နှစ်ရက်ဆက်တိုက် မိုးရွာသွန်းပြီးနောက် ရေကာတာများမှ ပိုလျှံရေများကို ဖွင့်ချပေးရသည့်
နောက် အောက်ဘက်ရှိ ကျေးရွာ ၁၅ ရွာထက် မနည်း ရေကြီးမှုနှင့် ကြုံရပြီး စိုက်ပျိုးသီးနှံများ ပျက်စီးကုန်ကြောင်း မကွေးတိုင်း နတ်မောက်မြို့နယ်မှ ဒေသခံများက ပြောသည်။ အောက်တိုဘာ
၁- ၂ ရက်နေ့များက မိုးဆက်တိုက် ရွာသွန်းခဲ့ပြီးနောက် မြန်မာနိုင်ငံ အလယ်ပိုင်းရှိ နတ်မောက်နှင့် မြို့သစ်မြို့တို့၏ အထက်ဘက်တွင် ရှိသော ဆဒ္ဒန်၊ ပုလင်း၊ စွန်ချောင်းနှင့် နတ်မောက် ရေကာတာများကို သက်ဆိုင် ရာတာဝန်ရှိသူများက ရေဖေါက်ချခဲ့ရသည်။ ရေကာတာများ အောက်ဘက်ရှိ တပ်ကုန်း၊ ထန်းရင်၊ မန်ကျီးကုန်းလေး၊ ပုလင်းနှင့် ပုလင်းပြားကြီး ကျေးရွာများ အပါအဝင် ရွာ ၁၅ ရွာကျော် ရေနစ်မြုတ်ခဲ့သလို ၎င်းရွာများက စိုက်ပျိုးထားသည့် စပါး၊ ပဲစင်းငုံ၊ ပဲနောက်နှင့်မြေပဲပင်များပါ ရေထဲနစ်မြုပ် ပျက်စီးကုန်သည်
Lwin Pwin

0 comments:

Post a Comment