ရန်ကုန်မြို့ရှိ ၀န်ကြီးများရုံး (အတွင်းဝန်ရုံး)အပါအ၀င် အရေးကြီး ရှေးဟောင်းအဆောက်အအုံများကို ဟိုတယ်အသွင်လုပ်ခွင့်မပြုပဲ ပြခန်းအနေဖြင့်သာ ပြသလုပ်ကိုင်ရန် ခွင့်ပြုမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ ၀န်ကြီးများရုံး(အတွင်းဝန်ရုံး)အား ဟိုတယ်အဖြစ် လုပ်ကိုင်ခွင့်ပြုမည့် သတင်းများအပေါ် မီဒီယာများ၏မေးမြန်းချက်ကို မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မတီ(MIC)၊ ဥက္ကဋ္ဌဦးစိုးသိန်းမှ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ပြခန်းအဖြစ်လုပ်ခွင့်ပြုသည် ဆိုသည့်တိုင်အောင် အကြိမ်ကြိမ် စဉ်းစားပြီးမှသာ ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ ယခင်က ရှေးဟောင်းအဆောက်အအုံ အချို့အားဖျက်ပစ်ခဲ့သည့်အတွက် ယခုအခါ လေ့လာရန် မကျန်ရှိတော့ကြောင်း၊ ယခုနောက်ပိုင်းတွင် အရေးကြီးသည့် ရှေးဟောင်း အဆောက်အအုံများကို ထိုသို့ အလုပ်ခံမည် မဟုတ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
Lwin Pwin

0 comments:

Post a Comment