင်္ဘာ
ရွေးကောက်ပွဲအား မဝင်ဘဲ သပိတ်မှောက်ခဲ့ဖူးသည်။

Lwin Pwin







 






 








0 comments:

Post a Comment